NEWS

T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း

CoverLogo
31 Views
လှိုင်သာယာ စက်မှုဇုန် T M A Co.,Ltd အထည်ချုပ် စက်ရုံက တပတ် နာရီ ၂၀ ကျော်လုပ်ကိုင်ခိုင်းပြီး ဥပဒေ ညွှန်ကြားချက်တွေကို ချိုးဖောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ တနင်္လာနေ့ကနေ သောကြာနေ့အထိကို ည ၇နာရီအထိ အချိန်ပို ဆင်းရတယ်။ စနေနေ့တွေမှာ လည်း ည ၇ နာရီအထိ အချိန်ပို ဆင်းခိုင်းတယ်။ တပတ်ကို နာရီ ၂၀ ကျော်တာက တော်တော်ကို ကျော်တာ။ “ လို့ ပြောပါတယ်။
အချိန်ပို အလွန်အကျွံ ခိုင်းစေတာကို သက်ဆိုင်ရာ မြို့နယ် အလုပ်သမားရုံးကို တိုင်တန်းခဲ့ရာမှာ မှတ်တမ်းယူပြီး အရေးယူမှုတွေ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
 
“ မေ ၁၆ (စနေနေ့)က ည ၇နာရီအထိ အချိန်ပိုခိုင်းလို့ အလုပ်သမားရုံးကို လုပ်ငန်းခွင်ထဲကနေ တိုင်ကြားတယ် ၊ အကူအညီတောင်းခဲ့တယ်။ စက်ရုံထဲကို Otရုံးက ဦးစီးမှူးရောက်လာတယ်၊ ဓာတ်ပုံမှတ်တမ်းယူပြီး မန်နေဂျာနဲ့ပဲ စကားပြောပြီး ပြန်သွားတယ်၊ အလုပ်သမားတွေကို ဘာမှ မ‌မေးသွားဘူး” လို့ ပြောပါတယ်။
 
အလုပ်သမားရုံးကို ဘယ်လိုပဲ တိုင်ကြား စက်ရုံဘက်က သက်ဆိုင်ရာ အာဏာပိုင်တွေကို ဂရုမစိုက်ဘူးလို့ ပြောကြားတယ်လို့လည်း အလုပ်သမား ပြောပါတယ်။
 
“ ကြိုက်တဲ့ ရုံးကို ကြိုက်သလို တိုင်၊ ပေးကျွေးထားလို့ ဂရုမစိုက်ဘူး။ မေ ၁၉ ရက်မှာလည်း အော်လင်း အောနိုက် ဆက်ခိုင်းမယ်၊ ကြိုက်တဲ့ရုံးကို တိုင်နိုင်တယ်။ လာစစ်လည်း ၁၆ ရက်နေ့ကလို ပေးပြီး ဖြေရှင်းမှာလို့ ပြောတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အချိန်ပိုလက်မှတ်တွေကို မန်နေဂျာက အတင်းအကျပ် ထိုးခိုင်းလို့ ဖိအားအမျိုးအမျိုးကြောင့် ထိုးပေးနေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ လက်မှတ်ထိုးခိုင်းတာက အမျိုးမျိုးခြိမ်းခြောက်နေတာ၊ အလုပ်သမားတွေက အိမ်ရောက်မှ ဝယ်ရ ခြမ်းရ၊ ချက်ပြုတ်ရဆိုတော့ ညနက်အချိန်ပိုတွေက အဆင်မပြေ ဖြစ်ကြတယ်။ နောက် ယောက်ျားလေးတွေဆို ပေါ်တာဆွဲခံရမှာ စိုးရိမ်ကြတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
T M A Co.,Ltd စက်ရုံက မြဝတီမင်းကြီးလမ်း၊ လှိုင်သာယာစက်မှုဇုန်(၄)၊လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၇၀၀ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026