NEWS

Tianjin fashion Milestone အထည်ချုပ် အလုပ်သမားတောင်းဆိုမှု ၁၈ ရက်ကြာမြင့်ပေမဲ့ ပြေလည်မှုမရ

CoverLogo
470 Views
 
အလုပ်သမားဝန်ကြီး ရွေးကောက်ပွဲဝင်မဲ့ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က Tianjin fashion Milestone အထည်ချုပ်စက်ရုံမှာ အလုပ်သမားတောင်းဆိုမှု ၁၈ ရက်ကြာမြင့်လာပေမဲ့ ပြေလည်မှုမရဘူးလို့ သိရ ပါတယ်။ ဒီစက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ရွှေလင်ဗန်းစက်မူဇုန် ၊ဆိပ်ကမ်းသာလမ်းမှာ ရှိပြီး မြို့နယ်အတွက် ရွေးကောက်ပွဲက မနက်ဖြန် တနင်္ဂနွေနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
 
“ ရွေးကောက်ပွဲရှိလိုပဲ ၊ အလုပ်သမားရုံးက တကြိမ်တည်း လာညှိပေးတယ်။ နောက်ထပ် လာတာလည်း မတွေ့ရဘူး။ ၁၈ ရက်ရှိနေပြီ။ လစာတွေအတွက် အခက်ပဲ။ “ လို့ တောင်းဆိုမှုမှာပါဝင်သူ အလုပ်သမားတဦးက ပြောပါတယ်။
ရွေးကောက်ပွဲ မတိုင်မီတည်းက ကုန်ဈေးနှုန်းတွေ၊ အဆောင်လခတွေ မြင့်တက်လာပြီး အချိန်ပို လုပ်ကိုင် ရတာ မရှိတော့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ၄ လလောက် အချိန်ပိုတွေမလုပ်ရတော့ဘူး၊ ကုန်ဈေးနှုန်းတွေက တက်၊ ဈေးမသွားရဲအောင်ပဲ။ နေဖို့ အဆောင်ကလည်း အခန်းခက ထပ်တိုးတောင်းလို့ ပေးရတယ်။ ဒါနဲ့ ဒေးကြေး တစ်ထောင် တိုးပေးဖို့ တောင်းခဲ့တာ” လို့ ပြောပါတယ်။
 
Tianjin fashion Milestone အထည်ချုပ်အလုပ်သမားတွေက တောင်းဆိုချက် ၁၀ ချက်တောင်းဆိုထားပြီး စက်ရုံဘက် ဒေးကြေး ကျပ် ၅၀၀ သာ တိုးပေးခဲ့လို့ အဆင်မပြေဖြစ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဒေးကြေး ၅၀၀ ပဲ တိုးပေးတာက တကြောင်း၊ ထောင်းဆိုမှုလုပ်တဲ့ရက်တွေကို လစာ တစ်သိန်းနှစ်သောင်း ပဲ ပေးမယ်ပြောတော့ ပြောလည်ဖို့ ခက်နေတာ။” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်၊ တောင်းဆိုမှုကို စက်လိုင်း၊ မီးပူ၊ ပိတ်ဖြတ်၊ Finishing ဌာနတွေက အလုပ်သမား ၇၀၀ ဝန်းကျင်ပါဝင် ခဲ့ပေမဲ့ လက်ရှိ ၄၀၀ ဝန်းကျင်က တောင်းဆိုမှုတွေ ဆက်လုပ်ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စတုန်းကများတယ်၊ ရက်ကြာ အောစူပါ၊ စူပါတွေက ခြိမ်းခြောက် ပြန်ခေါ်တာတွေရှိတယ်၊ အလုပ်သမား တွေလည်း လစာခက်ခဲတာလည်းရှိတယ်၊ တချို့လည်း အလုပ်က ထွက်သွားကြတယ်၊ ” လို့ အလုပ်သမား တွေက ပြောပါတယ်။
တောင်းဆိုမှု ရက်ကြာမြင့်လာလို့ ဆန္ဒပြ အလုပ်သမားတွေနဲ့ လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေကြား ပွတ်တိုက်မှုတွေများလာပြီး အန္တရာယ်ရှိတဲ့ အခြေအနေတွေ ရှိနေတယ်လို့လည်း အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
“တနေ့က cutting က အောစူပါက ဆန္ဒအလုပ်သမားတွေကို အထဲကနေ ပြောဆိုတယ်။ ဒီဘက်ကလည်း ပြန်တုန့်ပြန်တာမျိုး ရှိတယ်။ ဒါက ဆန္ဒပြတဲ့ တလျှောက်လုံး ဖြစ်တာ။ တောင်းဆိုမှု မပြေလည်လို့ ဒီထက်ကြာရင် အလုပ်သမား အချင်းချင်း ပြဿနာတွေ ရှိလာတော့မှာ “ လို့ ပြောပါတယ်။
 
အလုပ်သမားတွေရဲ့တောင်းဆိုမှုတွေကို ညှိနှိုင်းဆောင်ရွက်မှုတွေ မရှိပေမဲ့ စက်ရုံဘက် အလုပ်သမားအသစ်တွေ ခန့်ပြီး လုပ်ငန်းလည်ပတ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
Tianjin fashion Milestone အထည်ချုပ် စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026