NEWS

Teng Hui Myanmar Knitting သိုးမွှေးထည်စက်ရုံ အလုပ်သမားများ အလုပ်ပျက်ဆိုပြီး အထုတ်ခံရ

CoverLogo
359 Views
 
Teng Hui Myanmar Knitting သိုးမွှေးထည်စက်ရုံ က အရေးပေါ် ဂိတ်ပတ်စ်ယူတာနဲ့ ၊ အလုပ် တစ်ရက်ပျက်လို့ ဆိုပြီး အလုပ်ကနေ ထုတ်ပယ်တာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအဆောက်အအုံက ၆ ရုံတွဲ ဖြစ်ပြီး လုပ်သား ၆၀၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
 
“အလုပ်သမားတွေ အလုပ်ထဲရောက်မှ မိသားစုကိစ္စအရေးပေါ်လို့ ဂိတ်ပတ်ယူတာလည်း အလုပ်ထုတ်တယ်။ အလုပ် တစ်ရက်ပျက်တာတောင် ထုတ်တာ။ ခွင့်ရက် ခံစားခွင့်ဆို ဘာမှမပေးဘူး။ ခွင့်ဆိုရင်တောင် ရက်ပျက်တာနဲ့ ဒေးကြေး၊ အထည်ကြေး ဖြတ်တာပဲ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အထည်ကြေးကို လူသစ်၊ လူဟောင်းခွဲခြားပေးပြီး အထည်စံချိန် မပြည့်ပါက အတင်းအကျပ် အချိန်ပို ဖိအားပေး ဆင်းခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လူသစ်လူဟောင်းရဲ့ အထည်ကြေးက သုံးဆ၊ တဆ ကွာတယ်။ အထည်စံချိန်က တဝတ်လောက် ကွာတယ်။ စံချိန်မပြည့်ဘူးဆိုတာနဲ့ ဆဲတာပဲ။ အောစူပါကိုယ်တိုင် ဆဲတာ။ အလုပ်သမားတွေ အားလုံးရှေ့မှာ ဆဲတာ။ ပြန်ပြောရင် တခါတည်း အလုပ်ထုတ်တယ်။” လို့ ပြောပါတယ်။
 
အထည်စံချိန်မပြည့်ပါက အောလင်း၊ အောနိုက် အချိန်ပို လုပ်ကိုင်ပေးရပြီး တနင်္ဂနွေနားရက်တွေပါ မနားရဘဲ ဖိအားပေး ဆင်းခိုင်းတယ်လို့ သိရပါတယ်။ နေ့စား အ လုပ်သမားအများစု အမျိုးသားတွေ ဖြစ်ကြပြီး အချိန်မရွေး အလုပ်ထုတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံ အိမ်သာတွေမှာ လုံးဝသန့်ရှင်းမှုမရှိတဲ့ အပြငင် သုံး ရေ အလုံအလောက်မရလို့ ပိုပြီး ညစ်ပတ်နေတယ်လို့ ပြောဆိုထားပါတယ်။
 
Teng Hui Myanmar Knitting သိုးမွှေးစက်ရုံက ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာအနီးမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိထားပါတယ်။

Related posts

Cover
Myanmar Ming Fan အထည်ချုပ် အတင်းအကျပ် အချိန်ပိုခိုင်း၊ ကြိုပို့မပေးဘဲ ညနက် ၉ နာရီ ပြန်ခိုင်း
Jan 28, 2026
Cover
SHUN YU (MYANMAR) Garment တွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်
Jan 27, 2026
Cover
Mei Jie Myanmar အလုပ်နေရာ အတင်းအကျပ်ပြောင်း၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်း
Jan 27, 2026
Cover
တရုတ်နှစ်သစ်ကူးမတိုင်မီ “၀"ဒေသရှိ အလုပ်သမားများ၏ လုပ်ခလစာ ကို အကုန်ရှင်းပေးရမည်ဟု WSP ထုတ်ပြန်
Jan 27, 2026
Cover
Eternal Fashion အထည်ချုပ် စက်ရုံ အလုပ်နေရာ ပြောင်းရွှေ့ပြီး လုပ်ခ လုပ်စာ ခွဲခြားပေး ၊ ဖိနှိပ်
Jan 27, 2026
Cover
Sunrise Myanmar Fashion အထည်ချုပ် စက်ရုံ ညနက် အချိန်ပို အပြင် တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း
Jan 27, 2026
Cover
Tai Hong အထည်ချုပ် EC စာချုပ် ဖောက်ဖျက်ပြီး သတိပေးလက်မှတ်ထိုးခိုင်း
Jan 27, 2026
Cover
Tianjin fashion Milestone အထည်ချုပ် အလုပ်သမားတောင်းဆိုမှု ၁၈ ရက်ကြာမြင့်ပေမဲ့ ပြေလည်မှုမရ
Jan 24, 2026