NEWS

Tai Hong အထည်ချုပ် EC စာချုပ် ဖောက်ဖျက်ပြီး သတိပေးလက်မှတ်ထိုးခိုင်း

CoverLogo
213 Views
 
ဝါးတရာစက်မှုဇုန်က Tai Hong အထည်ချုပ် စက်ရုံက EC စာချုပ်ကို ဖောက်ဖျက်ပြီး အလုပ်သမားတွေကို အပြစ်ရှာ သတိပေးလက်မှတ် (ဝမ်တိန်) ထိုး ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံနဲ့ အလုပ်သမားတွေကြား EC စာချုပ် ချုပ်ဆိုထားပေမဲ့ စက်ချုပ်ပါ အချက်တွေကို ဖောက်ဖျက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ အလုပ်မှာ မှားတယ်။ မှားတာက ပြန်ပြင်လို့ရတယ်။ ဒါကို အထည်ပျက်စီးတယ်ဆိုပြီး Cutting ဌာနကို လက်မှတ် ထိုးခိုင်းတယ်။ အတင်းထိုးခိုင်းတာ။ စာချုပ်ထဲက အတိုင်းမဟုတ်ဘူး။”လို့ ပြောပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အလုပ်ခန့်ထားမှု သဘောတူညီချက် (EC စာချုပ်) အပိုဒ် (၁၅)မှာ အရေးယူမှုကို နှုတ်ဖြင့် သတိပေးခြင်း၊ စာဖြင့် ပထမအကြိမ် သတိပေးခြင်း၊ စာဖြင့် ဒုတိယအကြိမ် သတိပေးခြင်း၊ ဝန်ခံကတိ လက်မှတ်ရေးထိုးခြင်း ဆိုပြီး အဆင့် ၄ ဆင့်ကို အဆင့်လိုက် ဆောင်ရွက်ဖို့ ဖော်ပြထားပါတယ်။
 
စာချုပ်ပါအချက်တွေရ သတိပေးချက်တစ်ခုရဲ့ သက်တမ်းဟာ (၆) လ ဖြစ်ပြီး သတိပေးခံရတဲ့နေ့ကစပြီး (၆) လအတွင်း နောက်ထပ် စည်းကမ်းမဖောက်ဖျက်မရှိဘူးဆိုရင် အဲဒီသတိပေးချက်ဟာ အလိုအလျောက် ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။
 
“ဒါက သာမာန်ပြစ်မှု အမျိုးအစားလို့ ပြောနိုင်တယ် ။ စာချုပ် စည်းကမ်းမှာ ပေါ့လျော့ခြင်း: ၊ အလုပ်ကို ဂရုတစိုက်မလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်ခြင်း လို့ ဖော်ပြထားတယ်။ ဒီလို ဖြစ်စဉ်က ဖိအားများလို့ ဖြစ်ကြတာများတယ်။ လို့ အလုပ်သမားအရေး ကျွမ်းကျင်သူတဦးက ပြောပါတယ်။
 
Tai Hong အထည်ချုပ် လုပ်ငန်းခွင်အတွင်း နိုင်ငံခြားသား ဝန်ထမ်းတွေရဲ့ ဖိအားပေးမှုနဲ့ အခွင့်အရေး ချိုးဖောက်မှုတွေပါ ကြုံတွေနေရတယ်လို့ သိရပါတယ်။
 
“အလုပ်ထဲမှာ ဖိအား အရမ်းများတာ။ အစ်မကြီးတစ်ယောက်ကို တရုတ်ဆရာက အနောက်ကနေ ဓာတ်ပုံခိုးရိုက်ပြီးတော့ စကားများတယ်ဆိုပြီး အပြစ်ရှာ ခေါ်ပြောတယ်။ အလုပ်အကြောင်း လက်ဟန်ခြေဟန်နဲ့ပြောနေတာ။ အဲ့တရုတ်ဆရာက အရမ်းအော်တယ်၊ စကားပြန်တောင်မပါဘဲ သူအော်ချင်သလို အော်တာ။ ကိုယ်ဝန်သည်လည်း Target မပြည့်ရင် အရမ်းအော်တယ်။”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ကိုယ်ဝန်ဆောင် အလုပ်သမားကို သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံ စီစဉ်မပေးဘဲ အများနည်းတူ လစာရယူလို့ တန်းတူ စံချိန်ပေးရမယ်ဆိုပြီး ပြောဆိုထားတယ်လို့ သိရပါတယ်။
 
Tai Hong အထည်ချုပ် လုပ်ငန်းခွင်မှာ အလုပ်သမား ၉၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026