NEWS

Sunrise (Myanmar) Fashion စက်ရုံ ဖူလုံရေးကတ်ဟောင်းအား လက်မခံဘဲ အလုပ်ထုတ်

CoverLogo
771 Views
 
Sunrise (Myanmar) Fashion စက်ရုံက မခင်မမမြတ်ဆိုတဲ့ အလုပ်သမားတဦးကို ဖူလုံရေးကတ်နဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးတဲ့အတိုင်း မလုပ်ဘဲ စောဒကတက်တယ်ဆိုကာ လာမဲ့ ဇန်နဝါရီ ၂၆ ရက်က စလို့ အလုပ်ကနေ ထုတ်ပယ်တယ်ဆိုပြီး စက်ရုံတာဝန်ရှိသူက ပြောခဲ့တယ်လို့ STUM ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
 
Sunrise (Myanmar) Fashion Co.,Ltd စက်ရုံမှာ နိုဝင်ဘာ ၁၇ ရက်က မခင်မမမြတ်က စက်ရုံကို အလုပ် စတင် ဝင်ရောက်ကတည်းက ပြုလုပ်ပြီး ဖူလုံရေးကတ်နဲ့ ဖူလုံရေးကြေးပေးသွင်းပေးဖို့ ပြောပြပြီး ကတ်မိတ္တူကို လိုင်းစာရေးမကို ပေးထားခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့ပေမဲ့ ဒီဇင်ဘာလထဲမှာ မခင်မမမြတ် ကျန်းမာရေး မကောင်းလို့ လှုမူဖူလုံရေးဆေးခန်းက ဆေးခွင့် ၃ ရက် ရရှိ ခဲ့ပေမဲ့ စက်ရုံ မန်နေဂျာက ခွင့်စာကြိုမတင်တဲ့အတွက် တရက်တည်းသာ ခွင့်ပေးပြီး ကျန်နှစ်ရက်ကို ခွင့်မဲ့အဖြစ် လစာ ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဇန်နဝါရီ လလယ်မှာလည်း မခင်မမမြတ် ကျန်းမာရေးမကောင်းတာကြောင့် ဖူလုံရေးဆေးခန်းရဲ့ ဆေးခွင့် စာရွက်ကို အဲ့ဒီနေ့ နေလယ်ပိုင်းမှာ စက်ရုံကို တင်ပြခဲ့ပေမဲ့ စက်ရုံမန်နေဂျာက ဖူလုံရေးကတ် အသစ်ပြုလုပ် ထားတာမို့ ဆေးခွင့် မပေးဘဲ လစာမဲ့ခွင့်သာ ပေးမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
 
ဒါကြောင့် မခင်မမမြတ်က HRရုံးခန်းကို သွားရောက်ပြီး စက်ရုံမဝင်မီကတည်းက ဖူလုံရေးကတ် ရှိထားလို့ ကတ်အသစ် မလုပ်နိုင်ဘဲ ကတ်အဟောင်းနဲ့ ဖူလုံရေးကြေးပေးဆောင်ပေးဖို့ ပြောကြားတာကို ပြန်လည် စောဒက တက်တယ်ဆိုပြီး လာမဲ့ ဇန်နဝါရီ ၂၆ ရက်မှာ အလုပ်ထုတ်ပယ်ဆိုပြီး ပြောဆိုခဲ့တာလို့ သိရပါတယ်။
 
“ မခင်မမမြတ်က စက်ရုံမှာ လုပ်သက်နည်းတော့ ဖူလုံရေးကတ် အသစ်ဆိုရင် ခံစားခွင့်နည်းတာပေါ့။ လုပ်သက် ၃ လဆိုတော့ ဆေးခွင့်ဆိုရင် ပိုက်ဆံလည်းမရတော့ဘူး။ လုပ်သက်အများကြီးရှိတဲ့ ကတ်ဟောင်းကို ပြန်ဆက် သွင်းမယ်ဆိုရင် ခံစားခွင့် အပြည့်ရမှာမို့ ပါ။ ဒါတွေကို စက်ရုံဘက်က လုပ်မပေးတာပါ။” လို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် (STUM) က ပြောပါတယ်။
 
မခင်မမမြတ်ကို ဖူလုံရေးဆေးခန်းဝန်ထမ်းက ကတ်နံပါတ်အသစ်မှာ လက်ထိုးမပေးတာမို့ ကတ်အဟောင်းနဲ့ ဖူလုံရေးကြေး ပေးသွင်းပေးဖို့ ပြောဆိုခဲ့ရာမှာလည်း HR စာရေးမက ဆောင်ရွက်မပေးနိုင်ဘူး ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။
Sunrise (Myanmar) Fashion စက်ရုံ Finishing ဌာန ရဲ့ အလုပ်သမား ကို၀င်းလှိုင်ဦးကိုလည်း ဂိတ်ပတ်စ် ယူတာကြောင့် အလုပ်ကထုတ်ပယ်မယ်လို့ စက်ရုံဘက်က ပြောဆိုခဲ့တယ်လို့လည်း STUM အဖွဲ့ဆီက သိရ ပါတယ်။
 
အလုပ်သမားနှစ်ဦးလုံးကို စက်ရုံဘက်က နို့တစ်လက်ခံတဲ့စာမှာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့ပေမဲ့ အလုပ်သမားတွေက ငြင်းဆန်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။ စက်ရုံက ဖွဲ့စည်းထားတဲ့ WCC အဖွဲ့ကလည်း အလုပ်သမားတွေအတွက် ညှိနှိုင်းပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
 
GLACIER Iusso၊HK EORKS LONDON စတဲ့ အထည်တွေ ချုပ်လုပ်နေတဲ့ Sunrise (Myanmar) Fashion Co.,Ltd စက်ရုံကတော့ ရန်ကုန်မြို့ ၊သာဓုကန်စက်မှုဇုန် ၊ ကျောက်စိမ်းလမ်းမှာအလုပ်သမား ၁၅၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတာ ၅ နှစ် နီးပါး ရှိပြီလို့ စက်ရုံအလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026