NEWS

Tianjin Fashion Milestone စက်ရုံ အိမ်သာဝင်သည့် အလုပ်သမားများအား ဓာတ်ပုံရိုက်ခိုင်းပြီး တရားခံသဖွယ် စစ်ဆေးနေ

CoverLogo
975 Views
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းက Tianjin Fashion Milestone အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း အိမ်သာသွားတဲ့ အလုပ်သမား အမျိုးသမီး အမျိုးသားတွေကို ဓာတ်ပုံ ရိုက်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“လုံခြုံရေးဝန်ထမ်းတွေကို အိမ်သာထဲထိ ဝင်ပြီး ဓာတ်ပုံ ရိုက်ခိုင်းတာ၊ မနက်အလုပ်ဝင်တာနဲ့ အလုပ်သမား တွေကို တရားခံစစ်သလို စစ်ဆေးတယ်။ EC စာချုပ်ထဲ မပါတဲ့ စည်းကမ်းတွေထုတ်ပြီး အလုပ်သမားတွေ ကို မျိုးစုံဖိနှိပ်နေတာပါ” လို့ ပြောပါတယ်။
စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်က Sinsay , VERO MODA တံဆိပ်ကိုချုပ်လုပ်နေပြီး တရုတ် နိုင်ငံသား ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ HR မန်နေဂျာ ခန့်အပ်ထားတာမရှိဘဲ GM နဲ့ COC က စက်ရုံ အလုပ်သမားတွေအပေါ် နည်းမျိုးစုံ နဲ့ အနိုင်ကျင့် ဖိနှိပ်အုပ်ချုပ်နေတယ်လို့ အလုပ်သမားက ပြောပါတယ်။ အလုပ်သမားတွေ မလုပ်နိုင်တဲ့ အထည်စံချိန်တွေ တောင်းဆာ၊ စံချိန်ကိုမပေးနိုင်ပါ ကျွမ်းကျင်အဆင့်လျှော့ ချတာ ၊ နောက်နေ့ အလုပ်လာ မဆင်းနဲ့ဆိုပြီး ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“အခုက နိုင်ငံရေးအခြေအနေကလဲမကောင်းဘူး ။စက်ရုံက အိုတီ အတင်းအကျပ် ဆင်းခိုင်နေတယ် ။ အိုတီ မဆင်းဘူးဆိုလည်း နောက်လတွေပါ မဆင်းရဘူးလို့ ခြိမ်းခြောက်တယ်။ အိုတီက ည ၇ နာရီထိ ၊ WCC အဖွဲ့ဝင်လည်းလဲ ဘာမှမတက်နိုင်ဘူး။ သူတို့ပြောတာကိုလဲ စက်ရုံဘက်က လက်မခံဘူး။” လို့ ပြောပါတယ်။
လုပ်ငန်းခွင်အတွင်း စက်လိုင်းစူပါနဲ့ လီဒါတွေက ဆဲဆိုခိုင်းစေတာကိုလည်း GM ဆိုသူက သေချာ မဖြေရှင်း ဘဲ မတရား နို့တစ်ပေး ခြိမ်းခြောက်တာတွေ ပြုလုပ်တယ်လို့ Tianjin Fashion Milestone အထည်ချုပ် စက်ရုံ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026