NEWS

Sunrise Myanmar Fashion အထည်ချုပ် စက်ရုံ ညနက် အချိန်ပို အပြင် တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း

CoverLogo
300 Views
 
Sunrise Myanmar Fashion အထည်ချုပ် စက်ရုံက အထည်အရေးကြီးလို့ ဆိုပြီး ညနက် အချိန်ပိုဆင်းခိုင်းတဲ့ အပြင် တနင်္ဂနွေပိတ်ရက်တွေပါ အနားမရဘဲ အလုပ်ဆင်းခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ ပုံမှန်အားဖြင့် မနက် ၈ နာရီမှာ အလုပ်စတင်ပြီး အချိန်ပိုအပါ ည ၇ နာရီမှာ အလုပ်ဆင်းပေမဲ့ ညနက် အချိန်ပိုတွေကို ၂၀၂၆ ဇန်နဝါရီလမှာ လုပ်ကိုင်နေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ညနက် ၁၂ နာရီ အချိန်ပိုကို ည ၁၂ နာရီထိကို အပေါ်ထပ်၊ အောက်ထပ် လူ ၂၀၀ ကျော် ၃၀၀ ကျော်အထိ နေ့တိုင်း ခေါ်ခိုင်းတယ်။ ဒီလို အချိန်ပိုတွေ ဆက်တိုက်ခေါ်နေတာကို သက်ဆိုင်ရာ ရုံးတွေမှာ ခွင့်ပြုချက်ယူတယ် ပြောတယ်။ “ လို့ ပြောပါတယ်။
 
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စိစစ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တစ်ပတ်အတွက် အချိန်ပို လုပ်ကိုင်ခွင့်ကို နာရီ ၂၀ ပဲ ခွင့်ပြုထားပါတယ်။ ဒါ့အပြင် အချိန်ပိုလုပ်ကိုင်ခွင့်အတွက် တပတ်ကြိုတင်ခွင့်ပြုချက် ရယူဖို့ပါ ညွှန်ကြားထားပါတယ်။
 
“အချိန်ပို ည ၁၂ နာရိအထိ ဆက်တိုက်ခေါ် ၊ ပိတ်ရက် မပေး၊ အချိန်ပိုပြီး မနက်ကြတော့ ကိုယ့်အစီအစဉ် အိမ်ပြန်၊ ပြီးတော့ အလုပ်ကို ချိန် အမီပြန်လာရတယ်။ ဒီလို ဆက်တိုက်ဖြစ်နေတော့ ကျန်းမာရေးထိခိုက် လာတယ်။ ဒီလို အချိန်ပိုတွေ ခေါ်ချင်သလိုခေါ်နေတာကို သက်ဆိုင်ရာရုံးတွေက သိလည်း အရေးမယူ ဆိုတော့ အလုပ်သမားတွေပဲ နစ်နာနေရတယ်” လို့ ပြောပါတယ်။
 
စက်ရုံဘက်က ဥပဒေချိုးဖောက်မှုတွေကို ၂၀၂၅ ခုနှစ်ကတည်း မြို့နယ်အဆင့် ရုံးတွေ စစ်ဆေးတာ၊ အရေးယူတာ မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဥပဒေဖျောက်ဖျက် အချိန်ပို ခေါ်ယူမှုတွေကို အရေးမယူလို့ စက်ရုံဘက် အလုပ်သမားတွေအပေါ် ဖိနှိပ်မှုတွေများပြားလာတယ်လို့ သိရပါတယ်။
 
"အချိန်ပိုကို မဖြစ်မနေ ဆင်းပေးရတယ်။ မဆင်းတာနဲ့ အမျိုးမျို ဖိနှိပ်တယ်၊ ခွဲခြား ဆက်ဆံတယ်၊ အချိန်ပိုဆင်းပြီလို့ အလုပ်ပြန်ဝင်တာ နောက်ကျရင် ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဆိုပြီး ဝမ်တိမ်ထိုး ကြရပါတယ်။” လို့ အလုပ်သမားတွေကပြောပါတယ်။
 
အလုပ်သမားတွေမှာ နားရက်မရှိ လုပ်ကိုင်ရပေမဲ့ ခွင်ရက် ခွင့်ပြုလုပ်တာ မရှိတဲ့ အပြင် အထည်စံချိန် တောင်းတာ၊ လုပ်ငန်းခွင်အတွင်း စောင့်ကြည့်မှုတွေပါ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက အထည်စံချိန်ဆိုလဲ အတင်းအဓမ္မတောင်း၊ အချိန်ပိုဆိုလည်း ခေါ်တာ ပိတ်ရက်မရှိ၊ ခွင့်တောင်းမရ၊ ပြီတော့ စက်ရုံထဲမှာ CCTV တတ်ထားတယ်။ လုံခြုံရေးအရ တပ်ထားတာထက်ပိုပါတယ်။ အခုက အမျိုးသမီးတွေ ဆို ယားလို့တောင် မကုတ်ရဲဘူး ။ အဲ့လိုကို မလုံခြုံတာပါ။ “ လို့ အမျိုးသမီးတဦးက ပြောပါတယ်။
 
အလုပ်သမားတွေရဲ့ နစ်နာမှုအတွက် တိုင်ကြားဖို့ WCC အဖွဲ့ရှိပေမဲ့ အဖွဲ့ဝင်တွေ မရှိလို့ အလုပ်သမားတွေအတွက် ပိုမို့ ခက်ခဲနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Sunrise Myanmar Fashion Garment စက်ရုံမှာ အလုပ်သမား ၁၀၀၀ နီးပါးနဲ့ လည်ပတ်လုပ်ကိုင်နေသော အထည်ချုပ်စက်ရုံဖြစ်တယ်။ ZEROSTAGE၊ WORKWEAR အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေပြီး စက်ရုံကရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်း မှာ ရှိပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026