NEWS

Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ

CoverLogo
239 Views
 
လုပ်ခတိုးမြှင့်ပေးရေး စုစုပေါင်းတောင်းဆိုမှုပြုလုပ်စဉ် ထုတ်ပြန်ကြေညာမှု မပြုလုပ်ဘဲ စက်ရုံအမည်ဖြုတ် လျှိုဝှက်စွာ ပြောင်းရွှေ့ခဲ့တဲ့ Tha Shu အထည်ချုပ် စက်ရုံမှာ တောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-FGWM အဖွဲ့ဝင်တွေက ပြောပါတယ်။
 
“စက်ရုံကို Tha Shu ကနေ Titan Tree Myanmar Co.,Ltd အမည်ပြောင်းထားတယ်။ ပိုင်ရှင်ပါပြောင်းထားတာ။ မနက်ကြဖြေရှင်းပေးပါ့မယ်ဆိုပြီး ညကြီးမင်းကြီး ပစ္စည်းတွေရော ဆိုင်းပုဒ်တွေပါ ဖြုတ်ပြီး ပြောင်းသွားတာ၊ အလုပ်သမားတွေက ဆက်ပြီးတောင်းဆိုနေတာပေါ့.” လို့ ပြောပါတယ်။
 
Titan Tree Myanmar Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၂၊ ဆရာစံလမ်း မှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၄၀၀ ကျော် လုပ်ကိုင်နေတယ်လို့ FGWM တာဝန်ရှိသူတွေက ပြောပါတယ်။ အလုပ်သမား တောင်းဆိုမှုတွေက ဖေဖော်ဝါရီ ၁၉ ရက်မှာ စတင်ခဲ့ပြီး လုပ်ခလစာတိုးမြှင့်ပေးရေး အပါအဝင် ပိုင်ရှင် အပြောင်းအလဲကို တရားဝင်ကြေညာပေးဖို့ တောင်းဆိုခဲ့တာလို့ သိရပါတယ်။
 
“အလုပ်ရှင်ဘက် ညှိနှိုင်းမှုမလုပ်ဘဲ ဖေဖော်ဝါရီ ၂၀ ရက်မှာ Tha Shu ဆိုင်းပုဒ် ဖြုတ်ချခဲ့တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ ဥပဒေအရ စက်ရုံ ပိုင်ရှင် ပြောင်းလဲတဲ့ လုပ်ငန်းစဉ်မှာ ကုမ္ပဏီမှတ်ပုံတင်ဖို့ DICA ၊ ပိုင်ရှင် အပြောင်းလဲအတွက်နဲ့ ပို့ကုန်သွင်းကုန် လိုင်စင်တွေအတွက် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၊ အလုပ်သမားတွေရဲ့ EC စာချုပ် အပြောင်းအလဲအတွက် အလုပ်သမားဝန်ကြီးဌာနတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ HR မန်နေဂျာတဦးက ပြောပါတယ်။
 
“ပိုင်ရှင်ပြောင်းမယ်ဆို ရုံးကန္နားတွေ မသွားမီ လက်ရှိ အလုပ်သမား ဝန်ထမ်းတွေနဲ့ လုပ်သက်၊ ခံစားခွင်တွေ၊ အလုပ်သမားတွေကို ဆက်မခိုင်းချင်ရင် နစ်နာကြေး ကိစ္စတွေ အရင် ဆွေးနွေးဖို့လိုပါတယ်။ “ လို့ ပြောဆို ထားပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်ညမှာ တောင်းဆိုမှုတွေ ညှိနှိုင်းမပေးလို့ အလုပ်သမားတွေက ညအိပ်စောင့်ဆိုင်းဖို့ ပြင်ဆင်နေစဉ် စက်ရုံ တာဝန်ရှိသူတွေ ၊ မြိုန့ယ်အလုပ်သမားရုံးက ဝန်ထမ်းတွေ၊ စစ်သားတွေ စက်ရုံထဲ ဝင်လာပြီး ညအိပ်ခွင့် မပေးဘူးဆိုပြီး အတင်းပြန်ခိုင်းတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
“ အလုပ်သမား တောင်းဆိုချက်တွေ မညှိပေးပဲ စက်ရုံက ကွန်တိန်နာ ကားထွက်ဖို့ပဲ လုပ်နေတာ။ ညှိနှိုင်းပေးဖို့ စက်ရုံမှာပဲ အလုပ်သမားတွေ ညအိပ်မယ်လို့လုပ်တော့ အလုပ်သမားရုံးက ဝန်းထမ်းတွေနဲ့ စစ်သားတွေ ရောက်လာတာ။ အဲဒီထဲမှာ လူမိုက်တွေလဲ ပါတယ် ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ဖေဖော်ဝါရီ ၂၄ ရက်အထိ စက်ရုံဘက်က ညှိနှိုင်းမှုတွေ ပြုလုပ်မပေးဘဲ တောင်းဆိုမှုအားလုံးကို ငြင်းဆန်ထားတဲ့ အပြင် စက်ရုံရှေ့မှာပါ လူမိုက်တချို့ ဓါးကိုင် စောင့်ဆိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
“စက်ရုံဘက်က ၃ လပိုင်းမှ လစာတိုးပေးဖို့ရှိတယ်၊ လုပ်ငန်းခွင်ဝင်ကြဖို့ ပြောနေတယ်၊ ဒါပေမဲ့ တောင်းဆိုမှု ဆက်လုပ်ရင် ဒီနေ့ ကြိုပို့မပေးဘူး၊ တောင်းဆိုမှုကာလအတွက် ဒေးကြေး၊ ရက်မှန်ကြေးမပေးဘူး ဆိုပြီး ပြောတယ်။ အခုတော့ အလုပ်သမားတွေ ဆက်ပြီးတောင်းဆိုနေပါတယ်” လို့ အလုပ်သမားတဦးက ပြောဆိုထားပါတယ်။
 
လက်ရှိ အလုပ်သမားတွေတောင်ဆိုမှုပြုလုပ်နေတာ ဒီကနေ့ဆို ၆ ရက်မြောက်ရှိနေပြီး လက်ရှိ ဒေးကြေး ကျပ် ၁၁၀၀၀၊ အိုတီ ၁၉၅၀ နဲ့ ရက်မှန်ကြေး ကျပ် ၄၀၀၀၀ သာရရှိနေလို့ လုပ်ခလစာ အနည်းငယ်တိုးပေးဖို့တောင်းဆိုမှု ကို စက်ရုံဘက်က လိုက်လျှောမှု မရှိ ဖြစ်နေတာပါ။
 
စက်ရုံက ပိုလန်နိုင်ငံ အခြေစိုက် CDRL ကုမ္ပဏီပိုင် COCCODRILLO ၊ CHEEKY အမှတ်တံဆိပ်အထည်တွေကို လက်ရှိ ချုပ်လုပ်နေပါတယ်။
 

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026