NEWS

Tianjin Fashion Milestone စက်ရုံ အချိန်ပို မဆင်းပေးသည့် အလုပ်သမားများအား ဖယ်ရီမပေးလို့ လုပ်သား ၃၀၀ ခန့် လမ်းလျှောက်ပြန်ရ

CoverLogo
890 Views
Tianjin Fashion Milestone အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေက ကလေးလုပ်သားတွေအပါအဝင် စက်ရုံ အလုပ်သမားတွေကို အချိန်ပို အတင်းအကျပ်ဆင်းခိုင်းပြီး၊ မဆင်းတဲ့ အလုပ်သမားတွေကို ဖယ်ရီစီစဉ် မပေးတာကြောင့် လမ်းလျှောက်ပြန်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ညီမတို့ အတော်လေး ဒုက္ခရောက်တယ်၊ တချို့ဆိုအဝေးကြီးကိုပြန်ကြရတာ လမ်းစရိတ်မရှိတော့ လမ်းလျှောက် ပြန်ကြရတယ်၊ လမ်းမှာတခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ စက်ရုံကအတော်လေးကို လူမဆန် ဘူး ။’’လို့ ကာယံရှင် အမျိုးသမီး အလုပ်သမားတဦး ပြောပါတယ်။
 
ရန်ကုန်မြို့မှာ အလုပ်သမားတွေ အလုပ်ပြန်ချိန် နောက်ကျလို့ ပေါ်တာဆွဲခံရတယ်ဆိုတဲ့ သတင်းတွေလည်း လက်ရှိ ပျံ့နှံနေလို့ Tianjin Fashion Milestone စက်ရုံအလုပ်သမားတွေ အချိန်ပိုဆင်းဖို့ စိုးရိမ်မှုတွေ ရှိနေ တယ်လို့လည်း သိရပါတယ်။
“အခု စက်ရုံက နိုင်ငံရေးအခြေအနေကလဲမကောင်းတာကို သိရဲ့သားနဲ့ အိုတီကို အတင်းအကျပ် ဆင်းခိုင်း နေတယ်။ အိုတီမဆင်းပေးတဲ့ အလုပ်သမားတွေကို ကြိုပို့ဖယ်ရီစီစဉ်မပေးနိုင်ဘူးဆိုပြီး မနေ့(ဖေဖော်ဝါရီ ၂၇) က အလုပ်သမား ၃၀၀ ကျော် ၄၀၀ ကို ဒီအတိုင်းပြန်လွှတ်လိုက်တယ်’’လို့ အလုပ်သမားတွေက ပြောပါ တယ်။
 
စက်ရုံဘက်က အချိန်ပိုကို ည ၇ နာရီထိ လုပ်ကိုင်ခိုင်းတာဖြစ်ပေမဲ့ မုန့်စားချိန် နာရီဝက်အတွက်ဆိုပြီး ၇ ခွဲ အထိ ဆင်းပေးရတာဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါကြောင့် ကြိုပို့ ကားထွက်တာနဲ့ဆို ၈ နာရီဝန်းကျင်မှာ စက်ရုံက ထွက်လို့ နေအိမ်ဝေးတဲ့ အလုပ်သမားတွေဆိုရင် ည ၉နာရီကျော်မှ အိမ်ပြန် ရောက် တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံပိုင်ရှင်တွေကတော့ သိလား ၊မသိလားတော့ မသိဘူး ။ ဒီနေ့(ဖေဖော်ဝါရီ ၂၈) ဆို စက်လိုင်းထဲက မန်နေဂျာ ဒေါ်မြမြထွေး မနေ့(ဖေဖော်ဝါရီ ၂၇)က အိုတီမဆင်းနိုင်တဲ့အလုပ်သမားတွေ ခေါ်ဆူနေတာကို တွေ့ရတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့လတွေက အချိန်ပိုမရှိပေမဲ့ လက်မှတ်ထိုးပေးထားရပြီး အခုလမှာ နိုင်ငံရေးအခြေအနေတွေနဲ့ အချိန်ပို ဆင်းဖို့ ငြင်းဆိုတဲ့ အလုပ်သမားတွေကို အရင်လတွေက ထိုးပေးထားတဲ့ လက်မှတ်တွေနဲ့ စူပါတွေက ဖိအားပေးခြိမ်းခြောက် လုပ်ကိုင်ခိုင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
Tianjin Fashion Milestone အထည်ချုပ်စက်ရုံက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာဖွင့်ထားပြီး အလုပ်သမားဦးရေ ၁၀၀၀ ကျော်နဲ့ Sinsay , VERO MODA တံဆိပ်ကို ချုပ်လုပ်နေတယ်လို့ သိထားရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026