NEWS

Universal Apparel စက်ရုံအကြီးအကဲများအတွက်ဆိုပြီး အလုပ်သမားတဦး ကျပ် နှစ်သောင်း အထိ ဖြတ်ယူ

CoverLogo
377 Views
 
ငွေပင်လယ်စက်မှုဇုန် က Universal Apparel Co,Ltd အထည်ချုပ်စက်ရုံမှာ စက်ရုံ CEO ကနေ လီတာ အထိ ရာထူးအဆက်ဆက်တွေရဲ့ မွေးနေ့ပွဲတွေ ပြုလုပ်ဖို့အတွက်ဆိုပြီး အလုပ်သမားတွေဆီက အတင်းအကျပ် ငွေကြေးကောက်ခံမှုတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေကမြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM)ကို ပြောဆို ပါတယ်။
“စက်ရုံမှာ CEO မွေးနေ့၊ စက်ရုံးမှူးမွေးနေ့၊ မန်နေဂျာမွေးနေ့၊ HR မွေးနေ့၊ အော်စူပါမွေးနေ့၊ စူပါမွေးနေ့၊ လီတာမွေးနေ့ ဒါတင်မဟုတ်ဘူး သတင်းကျွတ်မှာ စက်ရုံမှူးများ၊ အော်စူပါ၊ စူပါများ ကန့်တော့ဖို့ ဆိုပြီး လုပ်ခလစာတွေကနေ ဖြတ်နေတာ။ အခုလည်း သင်္ကြန်ပျော်ပွဲရွှင်ပွဲ တွက်ဆိုပြီး အလုပ်သမား တယောက်ကို ၃၀၀၀ ဆိုပြီး ကောက်တယ်။ ဒီလို ပွဲလမ်းတွေအတွက် ကောက်တာက လစဥ်၊ လတိုင်းပဲ ။ တခုမဟုတ် တခု လုပ်နေသလားတောင် ထင်ရတယ်။ CEO မွေးနေ့၊ စက်ရုံးမှူး မွေးနေ့အတွက်ဆိုရင် တယောက် ၂၀၀၀၀ အထိ ဖြတ်တယ်။ အလုပ်သမား ၁၀၀၀ ရှိတယ်ဆိုရင် သိန်း နှစ်ရာလောက်ရှိနေပြီ။ ဒါကြောင့်ထင်ပါတယ် အကြီးကဲတွေရဲ့ မွေးနေ့‌ဆို အမြဲ လုပ်ပေးနေရတယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံ အလုပ်သမားတွေရဲ့ တရက်လုပ်ခမှာ ဒေးကြေး ၇၀၀၀/ ၆၀၀၀ ၊ ရက်မှန်ကြေး ၃၀၀၀၀နဲ့ ကျမ်းကျင်ကြေး ၁၄၀၀၀/၁၃၀၀၀ အသီးသီး ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ တခြားစက်ရုံတွေထက် လုပ်ခလစာ နည်းပါးတာကြောင့် ပြီးခဲ့ ဖေဖော်ဝါရီလက အလုပ်သမားတဦးကို ကျပ် သုံးသိန်းကျော်ကျော် သာ ရရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် အမြဲတမ်းလိုလို ကျင်းပနေတဲ့ မွေးနေ့တွေ၊ ပျော်ပျော်ပွဲရွှင်ရွှင်ပွဲ နဲ့ ကန်တော့ပွဲအတွက် လုပ်ခလစာထဲကနေ ထည့်ဝင်နေရလို့ ခက်ခဲဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“လစဉ် ကောက်ခံနေတော့ အလုပ်သမားတွေလည်း မပေးနိုင်တော့ဘူး။ ဒါကို စက်ရုံ အကြံပေးစာ ထည့်တိုင်လည်း ဒီလို ကောက်တာက ရပ်မသွားဘူး။ စက်ရုံ မန်နေဂျာ၊ HR၊ အော်စူပါ၊ စူပါတွေ၊ လီတာတွေ ဆိုတာ လစာ အဆမတန် ရတဲ့သူတွေ။ အော်စူပါ၊ စူပါတွေ မျက်နှာရဖို့ သူတို့အတွက် မွေးနေ့လုပ်တာကို အလုပ်သမားတွေ ပေးနေရတာက နှစ်ချီပြီ နေပြီ။ မပေးဘူးပြောတဲ့ အလုပ်သမားတွေကို အငြိုးအတေးထားတယ်၊ ခေါ် ပြောတယ်တွေကို အော်စူပါ၊ စူပါတွေက လုပ်တယ်။
မွေးနေ့လုပ်သူတွေနဲ့ ကန်တော့ခံသူတွေရဲ့ လစာက တစ်ဝက်တောင် အလုပ်သမားတွေ ရတာမဟုတ်ဘူး။ ဆန္ဒ ရှိသလို့ ထည့်ချင် ထည့်မှာပေါ့။ အခုက ဓားပြအတိုက်ခံရသလို၊ မပေးလို့ မရဘူး။ ကြာလာတော့ မပေးနိုင်တော့ဘူး။ မွေးနေ့ဆိုတိုင်း ပိုက်ဆံပေးနေရတာ ပြန်ပြောရင်လည်း အငြိုးထားခံရဦးမယ်။” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
Universal Apparel Co,Ltd အထည်ချုပ်စက်ရုံက စက်ရုံသည် ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ငွေပင်လယ်စက်မှုဇုန်မှာ ရှိပြီး ကိုရီယား နိုင်ငံသားပိုင် စက်ရုံဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ အလုပ်သမား ၁၀၀၀ နီးပါးလုပ်ကိုင်နေပြီး MOORES, DUMRP, Dutmp အမှတ်တံဆိပ်အထည်တွေကို အမေရိကန်၊ ကနေဒါနဲ့ ကိုရီယားနိုင်ငံတွေကို တင်ပို့နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026