NEWS

Tai Hong Garment အလုပ်ရှင် အလုပ်သမား နှစ်ဖက် သဘောတူညီချက် ရရှိပြီး လုပ်ငန်းခွင် စတင်

CoverLogo
302 Views
 
လုပ်ခလစာတိုးမြှင့်ရေး တောင်းဆိုကြတဲ့ Tai Hong Garment အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား နှစ်ဖက် သဘောတူချက် ရရှိပြီး လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နေပြီလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“မနေ့ (ဇွန် ၁၇) ညနေပိုင်းမှာ နှစ်ဖက် သဘောတူ ချက်ကို လက်မှတ်ထိုးခဲ့တယ်။ အလုပ်ရှင်၊ အလုပ်သမားရုံးက တာဝန်ရှိ သူတွေလည်း ပါခဲ့တယ်။ အဓိက ဆုံးဖြတ်တာက အလုပ်သမားတွေပါပဲ။ တောင်းဆိုတာကို အပြည့်မရခဲ့ပါဘူး။ အများလက်ခံတယ်ဆိုတော့ လက်မှတ်တိုးလိုက်တာပါ။ အခက်အခဲတွေကတော့ အများကြီးပဲ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
တောင်းဆိုမှုတွေ မတိုင်မီက တရားဝင် ဒေးကြေး ၈,၅၀၀ ၊ အိုတီကြေး ၁,၁၇၅ ကျပ်ကို စက်ရုံဘက်က သတ်မှတ် ပေးထားတယ်လို့ သိရပါတယ်။ အလုပ်သမားတွေက ရက်တွက် ဒေးကြေး ၁၃,၀၀၀ ၊ အချိန်ပို တနာရီ ၁၃,၀၀၀ နဲ့ ရက်မှန်ကြေး ကျပ် ၇၀၀၀၀ ကို စက်ရုံဘက်က သတ်မှတ် ရှင်းပေးဖို့ တောင်းဆိုခဲ့ တာဖြစ်ပါတယ်။
 
“ သဘောတူထားတဲ့အတိုင်းဆို ဒေးကြေးက လုပ်သက် တနှစ်မပြည့်တဲ့သူတွေက ၁၁,၀၀၀ ၊ တနှစ်ပြည့် ပြီးသူတွေကို ၁၁၅၀၀ ၊ အိုတီက ၂၂၀၀၀၊ ရက်မှန်ကြေးက ၅၀,၀၀၀။ ရက်မှန်ကြေးကတော့ တရက် ပျက်ရင် ၂၅၀၀၀ ဖြတ်မယ်၊။ နှစ်ရက်ဆိုရင်တော့ အားလုံးပါသွားမယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ဖြတ်တောက်မှုတွေ ရှိနေလို့ စက်ရုံဘက်က ဥပဒေမှာ ပြဌာန်းထားတဲ့ ခွင့်နဲ့ ခွင့်ရက်တွက် ခံစားခွင့်တွေ ကို ခွင့်ပြုမယ်လို့လည်း သဘောတူ ချက်မှာ ထည့်သွင်းထားပါတယ်။ သဘောတူချက်တွေကို ဒီကနေ့ ဇွန် ၁၈ ရက်ကစပြိး စတင်ခံစားခွင့် ရမှာ ဖြစ်တယ်လို့လည်း အလုပ်သမားတွေက ပြောကြား ထားပါတယ်။
 
“တောင်းဆိုမှုအတွင်း အခက်အခဲတွေက အများကြီး၊ စက်ရုံပစ္စည်းနဲ့ လူပုဂ္ဂိုလ်တွေ မထိခိုက်အောင် ထိန်းသိမ်းခဲ့ရတယ်။ စက်ရုံမှာ တောင်းဆိုမှု မပါဝင်သူတွေလည်း ရှိတယ်။ တောင်းဆိုမှုကို နှောင့်ယှက်သူတွေလည်း ပေါ်ပေါက်လာတယ်။
 
ဒါပေမဲ့ အခု ရလဒ်ကို အလုပ်သမား အားလုံးခံစားခွင့် ရတော့မယ်။ အလုပ်သမားတွေရဲ့ စိတ်ရှည်သည်းခံ ကြံခိုင်လို့ အခုလို အောင်မြင်ခဲ့တာပါ။” လို့ တောင်းဆိုမှုမှာပါဝင်ခဲ့သူ အမျိုးသမီးလုပ်သားတဦးက ပြောဆိုထားပါတယ်။
 
တောင်းဆိုမှုပြလုပ်ခဲ့တဲ့ ၃ ရက်တာကာလအတွက် လုပ်ခလစာကို စက်ရုံဘက်က ပေးချေမှာ မဟုတ်ဘူးလို့ နှစ်ဖက်
သဘောတူချက်မှာ ထည့်သွင်းထားသလို သဘောတူညီချက်ကိုတော့ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင်ကြား လက်မှတ်ထိုး ခဲ့တာဖြစ်ပြီး တခြား သက်သေ အဖွဲ့အစည်း မပါဝင်ပါဘူး။
 
Tai Hong Garment အထည်ချုပ် စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေပြီး WCC အဖွဲ့ကို ဖွဲ့စည်းထား ပါတယ်။ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာ စက်ရုံ ဖွင့်လှစ်ထားပါတယ်။
Photo-တောင်းဆိုမှုကာလအတွင်း

Related posts

Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026