Tianjin Fashion Mileston Co.,Ltd စက်ရုံက ဆန္ဒပြတောင်းဆိုမှုမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတွေကို ဆဲဆို ခွဲခြား ဆက်ဆံ ဖိနှိပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ Tianjin Fashion Mileston အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စက်ရုံလုပ်သာား တစ်ဝက်ကျော်ပါဝင် တောင်းဆိုမှု ရက်ကြာရှည် ဖြစ်ပွားခဲ့ပါတယ်။
“ဆန္ဒပြတုန်းကပါဝင်သော အလုပ်သမားတွေကို စံချိန်ပိုတောင်းတယ် ၊ သီသန့်ကြီး ဆဲခံရတာ၊ နေမကောင်းလို ဖြစ်ဖြစ် အရေးကြီးလို့ ဖြစ်ဖြစ် ဂိတ်ပတ်စ် တစ်နာရီလောက်တောင်း ပြန်မယ်ဆိုရင်တောင် အလုပ်ထဲ ပြန်အဝင်မခံတော့ဘူး။ ပြန်မလာမှ ဂိတ်ပတ်ပေးတယ်” လို့ ဆန္ဒပြ အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံဘက်က အလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့အထိ အထည်စံချိန်ကို ဆဲဆိုတောင်းခံနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အထည်စံချိန်ကို တောင်းရင် ေ-ာက်နဲ့ နှိုင်း ခိုင်းတယ် ၊ အဲလို ဆဲဆိုပြီး ခိုင်းတာကို သိပေမဲ့ မသိ သလို နေတယ်။ ဘာဖြစ်ဖြစ် ဖြေရှင်းမပေးဘူး။ မန်နေဂျာဆိုသူတွေက အလုပ်သမားတွေရဲ့ အမှားစောင့်နေတယ်။ ဒါက ဆန္ဒပြထား အလုပ်သမားတွေကို ဦးတည်နေတာ” လို့ ပြောပါတယ်။
လိုင်းခေါင်းဆောင်တွေရဲ့ ဆဲဆို စံချိန်တောင်းမှုတွေကို အရေးမယူပေမဲ့ အလုပ်သမားများ အချင်းချင်း ဆဲဆို စကားပြောမိရင်တော့ ဝမ်တိန်ထိုးခိုင်းပြီး အလုပ်က ထုတ်ပယ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ် ဆေးခန်းမှာ ဆေးမရှိလို့သွားပြောလဲ ဘာမှ မလုပ်ပေးဘူး။ ခွင့်ဆို ဘာခွင့်မှ မရတာ။ ဆေးခွင့်လည်း မရဘူး။ ပြီးရင် ရက်ပျက်တယ်ဆိုပြီး ဒေးကြေး၊ ရက်မှန်ကြေး ဖြတ်တယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
ရက် တရက်ပျက်လို့ ဒေးကြေး ၁၀၅၀၀ နဲ့ ရက်မှန်ကြေး ကျပ် ၂၀၀၀၀ ဝန်းကျင် ဖြတ်တောက်ခံရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ထဲက တချို့ မန်နေဂျာတွေက ကိုယ်ထိလက်ရောက် ပြုမူတာတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“Finishing က အမျိုးသား မန်နေဂျာ အလုပ်သမားတချို့ကို နောက်သလို ပြောင်သလိုနဲ့ ဖိနပ်နဲ့ ရိုက်တာတွေ ရှိတယ်” လို့ ပြောပါတယ်။
Tianjin Fashion Mileston Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ဆိပ်ကမ်းသာလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိရပါတယ်။ အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေပြီး လက်ရှိ Sinsay တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။









