NEWS

Tianjin Fashion Milestone စက်ရုံလုပ်ငန်းခွင်မှာ ခွင့်ပြုချက်မရှိဘဲ အလုပ်သမားဖုန်းတွေသိမ်းဆည်းထားကာ အထည်စံချိန်အလွန်အကျွံတောင်းခံ ဖိအားပေးခိုင်းစေနေဟုဆို

CoverLogo
879 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာဖွင့်လှစ်ထားတဲ့   Tianjin Fashion Milestone Garment အထည်ချုပ်စက်ရုံမှာ ခွင့်ပြုချက်မရှိဘဲ အလုပ်သမားတွေရဲ့ ဖုန်းတွေကို ဖိအားပေးပြီး သိမ်းဆည်းထားတာ လုပ်ငန်းခွင်အတွင်း အထည်စံချိန်အလွန်အကျွံတောင်းခံတာ ECစာချုပ် နှင့်အညီ လုပ်ဆောင်ခြင်းမရှိဘဲ တဖက်သတ်စည်းကမ်းချက်များချမှတ်ပြီး ဖိအားပေးခိုင်းစေတာတွေနဲ့ ကျူးလွန်နေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားပေမဲ့ အလုပ်သမားအငြင်းပွားမှုတွေကို ဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါစက်ရုံမှာအလုပ်သမားအင်အား ၁၄၀၀ ကျော်နဲ့ Sinsay အမှတ်တံဆိပ် အနွေးထည်အင်္ကျီ၊ ဘောင်းဘီ၊ ဂါဝန်ထည်များချုပ်လုပ်နေတာလို့ သိရပါတယ်။

"ချိုးဖောက်မှုအနေနဲ့ ပြောရမယ်ဆိုရင် စက်ရုံက ဝန်းထဲမှာ အေရုံနဲ့ ဘီရုံဆိုပြီး ဖွင့်ထားတာ ၂ ရုံပေါင်းရင် အလုပ်သမား ၁၄၀၀ ကျော်ရှိတယ် လုပ်ငန်းခွင်အခက်အခဲတွေအကုန်လုံးကတော့ အတူတူပဲ အလုပ်ချိန်က မနက် ၇ ခွဲကနေ ည ၈ နာရီအထိ အိုတီပါတယ်ပေါ့နော် အိုတီမဆင်းခင်လည်းအလုပ်သမားတွေကို နားချိန်ပေးဘဲ ဆက်တိုက်ခိုင်းတာပါ အပြန်ကျရင်လည်း ဖယ်ရီက လူတအားများတော့ ကျပ်ညပ်ပြီးတွယ်စီးရတာ အဆင်မပြေလို့ သွားပြောလဲ ဘာမှလုပ်မပေးဘူး အထည်စံချိန်တွေတောင်းတာကတော့ အရင်က တစ်နာရီကို ၂၃ ထည်လောက်ချုပ်ရတဲ့အထည်ကို အခု တစ်နာရီကို အထည် ၅၀ တောင်းပါတယ် အရမ်းများလို့ ရေမသောက် အိမ်သာမသွားဘဲ ချုပ်ရင်တောင်မပြည့်ဘူး စံချိန်မပြည့်ရင် အောစူပါ စူပါတွေက နားမခံသာအောင်အော်ဟစ်ဆဲဆိုတယ်"လို့ အလုပ်သမားကပြောပါတယ်။

