NEWS

Tiktok Live တွင် အလုပ် ရှာပေးမည် ဆိုကာ မြန်မာအလုပ်သမား၆ ဦး ထံ မှ ဘတ်၅သောင်းကျော် လိမ်လည် သွားဟုဆို

CoverLogo
298 Views
 
ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ နွန်းလီစက္ကူစက်ရုံ မှာ အလုပ်သမားခေါ်ယူနေတယ်လို့ အမျိုးသမီးတစ်ဦးက Tiktok ကနေ Live လွှင့်ခဲ့တာကို အလုပ်လုပ် လိုတဲ့ မြန်မာအလုပ်သမား ၆ ဦး ကဆက်သွယ်ခဲ့တာ မှာ ဘတ် ၅သောင်းကျော် လိမ်လည်သွားတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီနေတဲ့ MHAC မဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။
 
အလုပ်အကိုင်ရှာဖွေနေတဲ့ မြန်မာအလုပ်သမား ၆ ဦးမှာ Tiktok ကနေ Live လွှင့်တဲ့ အမျိုးသ မီးရဲ့ ပြောဆိုမှုကို ယုံကြည်ပြီး သူမတို့ ပွဲစားအုပ်စုနဲ့ ဆက်သွယ်ကာ စမတ်ကြေး အဖြစ် ဘတ် (၅၂၂၀၀) ပေးအပ်ခဲ့တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။
 
၎င်း စမတ်ကြေးငွေတွေ ကို ရယူသွားပြီးနောက် မှာ ပွဲစား အမျိုးသမီး ၃ ဦးဟာ အလုပ်မသွင်းပေးဘဲ တစ်လကြာအောင် အမျိုးမျိုးလိမ်လည်ပြောဆိုနေတဲ့ အတွက် နစ်နာသူ အလုပ်သမား ၆ဦးက ပေးထားတဲ့ စမတ်ကြေးငွေများကို တောင်းခံရာ ပြန်မပေးသဖြင့်(M.H.A.C)မဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းခံလာတယ်လို့ သိရပါတယ်။
 
ယခု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး(M.H.A.C)မဟာမိတ်ရုံးအဖွဲ့မှ အချက်အလက်တွေ ကို စီစစ်ပြီးပါက အလုပ်သမား ၆ ဦးထံမှ အလုပ်သွင်းပေးမည်ဟုပြောဆိုကာ ငွေကြေးလိမ်လည်သွားတဲ့ ပွဲစား ၃ ဦး ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အမှုဖွင့်တိုင်ကြားသွားမယ်လို့သိရပါတယ်။

Related posts

Cover
မလေးရှား ဂျိုဟိုးပြည်နယ် တွင် အထောက်အထား မရှိသည့် မြန်မာလုပ်သား ၃၀၀ ခန့် အဖမ်းခံရ
Dec 18, 2025
Cover
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တစ်ရက် ထဲ မှာတင် အဖမ်းခံရသည့် မြန်မာလုပ်သား ၇၀ကျော်ရှိ
Dec 18, 2025
Cover
စာရွက်စာတမ်း အတု ဖြင့် လျော်ကြေးငွေ တောင်းခံ ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု ဗန်ကောက်ရှိ မြန်မာသံရုံး ထုတ်ပြန်
Dec 16, 2025
Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025