NEWS

Tianjin Fashion Milestone လုပ်သားများအား အထည် ထမ်းတင်ခိုင်း_

CoverLogo
558 Views
 
Tianjin Fashion Milestone စက်ရုံက အထည်တွေကို အပေါ်ထပ်ဆီ ထမ်းတင် ထမ်းချတာတွေ လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ A ရုံနဲ့ B ရုံ ဆိုပြီး နှစ်ရုံ ဖြစ်ပြီး နှစ်ထပ်ရုံတွေ ဖြစ်တယ်လို့ သိရပါတယ်။
“Aရုံမှာက ဓာတ်လှေကားရှိတယ်။ Bရုံ မှာ ကမရှိပါဘူး ။ ထမ်းချထမ်းတက်လုပ်ရပါတယ်။အမျိုးသားတွေ နေတိုင်း လုပ်နေရတာ။ တခါတလေအမျိုးသမီးတွေလည်း လုပ်ရတယ်။
 
အလုပ်ကြမ်းသမားတွေလို အင်းအားနဲ့ထမ်းတင်ထမ်းချက နေတိုင်းပဲ လုပ်နေရတာပါ။” လို့ ပြောပါတယ်။
HR ဌာနကို တင်ပြပေမဲ့ နေရာကျဉ်းလို့ဆိုပြီး စီစဉ်ပေးတာ မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
ထမ်းတင် ပေးရတာက အထည်တွေ ဖြစ်ပေမဲ့ မတော်တဆ ဖြစ်ပွားပါက နစ်နာမှုတွေ ရှိမှာကို စိုးရိမ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ခြေချော်ပြီးတခုခုဖြစ်ခဲ့ရင် အလုပ်သမားတွေပဲ နစ်နာရမှာ။ မချုပ်ရသေးတာတွေကိုထမ်းတင်ရတယ် ။ စက်လိုင်းကချုပ်ပြီးသားအထည်တွေကို ပြန်ထမ်းချရတယ်။ မိန်းကလေးတွေလည်း QC အလုပ်နဲ့ဝင်ပြီး၊ အထည်မစစ်ရဘဲ အထုတ်ဆွဲခိုင်း၊ လှည်းတွေ တွန်းခိုင်းပါတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Finshin ဋ္ဌာနက အလုပ်သမား အမျိုးသမီးနဲ့ အမျိုးသားတွေကို လုပ်ကိုင်ခိုင်းနေတာလို့ သိရပါတယ်။ တနင်္ဂနွေ အချိန်ပို အတင်းအကျပ်ဆင်းခိုင်းပြီး အထည်စံချိန်ကို စက်လိုင်း စူပါတွေက ဆဲဆိုပြီးတောင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ တနင်္ဂနွေဆိုလည်း အချိန်ပိုအတင်းကို ဆင်းခိုင်းတာ၊ အလုပ်မားတွေကို ခြိမ်းခြောက်ပြီးပြောတော့ ကြောက်လို့ ဆင်းပေးရတယ်၊ အထည်စံချိန်တွေ မတရားတောင်းတယ်၊ မရရင်တာနဲ့ ဆဲတာပဲ။ အထည်ပြည့်တော့ ဆုကြေး မပေးဘူး။ လူဦးရေနဲ့ တောင်းတာ၊ တဦးကို တစ်နာရီ ၁၀ ထည်မပြည့်လို့ဆိုပြီး မပေးပြန်ဘူး။ အလုပ်သမားတွေ အတွက် စက်ရုံက ပြည့်စုံတာလည်း မဟုတ်ဘူး” လို့ ပြောပါတယ်။
 
စက်ရုံမှာ လုပ်သား ၁၄၀၀ ကျော် ရှိပေမဲ့ သန့်စင်ခန်း ၁၀ လုံးကျော်ကလည်း အမြဲ ညစ်ပတ်ပြီး လုံခြုံမှုမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အရေးပေါ်သုံး ဆေးပစ္စည်းတွေကလည်း မရတာက များနေတယ်လို့ ပြောပါတယ်။
 
“အောတစ်(စစ်ဆေးရေး) ရှိမှ သူနာပြုက ဆေးပုံးတွေ လိုက်ထည့်တာ။ သူနာပြုရှိလည်း ဆေးတောင်းရင် မပေးချင်ပေးချင်နဲ့ပေးတယ်။ ဆေးက ကုန်နေတာကများတယ်။ Aရုံ ပေါ်မှာ အိမ်သာက သုံးလုံး၊ အောက်မှ လေးလုံး၊ Bရုံမှာ အမျိုးသား အိမ်သာ ၅ လုံး ပဲရှိတာ။ အမြဲ နံစော်နေတော့တာ။” လို့ ပြောပါတယ်။
 
Tianjin Fashion Milestone အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းမှာ ရှိတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026