NEWS

Tha Shu (Myanmar) Glory Fashion စက်ရုံတွင် တပတ် အချိန်ပို အော်လင်းအောနိုက် ၄ ရက် ဆင်းနေရ

CoverLogo
276 Views
 
Tha Shu (Myanmar) Glory Fashion စက်ရုံမှာ တပတ် အချိန်ပို အိုတီအောလင်း၊ အောနိုက် ၄ရက် ဆင်းပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်၊ ၊ အောလင်း၊ အောနိုက်အချိန်ပိုအိုတီဆင်းရပြီး နောက်ရက်မှာ အနားမပေး ဘဲပုံမှန် အလုပ်ပြန်ဆင်းရလို့ ကျန်းမားရေး ထိခိုက်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တစ်နေ့ကုန်အလုပ်လုပ် ၊ တစ်ညလုံးအလုပ်လုပ် ၊ နောက်နေ့ တစ်နေ့လုံးအလုပ် လုပ်နေရတော အိပ်ရေးမဝတော့ဘူး။ ဖျမအနေနေ ကိုယ်ခံအားကျပြီး နေထိုင်မကောင်းဖြစ်တဲ့ ပဲ”လို့ ပြောပါတယ်။ ‌
 
Tha Shu (Myanmar) Glory Fashion စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ သံလွှင်လမ်းမှာရှိပြီး အလုပ်သမား ၁၂၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
 
စက်ရုံဘက်က အလုပ်သမား ၆၅ ယောက်ဝန်းကျင် စက်လိုင်းကို တစ်နာရီ အထည် ၃၀ ကျော် တောင်းခံတာလို့ အလုပ်သမားတွေမှာ ရေမသောက် အိမ်သာမသွားရဘဲ ချုပ်နေရတယ်လို့လည်း ပြောပါတယ်။
 
“အထည်စံချိန်မပြည့်တာနဲ့ အချိန်ပိုအိုတီအောလင်း၊ အောနိုက် ခေါ်တယ်။ တစ်ပက်ကို ၄ရက်ဆင်းပေးရပါတယ်။ နောက်ရက်တွင် အနားမပေးဘူး ပုံမှန် အလုပ်ပြန်ဆင်းရတာ။
 
အလုပ်သမားတွေမှာ ဥပဒေအရ ခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေကို စက်ရုံဘက်က ခွင့်မပြုလို့ ဒေးကြေးနဲ့ တခြားအခွင့်အရေးတွေပါ ဖြတ်တောက်ခံရတယ်လို့လည်း ပြောပါတယ်။
 
“ဒေးကြေး ၁၁,၀၀၀ ၊ ရက်မှန်ကြေး ၄၀,၀၀၀၊ ရက်မှန်ကြေးက တစ်ရက်ပျက်ရင် ၂၀၀၀၀ ဖြတ်တယ်။ နှစ်ရက်ပျက်ရင် အကုန်ဖြတ်တယ်။ ရက်ပျက်တာနဲ့ ၃၀၀၀၀ ကျော်အဖြတ်ခံတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမားတွေအတွက် ဆိုပြီး တွင်းရေကို ပိုက်နဲ့သွယ်ပေးထားတဲ့ အပြင် အိမ်သာတွေကို အမျိုးသား၊ အမျိုးသမီးခွဲခြား မထားလို့ အလုပ်သမားတွေမှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ပြောထားပါတယ်။
 
Tha Shu (Myanmar) Glory Fashion Co.,Ltd အထည်ချုပ်စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး Large တံဆိပ် အထည်တွေချုပ်လုပ်နေပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026