NEWS

Sunrise Myanmar Fashion Garment စက်ရုံ ပိတ်ရက် အစားထိုး လုပ်ကိုင်ခိုင်းမှု အိုတီလုပ်ခများ နစ်နာရ

CoverLogo
381 Views
 
စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ အစိုးရရုံး ပိတ်ရက် ၅ ရက် အတွက် ရက်အစား ၃ ရက်လုပ်ကိုင်ပေးရမယ်လို့ Sunrise စက်ရုံတာဝန်ရှိသူက ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီ ပိတ်ရက်တွေကို မတ် ၁၂ ကနေ မတ် ၁၆ ရက်အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
“အဲ့လို ပိတ်မယ်ဆိုတာကို သဘောတူ လားလို့ ဘယ်သူမှလာမမေးဘူး။ ၅ ရက်ပိတ်တယ် ရက်စား ၃ရက် ပြန်ပေး ရမယ်။ ဘာမှ ရှင်းမပြဘူး။ မပိတ်ရင် စက်ရုံ တရားစွဲ ခံရမှာလား။ အလုပ်သမာတွေဘက်ကို ကြည့် မပေးဘူး။ အစားထိုးရက်တွေ များလို့ အိုတီ နစ်နာရတယ်။” လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
လက်ရှိ အစားထိုး ပိတ်ရက် တရက်ကို ပုံမှန် အလုပ်ဖွင့်ရက်ဖြစ်တဲ့ မတ်လ ၁၅ ရက် စနေနေ့ သတ်မှတ် ထားတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် အစိုးရရုံးပိတ်ရက် နှစ်ရက်အစား လာမဲ့ စနေနေ့တွေ ဖြစ်တဲ့ မတ်လ ၂၂ ရက်နဲ့ မတ်လ ၂၉ ရက်တွေမှာ ရက်အစား ဆင်းခိုင်းထားတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
အလုပ်သမားဥပဒေအရ တပတ် ၄၄ နာရီ ကို သာမန်အလုပ်ချိန်သတ်မှတ်ထားပြီး အဲ့ဒီထက်ပိုတဲ့ အလုပ်ချိန်ကို အချိန်ပို အဖြစ်သတ်မှတ်ထားပါတယ်။ ဒါကြောင့် တပတ်အလုပ်ချိန် ၆ ရက်အတွင်း အလုပ်ချိန် ၄၄ နာရီထက် ကျော်လွန်တဲ့ စနေ့နေ့ နေ့တပိုင်းကို အချိန်ပို အဖြစ်သတ်မှတ် လုပ်ကိုင်ခိုင်းကြတာဖြစ်ပါတယ်။
“သဘောမတူရင် ကြိုက်တဲ့ နေရာတက်တိုင် ဆိုပြီး တောင် မန်နေဂျာက ပြောသေးတယ်။ အစိုးရပိတ်ရက်ဆိုပြီး သူတို့က ပိတ်ချင်တာ ။ အလုပ်သမားတွေက ပိတ်ချင်တာ မဟုတ်ဘူး။ ပိတ်ပေးပါ မတောင်းဆိုထားဘူး။ ဘယ်ရက်နဲ့ အစားထိုးပါတယ်ဆိုတာမျိုး သဘောတူ လက်မှတ် ထိုးရမှကို။ အခုတော့ လာမထိုးခိုင်းဘူး ၊ ဘယ်ရက်တွေ ပြန်ယူမလဲဆို တာလည်း မသိခဲ့ရဘူး "ဟု စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
Sunrise Myanmar Fashion Garment က ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် ၄ ၊ ကျောက်စိမ်း လမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမားအင်အား (၁၀၀၀) ကျော်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။

Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026