NEWS

Tianjin Fashion Milestone စက်ရုံမှူး အထည် ဆုကြေးမပေးဘဲ ခြိမ်းခြောက်ခိုင်းစေ

CoverLogo
356 Views
 
Tianjin Fashion Milestone စက်ရုံမှူးက အထည်စံချိန် ချုပ်ပေးလို့ ပြည့်ပါက ဆုကြေးပေးမယ်လို့ ပြောဆိုခဲ့ပြီး သတ်မှတ်အထည်တွေ ပြီးစီးခဲ့ရာမှာတော့ ဆုကြေးမပေးဘဲ ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမှူးက အထည် စံချိန်ရရင် ဆုကြေးပေးမယ်ဆိုပြီး ပြောပြီးချုပ်ခိုင်းတယ်။အထည်စံချိန်လည်း ရရော ဆုကြေးကို စက်ရုံမှူးက မပေးနိုင်ဘူးဆိုပြီး ပြောတယ်။WCC လည်းတိုင်တယ်။ HR ဌာနကို ပြောတော့လည်း ဖြေရှင်းမပေးဘူး။ “ လို့ ပြောပါတယ်။
 
အတည်စံချိန််မရလို့ အောစူပါနဲ့ မန်နေဂျာက ဆဲဆိုကြိမ်းမောင်းတဲ့ အပြင် အထည်စံချိန်ရလို့ စက်ရုံမှူးက ကတိအတိုင်း ဆုကြေးမပေးတာကို WCC ကို တိုင်တန်းခဲ့ပေမဲ့ ဖြေရှင်းမပေးခဲ့ပဲ အလုပ်သမားတွေမှာ ထပ်မံခြိမ်းခြောက်ခံခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“WCC ကို တိုင်လို့လဲ မထူးဘူး။ နင်တို့ထက်တိုင်ရင် နင်တို့ကို ဂရိတ်ချမယ်၊ ပိုက်ဆံ ဖြတ်မယ်လို့လည်း ခြိမ်းခြောက် ခဲ့တယ်။ စူပါတွေကို လီတာပြန်လုပ်ခိုင်းမယ် ပြောတယ်။ အလုပ်သမားတွေကို ဂရိတ်ချပြီး လုပ်ခလစာ ဖြတ်တာ။” လို့ ပြောပါတယ်။
 
WCC အဖွဲကလည်း စက်ရုံဘက်က လာဘ်ယူပြီး အလုပ်သမားတွေကို ဖိအားပေးခြိမ်းခြောက်တာတွေ ပြုလုပ်နေ တယ်လို့ ဆက်ပြောပါတယ်။
 
“WCC တွေကို အစည်းအဝေးလုပ်မယ် ပြောပြီး အပြန််မှာ ပိုက်ဆံတွေ ပေးတာကို တွေ့တယ်။ “ လို့ ပြောပါတယ်။
အချိန်ပို Ot တွေကို အတင်းအကျပ် ခေါ်ခိုင်းပြီး မဆင်းတဲ့ အလုပ်သမားတွေကို အငြိုးထား ဆက်ဆံပြီး ဂရိတ်ချမယ်လို့ ခေါင်းဆောင်တွေက ခြိမ်းခြောက်ခဲ့တယ်လို့ ပြောဆိုပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၄ ၊ ဖေဖော်ဝါရီလမှာ Tianjin Fashion Milestone စက်ရုံမန်နေဂျာက အချိန်ပိုမဆင်းသူတွေကို ကြိုပို့ယာဉ် စီစဉ်မပေးနိုင်ဘူးဆိုလို့ အလုပ်သမား ၃၀၀ ကျော်က နေအိမ်ကို လမ်းလျှောက်ပြန်ခဲ့ရပါတယ်။ ၂၀၂၅ ၊ မေလထဲမှာ ရက်တွက်ဒေးကြေးနဲ့ အချိန်ပိုကြေးတွေ တိုးမြှင့်ပေးဖို့ကို လုပ်ငန်းခွင်ထဲမှာပဲ စက်ရုံအလုပ်သမား တွေက တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
 
စက်ရုံက ရန်ကုန်တိုင်း၊ လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းမှာ ရှိပြီး VERO MODA , Colin’s, LCWaikiki , LCW MODEST, Arnold Palmer တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026