NEWS

Tia Hong အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ ရှိနေဟုဆို

CoverLogo
461 Views
 
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်က တိုင်ဟုန် (Tia Hong) အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေရဲ့ လွတ်လပ်ခွင့်တွေ ချိုးဖောက်ခံနေရပြီး ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ Cutting Leader အမျိုးသားက အလုပ်သမားတွေကို ဓာတ်ပုံရိုက်ယူတာတွေ ပြုလုပ်နေလို့ အလုပ်သမားတွေမှာ လုပ်ငန်းခွင်အတွင်း နေထိုင်ရခက်ခဲမှုများ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
 
"အိမ်သာသွားလည်း ဓာတ်ပုံရိုက်တယ်၊ အလုပ်လုပ်ရလွန်းလို့ ခဏလေးထိုင်မိရင်တောင် ဓာတ်ပုံရိုက်တယ်။ ဥပဒေအရ ခွင့်ယူရင်တောင် ဌာနပြောင်းမယ်လို့ မီတင်လုပ်တုန်းမှာ ပြောသေးတယ်" ဟု အမည်မဖော်လိုသူ အလုပ်သမားတစ်ဦးက ပြောသည်။
 
ဒါ့အပြင် လုပ်သားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပို ခိုင်းစေတဲ့အပြင် လုပ်သား "ကောင်တွေ၊ ကောင်မတွေ" ဆိုပြီး အလုပ်သမားတွေကို ပြောဆိုတယ်လို့ ဆက်ပြောပါတယ်။
 
Cutting Leader အမျိုးသားက လုပ်သက် တစ်လကျော်သာ ရှိသေးပြီး အဲလို လုပ်ရပ်တွေကြောင့် စက်ရုံလုပ်ငန်းခွင်အတွင်း လုပ်သားတွေအပေါ် ဖိအား ဖြစ်စေတယ်လို့ ပြောဆိုပါတယ်။
 
စက်ရုံအတွင်းလုပ်သားအင်အား လျော့နည်းနေပေမဲ့ ဖိအားပေး ခိုင်းစေလို့ ပိုမိုပင်းပန်းနေရသလို စက်ရုံ အုပ်ချုပ်မှု ပုံစံက အလုပ်သမားများအပေါ် အကြောက်တရားဖြင့် ဖိနှိပ် နေတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
တိုင်ဟုန်စက်ရုံက အလုပ်သမားဥပဒေများကို ချိုးဖောက်ပြီး အလုပ်သမားကိုယ်စားလှယ် တစ်ဦး လစ်လပ်မှုကို အစားထိုး ခန့်အပ်ခြင်း မပြုတာ၊ နေ့စားအလုပ်သမားတွေကို သုံးလကျော်သည်အထိ လခစာစား အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းမရှိတဲ့ အပြင် အလုပ်က ထုတ်ပယ်တာတွေပါ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပုံဟောင်း - Tia Hong စက်ရုံအတွင်း (၂၀၁၆)

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026