NEWS

Tai Hong အထည်ချုပ်စက်ရုံအလုပ်သမားများနဲ့လုပ်ငန်းရှင် အငြင်းပွားမှု ညှိနှိုင်းရာ ပြေလည်မှုရဟုဆို

CoverLogo
572 Views

ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်၊ မြေတိုင်းအမှတ်- ၄၉ လမ်း ၊ အမှတ်-ရှိ   Tai Hong Garment အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ဆိုးဆိုးရွားရွားခြိမ်း​​ခြောက်ခံရမှုကို အလုပ်သမားရုံးသို့ တိုင်ကြားခဲ့လို့ ညှိနှိုင်းရာ ပြေလည်မှုရရှိခဲ့တယ်လို့  သိရပါတယ်။ 

အလုပ်သမားတွေဟာ အလုပ်ရှင်ထံသို့ စက်ရုံကနိုင်ငံခြားသားအတတ်ပညာရှင်များက အလုပ်သမားကိုတိုက်ရိုက်မအုပ်ချုပ်ဖို့နဲ့ ရိုင်းစိုင်းစွာပြောဆိုဆက်ဆံခြင်းမပြုရန်၊ အလုပ်ရှင်ရောအလုပ်သမားရောနှစ်ဦးနှစ်ဖက်လုံးက အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်အပေါ် လေးစားလိုက်နာရန် နဲ့ အလုပ်သမားများအပေါ် အငြိုးအတေးထားကာ ခွဲခြားဆက်ဆံခြင်းမပြုလုပ်ဖို့ကို အလုပ်ရှင်အလုပ်သမားညှိနှိုင်းသဘောတူညီပြီး အဆင်ပြေစွာစာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါစက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာအပြည့်မရဘဲ လုပ်အားခတွေခေါင်းပုံ ဖြတ်ခံနေရတာ၊ အထည်စံချိန်မတရားတောင်းနေတာတွေနဲ့ အချိန်ပိုကို အလုပ်သမားသဘောဆန္ဒမေးမြန်းမှုမရှိဘဲ အတင်းအကျပ်ဆင်းခိုင်းတာတွေအပါအဝင် နေ့စားတွေကိုပိတ်ရက်မပေးတာတွေနဲ့ နေ့စားအလုပ်သမားတွေကိုဖြုတ်ချင်သလိုဖြုတ်နေတာတွေအပြင် ဥပဒေပါခွင့်ခံစားခွင့်တွေမပေးတာတွေကြောင့် တိုင်ကြားမှူတွေပြုလုပ်ထားတယ်လို့ သိရပါတယ်။ 

လုပ်ငန်းခွင်မှာ စည်းမျဉ်းစည်းကမ်းသတ်မှတ်ရာမှာလည်း အီးစီ စာချုပ်အတိုင်း လုပ်ဆောင်ခြင်းမပြုဘဲ ငွေကြေးဖြတ်တောက်တာတွေ အရင်ဆုံးလုပ်ဆောင်မှုတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ 

အလုပ်သမားခံစားခွင့်တွေနဲ့ပတ်သက်ပါက ဥပဒေပါခွင့်များခံစားခွင့်မပေးခြင်း၊ ဖူလုံရေး ဆေးခွင့်ယူသော အလုပ်သမားများကိုလဲ  ဒေးကြေးများဖြတ်တောက်သလို  အလုပ်နေရာပြောင်းရွှေ့တာတွေပါ လုပ်ဆောင်တယ်လို့ သိရပါတယ်။ 

"ကျွန်တော်တို့သိရသလောက်တော့ အလုပ်သမားရောအလုပ်ရှင်ရော  ညှိလိုက်တာအဆင်ပြေသွားပါတယ်ခင်ဗျ။ စာချုပ်လည်းချုပ်ပြီးပါပြီ " လို့ အလုပ်သမားနဲ့နီးစပ်သူက ဆိုပါတယ်။ 

အခုလို အလုပ်ရှင်အလုပ်သမား ​ပြေလည်မှုရပြီး စာချုပ်ချုပ်ဆိုခဲ့ရာမှာ မည်သည့်အချက်​တွေ ထည့်သွင်းချုပ်ဆိုတယ်ဆိုတာ​တော့ မသိရပါဘူး။ 

အဆိုပါစက်ရုံဟာ  အလုပ်သမားလူဦးရေ ၁၀၀၀ ကျော်နဲ့   EVERLAST/ DIEM အမည်ရှိ Brand အထည်တွေကို ချုပ်လုပ်နေတယ်လို့လည်းသိရပါတယ်။   

စက်ရုံ ဖွင့်သည်မှာ (၁၀)နှစ် ခန့်ရှိပြီးဖြစ်သော်လည်း စက်ရုံမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ 

လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းထားပေမဲ့ လုပ်ငန်းခွင်ထဲက အငြင်းပွားမှုတွေနဲ့နစ်နာမှုတွေကို ဖြေရှင်းပေးနိုင်တာမရှိလို့ အလုပ်သမား အများအပြားနစ်နာမှုတွေနဲ့ကြုံတွေ့နေရလို့ WCC ကိုအလုပ်သမားဆန္ဒနဲ့ပြန်လည်ဖွဲ့စည်းပေးဖို့နဲ့ ချိုးဖောက်မှုတွေကို တိုင်ကြားထားတာဖြစ်တယ်လို့  သိရပါတယ်။ 

 


Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026