NEWS

Tai Hong စက်ရုံက ကိုယ်ဝန်ဆောင် အလုပ်သမား အပါအဝင် အလုပ်သမားများအား ဆေးခွင့်မပေး ၊ ကုသမပေးဘဲ ဖိအားပေး ခိုင်းစေ

CoverLogo
1.1K Views
 
ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုန်မှာ ဖွင့်လှစ်ထားတဲ့ Tai Hong အထည်ချုပ်စက်ရုံက တာဝန်ရှိသူတွေက ကိုယ်ဝန်ဆောင် အလုပ်သမားတွေနဲ့ တခြားအလုပ်သမားတွေကို ဆေးခွင့်မပေးတဲ့အပြင် ဖိအားပေးခိုင်စေတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
 
Tai Hong စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ EVERLAST ၊DIEMနဲ့ FB SISTER စတဲ့ အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်း အလုပ်သမား သမဂ္ဂဖွဲ့စည်း ထားတာ မရှိသလို WCC အဖွဲ့ကို ဖွဲ့စည်းထားတာလည်းမရှိဘူးလို့ ပြောဆိုပါတယ်။
 
ကိုယ်ဝန်ဆောင် အလုပ်သမားတွေ၊ သက်ကြီးအရွယ် အမျိုးသမီးလုပ်သားတွေနဲ့ တနင်္ဂနွေနေ့ အချိန်ပို မဆင်းသူ တွေကို ဆဲဆိုကြိမ်းမောင်းတာ၊ အလုပ်သမား ကိုယ်တိုင် အလုပ်ထွက်ရတဲ့ ဖိအားပေးခိုင်းတာတွေ၊ ကာလ အပိုင်း အခြား အလုပ်နားခိုင်းတာနဲ့ အမျိုးသမီးအလုပ်သမားတွေ မနိုင်တဲ့ အထုတ်အပိုးတွေ သယ်ပို့ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဝန်ထမ်းအလုပ်သမားတွေ ဆေးခွင့်ယူရင် ဒေးကြေးရတယ် ရက်မှန်ကြေးမရဘူး။ ကိုယ်ဝန်ဆောင်တွေဆို ဆေးခွင့်ကို နှစ်ရက် သုံးရက်ယူရင် မရဘူး ။ ဒီတလဆေးခွင့်ယူတာကို မပြောသေးဘူး။ နောက်လ ဆက်တိုက် ဆေးခွင့်ယူတယ်ဆိုရင် အဲ့စာရွက်တွေ ပြန်ပေးပြီး ရုံးပေါ်တက် ပြောခိုင်းတယ်။ အဲ့ခွင့်ယူတဲ့သူတွေကို အချိန်ပို ပေးမဆင်းတော့ဘဲ တစ်ပတ် နှစ်ပတ် တစ်လအထိ နားခိုင်းတာတွေရှိတယ်။ သန့်ရှင်းရေးသမားတွေဆိုရင် အသက် ၄၀ ကျော်ကနေ ၆၀ အရွယ်တွေ။ သူတို့လည်း ဆေးခွင့် မရဘူး။ ဆရာ၀န်ကိုယ်တိုင် ဆေးစာပေးရင်တောင် ကျွန်တော်တို့ ပေးမရဘူးဆိုပြီး လုပ်တာ။ နားမယ်ဆိုရင် တလအထိ ပြန်ခိုင်းတယ်။ ခွင့်တွေကို မပေးတဲ့ ပုံစံမျိုးတွေလုပ်တာ။ တနင်္ဂနွေနေ့ အချိန်ပိုခေါ်လို့ မလာတဲ့အလုပ်သမားကို အလုပ် တပတ် ပြန်နားခိုင်းတာတွေ ရှိတယ်”လို့ ပြောဆိုပါတယ်။
 
စက်ရုံတာဝန်ရှိသူနဲ့ အဆင်ပြေတဲ အလုပ်သမားတွေ အလုပ် ၄ ရက် ပျက်ခဲ့ပေမဲ့ အလုပ်ထုတ်တာ မရှိတဲ့အပြင် အလုပ် တပတ်၊ တလနားခိုင်းတွေမလုပ်ခဲ့ဘဲ အလုပ်သမားတွေကြား ခွဲခြားဆက်ဆံတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
 
Tai Hong အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ဥပဒေပါ ကိုယ်၀န်ဆောင် အလုပ်သမား အခွင့်အရေးနဲ့ နေ့စားအလုပ်သမားတွေရဲ့ ရပိုင်ခွင့် ၊ ခွင့်ရက် ရရှိဖို့ လိုအပ်နေပြီး အကန့်အသတ်မဲ့ Hourly အာဝါဒီ တောင်းဆို တာ ရပ်တန့်ဖို့ လိုအပ်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။
 
“ခွင့်ရက် ၃ ရက်ကျော်ရင် အလုပ်ထုတ်လိုက်တာမျိုး ရှိတယ်။ ကိုယ်၀န်ဆောင်တွေ သက်သာအောင် မလုပ်ရဘူး။ ပုံမှန် ၀န်ထမ်းတွေနဲ့ တန်းတူ အာဝါဒိတောင်းတယ်။ ကိုယ်၀န်ဆောင်သည်တွေ အိမ်သာခဏခဏသွားရင် အရမ်းပြောတယ်။ ဆဲဆိုတာတွေလည်း လုပ်တယ်”လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
Tai Hong အထည်ချုပ်စက်ရုံက အသက်ငယ်ရွယ်တဲ့ နေ့စားအလုပ်သမားတွေကို ခေါ်ယူလုပ်ကိုင် ခိုင်းနေပြီး နေ့စားလုပ်သက် ၆ ကျော်အထိ အမြဲတမ်းဝန်းထမ်းအဖြစ် မခန့်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် အဲ့နေ့စား အလုပ်သမား တွေမှာ မနက် ၇ နာရီကနေ ညနေ ၆နာရီ အထိ အလုပ်ချိန် ၁၁ နာရီကျော် လုပ်ကိုင်ရပေမဲ့ ငွေကျပ် ၄၅၀၀ သာ ရရှိတယ်လို့ နေ့စားအလုပ်သမား တဦးက ပြောပါတယ်။ အဲဒီနေ့စားအလုပ်သားတွေကို တနင်္ဂနွေနေ့ ပိတ်ရက်တွေမှာ ညနေ ၆ နာရီအထိ အချိန်ပိုခိုင်းစေပေမဲ့ ၄၅၀၀ သား လုပ်ခ ရှင်းပေးတယ်လို့ ပြောဆိုပါတယ်။
 
စက်ရုံအတွင်း လုပ်ငန်းခွင်ထိခိုက်တာကို တရက်တည်းသား ဆေးခန်းပြ ကုသပေးပေမဲ့ နောက်ရက်တွေမှာ ကိုယ့်အစီစဉ်နဲ့သာ ကုသရပြီး သက်သာရင်ပြန်လာဟု ပြောဆိုကာ အလုပ်ထုတ်တာကြောင့် ပိုနစ်နာရတယ်လို့ နေ့စားအလုပ်သမားတွေက ပြောကြားကြပါတယ်။
 
Photo - (ပုံဟောင်း) Dica အဖွဲ့မှ Tai Hong စက်ရုံအား ၂၀၁၆ ခုနှစ်က စစ်ဆေးနေစဉ်

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026