အထည်စံချိန်အလွန်အကျွံတောင်းခံမှု ဖိအားပေးဆဲဆိုခိုင်းစေမှုတွေအပြင် နေ့ခင်းထမင်းစားနားချိန် မိနစ် ၃၀ မှာ ၁၀ မိနစ်သာ ထမင်းစားရပြီး စံချိန်ပြည့်မီအောင် ချုပ်လုပ်ရန်ခိုင်းစေတာတွေ ပြုလုပ်နေတာလို့လည်းအလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ တရုတ်နိုင်ငံသားတွေက တိုက်ရိုက်အုပ်ချုပ်ပြီး အော်ဟစ်ပြောဆို ခိုင်းစေခြင်း အသက်မပြည့်သေးတဲ့ လူရွယ်အလုပ်သမာတွေကို အရွယ်ရောက်လုပ်သားများနှင့်တန်းတူခိုင်းစေတာတွေလည်း ပြုလုပ်လျှက်ရှိတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်ရှင်အလုပ်သမားနှစ်ဦးသဘောတူ ECစာချုပ်ချုပ်ဆိုထားသော်လည်း လုပ်ငန်းခွင်ထဲတွင် EC စာချုပ်ပါ အတိုင်းလုပ်ဆောင်ခြင်းမရှိဘဲ  စက်ရုံမန်နေဂျာနှင့် အော်တစ် ( audit) လာစစ်လျှင်တာဝန်ယူရသော မန်နေဂျာမြန်မာလူ မျိုးနှစ်ဦးတို့မှာ အလုပ်သမားညွှန်ကြားရေးဦးစီဌာနမှ နောက်ထပ်စည်းကမ်းချက်အသစ်များကို ထုတ်လို့ရ သည့်ဟုပြောလိုက်သောကြောင့် အလုပ်သမားတွေနဲ့ ဆွေးနွေးအသိပေးတာမျိုးမရှိဘဲ လုပ်ငန်းခွင်ထဲတွင်နောက်ထပ်စည်းကမ်းချက်များကို ထုတ်ပြန်လိုက်ပြီး အကြောင်းပြချက်မပေးဘဲ ဝမ်တိမ်ထိုးခိုင်းတာ အလုပ်မှချက်ချင်းထုတ်ပယ်တာ ဥပဒေမဲ့ပြုလုပ်နေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ ဆေးခန်းမှာ ဆေးမရှိဘူး ဆေးတောင်းရင် ကောင်းကောင်းမွန်မွန်ပြောဘူး ထမင်းစားရင်ထိုင်ခုံမလောက်တာ အိမ်သာသွားတာနည်းနည်းကြာရင် အိမ်သာရှေ့မှာတရားခံစစ်နည်းစစ်တာ ပြီးတော့ အလုပ်သမားတွေရဲ့ ဖုန်းတွေကို ခွင့်ပြုချက်မရှိဘဲ အတင်းအကျပ် ဖိအားပေးပြီးသိမ်းတယ် အလုပ်ထဲ ထိခိုက်ဒဏ်ရာရခဲ့ရင် တာဝန်ယူမှုတာဝန်ခံမှုမရှိဘူး အလုပ်သမားတွေကို ခိုင်းတော့ကျ အတင်းအကျပ် ဆူဆဲ အော်ဟစ်ပြီးခိုင်းတာ ဖြေရှင်းပေးစေချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့ အလုပ်ရှင်မှ လုပ်ငန်းခွင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ECစာချုပ်အတိုင်းလုပ်ဆောင်ရန်နှင့် မလိုလားအပ်သောစည်းကမ်းများ တဖက်သတ်ထုတ်ပြီး အလုပ်ထုတ်ခြင်း ဝမ်တိမ်ထိုးခိုင်းခြင်းမပြုရန် အထည်စံချိန်တောင်းခံရမှာ အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်တာကိုသာတောင်းခံရန် ထမင်းစားနားချိန် အပြည့်အဝပေးရန် ထမင်စားခုံများအလုံအလောက်စီစဉ်ပေးရန် တရုတ်နိုင်ငံသားများမှ တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုရန်နဲ့ အော်ဟစ်ဆဲဆိုခြင်းမပြုရန် ဖယ်ရီကားများ ကြပ်တည်းစွာ စီးရခြင်းကို ဖြေရှင်းပေးရန် နဲ့ လုပ်ငန်းခွင်ဆေးပေးခန်းတွင် လိုအပ်သောဆေးများထားရှိပေးရန် စတဲ့အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့အလုပ်သမားတွေကပြောဆိုပါတယ်။

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026