NEWS

Sunrise (Myanmar) Fashion အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌနှင့် အလုပ်သမားအချို့ အလုပ်ဖြုတ်ခံရ

CoverLogo
624 Views
 
Sunrise (Myanmar) Fashion အထည်ချုပ် စက်ရုံသမဂ္ဂ ခေါင်းဆောင်ကို စက်ရုံဘက်က အကြောင်းပြချက်မရှိ အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ ကူညီပေးရေးအဖွဲ့ဆီက သိရပါတယ်။ စက်ရုံက ရန်ကုန်မြို့ ၊ ရွှေပြည်သာ မြိုနယ်၊ ကျောက်စိမ်းလမ်း၊သာဓုကန်စက်မှုဇုန်မှာ လုပ်ငန်းလုပ်ကိုင်နေပြီး သမဂ္ဂအဖွဲ့ဝင်တချို့ကိုပါ အလုပ်ကနေ ထုတ်နေတာလို့ သိရပါတယ်။
 
“သမဂ္ဂ အဖွဲ့ဝင် တစ်ယောက်ချင်းစီကို ထုတ်နေတာ။ ပထမဆုံး သမဂ္ဂ ဥက္ကဋ္ဌကို အရင်ထုတ်တာ။” လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူက ပြောပါတယ်။
 
စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင်က သမဂ္ဂဖွဲ့စည်းဖို့ ဆောင်ရွက်နေစဉ် ဇန်နဝါရီ ၂၀ ရက်မှာ စက်ရုံမန်နေဂျာဆိုသူက အလုပ်ထုတ်စာနဲ့ ထုတ်ပယ်ခဲ့တာလို့ ပြောပါတယ်။
 
Sunrise (Myanmar) Fashion စက်ရုံဘက်က အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဟောင်းကိုလည်း အခုလို အလုပ်က ထုတ်ပယ်ခဲ့ပြီး ဒီနောက်မှာ အခွင့်အရေးတွေ ဆက်တိုက်ချိုးဖောက်နေတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားသမဂ္ဂ ဖွဲစည်းဖို့ကြိုးစားတဲ့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်က ထုတ်ပယ်တာကို အလုပ်သမားဦးစီးဌာနဘက်က အရေးယူဖို့ ပျက်ကွက်နေတယ်လို့လည်း ကူညီသူတွေက ပြောပါတယ်။ အရေးယူဖို့ ပျက်ကွက်တာတွေကြောင့်အလုပ်ရှင်တွေဘက်က ဥပဒေကို အလေးမထားဘဲ ကျုးလွန် နေတာလို့လည်း ပြောပါတယ်။
 
အလုပ်သမားအခွင့်အရေးအား ချိုးဖောက်တဲ့ အလုပ်ရုံ၊စက်ရုံတွေကို ထိရောက်တဲ့ အရေးယူ အပြစ် မပေးတာနဲ့ သမဂ္ဂ ဖြိုခွဲတဲ့ လုပ်ရပ်ကို သွေးစည်းညီးညွတ်သောအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် STUM က ပြင်းထန်စွာ ရှုချပြီး Sunrise Union ဖြစ်မြောက်ရေးကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
Sunrise(Myanmar)fashion အထည်ချုပ်စက်ရုံက သမဂ္ဂခေါင်းဆောင်နဲ့အဖွဲဝင်တွေကို အလုပ်ထုတ်ပယ်တာ အပြင် အချိန်ပို အလွန်အကျွံခေါ်တာ၊ အလုပ်သမားတွေရဲ့ ဆန္ဒ မပါဘဲ အတင်းကျပ် အချိန်ပိုကို လုပ်ခိုင်းတာ၊ ငြင်းဆန်ပါက ဂရိတ်ချတာ၊ ရပိုင်ခွင့်ဖြတ်တာ၊ ခွဲခြားဆက်ဆံတာ ၊ အချိန်ပိုလုပ်ခ မရတာ၊ ဆဲဆိုခံရတာ၊ လုပ်ငန်းခွင်အတွင်း ဖြစ်သလို အိပ်ရတာ၊ ကြိုပို့ယာဉ်မပေးတာတွေကြောင့် မကြာခဏ တိုင်ကြားခံရတဲ့ အထည်ချုပ်စက်ရုံ ဖြစ်တယ်လို့ သိရပါတယ်။
 
Sunrise Myanmar fashion အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ကျော်နဲ့ GLOBAL WORK, WOLLYTEC, CINEMA CLUB, HARE, LEPSIL,URBAL FUNCTION , SINCE 1930 UNITED ATHLA, FINO-OUT, LOWRYS FARM, AIRTHERMAL စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ် နေတယ်လို အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026