NEWS

True Green city စက်ရုံ အလုပ်သမား ရုံးတိုင်လို့ဆိုပြီး အလုပ်ထုတ်ခံရ

CoverLogo
612 Views
 
True Green City ကော်စေ့စက်ရုံက ကိုယ်ဝန်ဆောင်လုပ်သားတဦးကို အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့ သွေးစည်းညီညွတ်သော အလုပ်သမားများ အဖွဲ့ချုပ် STUM ဆီက သိရပါတယ်။ လုပ်သက် တစ်နှစ်ရှိ အမျိုးသမီး ကို ကိုယ်ဝန်ရှိလို့ဆိုပြီး မန်နေဂျာက အလုပ်ထွက်ဖို့ အတင်းအကျပ် လက်မှတ် ထိုးခိုင်းခဲ့တယ်လို့ ပြောပါတယ်။
 
"နင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆို၊ ကိုယ်ဝန်နဲ့ဆို စက်ရုံမှာထားလို့ မရဘူး။ ကိုယ်ဝန်ရှိတာကို ဘာလိုငါ့ကို မပြောတာလဲ နှုတ်ထွက်စာမှာ လက်မှတ်ထိုး"ဟု ပြောဆိုခဲ့တယ်လို့ ကာယကံရှင် အလုပ်သမားက ပြောဆိုထားပါတယ်။
 
ကိုယ်ဝန်ဆောင် အလုပ်သမားက ကိုယ်ဝန် တစ်လကျော်လောက်သာရှိတာမို့ စက်ရုံ တာဝန်တွေကို လုပ်ကိုင်ဖို့ လုပ်ကိုင်နိုင်တာကို ရှင်းပြပေမဲ့ စက်ရုံမန်နေဂျာက နုတ်ထွက်ဖို့ အတင်းကျပ် ထိုးခိုင်းခဲ့တာလို့ သိရပါတယ်။
 
အလုပ်သမားသမဂ္ဂက ညှိနှိုင်းပေးရာမှာ နေ့စားအလုပ်သမားအနေနဲ့ လုပ်ကိုင်ဖို့ စက်ရုံဘက်က ပြောဆိုခဲ့ပြီး ဇွန်လ ၁၉ ရက်မှာ သုံးလဝန်းကျင်ပဲ လုပ်ကိုင်ခွင့် ပြုမယ်ဆိုပြီး ထပ်မံပြောကြားခဲ့တယ်လို့ ပြောပါတယ်။
 
ဇွန် ၂၃ ရက်မှာတော့ အလုပ်သမားရုံးကို တိုင်ကြားလို့ ဆိုပြီး အလုပ်ကနေ ထုတ်ပယ်ခံရတာလို့ ကာယကံရှင် အလုပ်သမားကပြောဆိုထားပါတယ်။
True Green City Co., Ltd စက်ရုံက အလုပ်သမားသမဂ္ဂကို ဖြိုခွဲဖို့ကြိုးစာတာ၊ ဦးဆောင်သူတွေကို အလုပ်ထုတ်တာ တွေ လုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ လုပ်ခတိုးမြှင့်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တဲ့ စက်ရုံဖြစ်ပါတယ်။ စက်ရုံက ကော်စေ့ စက်ရုံဖြစ်ပြီး ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မဟာမြိုင်လမ်းမှာ ဖွင့်လှစ်ထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026