NEWS

TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ

CoverLogo
451 Views
 
TMA အထည်ချုပ် စက်ရုံက တစ်ကဒ်ကြေး နဲ့ ချုပ်လုပ်ရတဲ့ စက်ရုံဖြစ်ပေမဲ့ အဲ့ဒီ တစ်ကဒ် ဈေးနှုန်းတွေ ပွင့်လင်းမြင်သာစွာ ပြောပြ ခိုင်းစေတာ မရှိလို့ နစ်နာနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ တစ်ကဒ်ကြေးကို အောစူ ပါတွေကသတ်မှတ်ပြီးပေးနေတာ ဖြစ်ပြီး အထည်စံချိန်တောင်း ဆဲဆိုတာတွေပါ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဘယ်ပွိုင့်ချုပ်ရင် ဘယ်ဈေးနူန်းလည်းဆိုတာ အလုပ်သမားတွေမသိရပါဘူး၊ တခြားစက်ရုံတွေ မှာ ဈေးနှုန်းတွေကို ချက်ချင်းသိရတယ်။ တစ်ကဒ်ကြေးနည်းနည်း များများကြိုသိမှ စံချိန်ဘယ်လောက်ပေးရင် ပိုက်ဆံဘယ်လောက်ရလဲသိမှာပေါ့။ လစာထုတ်ရင် ဘာတွေရမှန်းမသိ၊ ဘာတွေ ဖြတ်ထားလဲ မသိဖြစ်နေတယ်။” လို့ ပြောပါတယ်။
 
တစ်ကဒ်ကြေးနဲ့ ချုပ်ရပေမဲ့ စက်ရုံဘက်က အထည်စံချိန်တောင်းပြီး အထည်စံချိန် မရပါက အမျိုးသားအော စူပါက အမျိုးသမီးတွေကို အော်ဟစ် ဆဲဆိုတာတွေ ပြုလုပ်ပြီး ပိတ်ရက် နားရက်တွေမှာပါ ဆန္ဒမပါဘဲ အချိန်ပို လုပ်ပေးရတယ်လို့အလုပ်သမားတွေက ပြောပါတယ်။
 
“‌ေ-ာက်နဲ့ နှိုင်းပြီးပြောတယ်။ စံချိန် မပြည့်ရင် အောလင်း၊ အောနိုက်ဆင်းရတယ်၊ တနင်္ဂနွေနေ့ နားရက်တွေလည်း ဆင်းရတယ်။ ဒါတွေကို ပထမအကြိမ် စက်ရုံသတင်းတွေပါလို့ အလုပ်သမားရုံးက လာစစ်တယ်။ ဒါပေမဲ့ ပိုဆိုးလာတယ်။ ဆက်ပြီး ဆဲနေတာ ။ အချိန်ပိုတွေလည်း ဆက်ခေါ်နေတာ။” လို့ ပြောပါတယ်။
 
စက်ရုံ အလုပ်ချိန်မှာ မနက် ၇နာရီခွဲကနေ ည၇အထိ အလုပ်ဆင်းရပြီး မနက်အလုပ်စချိန်မှာ ၅မိနစ် စောဝင်လို့ အလုပ်သမားတွေ မှာ အခက်အခဲတွေ ဖြစ်ရ တယ်လို့ ပြောပါတယ်။ စက်ရုံမှာ တပတ်လုံး အချိန်ပိုကို နာရီ ၂၀ ကျော် လုပ်ကိုင် ပေးရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“နေ့တိုင်း ည ၇နာရီ အထိ ဆင်းခိုင်းတယ်။ စနေ့နေ့မှာ ည ၆နာရီအထိ အချိန်ပိုအိုတီဆင်းနေရတယ်။ မနက် အလုပ်ချိန် ၇:၃၀ကို ၇:၂၅ အလုပ်ထဲအရောက်လာရတယ်။ ဖယ်ရီကား နောက်ကျလဲ အစာပြေ ပေးမစားဘူး၊ ဖယ်ရီက ကျပ်တယ်။ အဲ့ဒါကို သွားပြောတော့ အများနဲ့ အလုပ် လုပ်နေရတာလို့ အပြောခံရတယ်။ “ လို့ ပြောပါတယ်။
 
ည ၇ နာရီမှ အလုပ်ဆင်းတာက ၄လကျော် ရှိလာပြီဖြစ်ပြီး ညနက်လို့ နေအိမ်ပြန်ဖို့ အခက်အခဲတွေ ရှိနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေမှာ ဥပဒေပါ ခွင့်ရက်နဲ့ ခွင့်ခံစားခွင့်တွေ မရဘဲ အချိန်ပိုအိုတီတွေ မနားမနေရဆင်းရလို့ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမား အချိန်ပိုဆင်းရတာ များပြီး အလုပ် လုပ်နေရင်း မူးလဲတာတောင်မှ စက်ရုံက ဘာမှ တာဝန်မယူဘူး၊ ခဏခဏမူးလဲနေရင် အလုပ်နားလိုက်ဆိုပြီး အလုပ်က ထွက်ခိုင်းတယ်။ ရက်ပျက်တာနဲ့ တရက် ဒေးကြေး ၁၁၀၀၀ ၊ ရက်မှန်ကြေး ၄၀၀၀၀ အဖြတ်ခံရတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ ဆေးခန်းမရှိဘဲ အိမ်သာတွေမှာပါ cctvတပ်ဆင်ထားလို့ အမျိုးသမီး အလုပ်သမားတွေမှာ လုံခြုံမှု မရှိဖြစ်ရတာလို့ ပြောပါတယ်။ လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမား အများအပြားခိုင်းစေနေပြီး လစား အလုပ်သမားတွေနဲ့ အလုပ်တန်းတူလုပ်ကိုင်ရပြီး ဒေးကြေး ၆၈၀၀ သာ ရရှိတယ်လို့ သိရပါတယ်။ အလုပ်သမားတွေ တောင်းဆိုလိုတဲ့ အချက်တွေ တင်ပြနိုင်ဖို့ အကြံပြုစာပုံးတွေမရှိဘဲ ဂိတ် ပတ်စ်တောင်းတိုင်း အလုပ်ထွက်စာ တင်ခိုင်းနေတာလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
T,M,A Co,. Ltd အတည်ချုပ် စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပြီး သမဂ္ဂနဲ့ WCC အဖွဲ့တွေ ဖွဲ့စည်းထားတာ မရှိဘူးလို့ သိရပါတယ်။ စက်ရုံမှာ အလုပ်သမား ၅၀၀ ကျော် က Petit main အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။
 

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026