NEWS

Sunrise (Myanmar) Fashion အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌနှင့် အလုပ်သမားအချို့ အလုပ်ဖြုတ်ခံရ

CoverLogo
467 Views
 
Sunrise (Myanmar) Fashion အထည်ချုပ် စက်ရုံသမဂ္ဂ ခေါင်းဆောင်ကို စက်ရုံဘက်က အကြောင်းပြချက်မရှိ အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ ကူညီပေးရေးအဖွဲ့ဆီက သိရပါတယ်။ စက်ရုံက ရန်ကုန်မြို့ ၊ ရွှေပြည်သာ မြိုနယ်၊ ကျောက်စိမ်းလမ်း၊သာဓုကန်စက်မှုဇုန်မှာ လုပ်ငန်းလုပ်ကိုင်နေပြီး သမဂ္ဂအဖွဲ့ဝင်တချို့ကိုပါ အလုပ်ကနေ ထုတ်နေတာလို့ သိရပါတယ်။
 
“သမဂ္ဂ အဖွဲ့ဝင် တစ်ယောက်ချင်းစီကို ထုတ်နေတာ။ ပထမဆုံး သမဂ္ဂ ဥက္ကဋ္ဌကို အရင်ထုတ်တာ။” လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူက ပြောပါတယ်။
 
စက်ရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင်က သမဂ္ဂဖွဲ့စည်းဖို့ ဆောင်ရွက်နေစဉ် ဇန်နဝါရီ ၂၀ ရက်မှာ စက်ရုံမန်နေဂျာဆိုသူက အလုပ်ထုတ်စာနဲ့ ထုတ်ပယ်ခဲ့တာလို့ ပြောပါတယ်။
 
Sunrise (Myanmar) Fashion စက်ရုံဘက်က အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဟောင်းကိုလည်း အခုလို အလုပ်က ထုတ်ပယ်ခဲ့ပြီး ဒီနောက်မှာ အခွင့်အရေးတွေ ဆက်တိုက်ချိုးဖောက်နေတယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားသမဂ္ဂ ဖွဲစည်းဖို့ကြိုးစားတဲ့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်က ထုတ်ပယ်တာကို အလုပ်သမားဦးစီးဌာနဘက်က အရေးယူဖို့ ပျက်ကွက်နေတယ်လို့လည်း ကူညီသူတွေက ပြောပါတယ်။ အရေးယူဖို့ ပျက်ကွက်တာတွေကြောင့်အလုပ်ရှင်တွေဘက်က ဥပဒေကို အလေးမထားဘဲ ကျုးလွန် နေတာလို့လည်း ပြောပါတယ်။
 
အလုပ်သမားအခွင့်အရေးအား ချိုးဖောက်တဲ့ အလုပ်ရုံ၊စက်ရုံတွေကို ထိရောက်တဲ့ အရေးယူ အပြစ် မပေးတာနဲ့ သမဂ္ဂ ဖြိုခွဲတဲ့ လုပ်ရပ်ကို သွေးစည်းညီးညွတ်သောအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် STUM က ပြင်းထန်စွာ ရှုချပြီး Sunrise Union ဖြစ်မြောက်ရေးကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
Sunrise(Myanmar)fashion အထည်ချုပ်စက်ရုံက သမဂ္ဂခေါင်းဆောင်နဲ့အဖွဲဝင်တွေကို အလုပ်ထုတ်ပယ်တာ အပြင် အချိန်ပို အလွန်အကျွံခေါ်တာ၊ အလုပ်သမားတွေရဲ့ ဆန္ဒ မပါဘဲ အတင်းကျပ် အချိန်ပိုကို လုပ်ခိုင်းတာ၊ ငြင်းဆန်ပါက ဂရိတ်ချတာ၊ ရပိုင်ခွင့်ဖြတ်တာ၊ ခွဲခြားဆက်ဆံတာ ၊ အချိန်ပိုလုပ်ခ မရတာ၊ ဆဲဆိုခံရတာ၊ လုပ်ငန်းခွင်အတွင်း ဖြစ်သလို အိပ်ရတာ၊ ကြိုပို့ယာဉ်မပေးတာတွေကြောင့် မကြာခဏ တိုင်ကြားခံရတဲ့ အထည်ချုပ်စက်ရုံ ဖြစ်တယ်လို့ သိရပါတယ်။
 
Sunrise Myanmar fashion အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ကျော်နဲ့ GLOBAL WORK, WOLLYTEC, CINEMA CLUB, HARE, LEPSIL,URBAL FUNCTION , SINCE 1930 UNITED ATHLA, FINO-OUT, LOWRYS FARM, AIRTHERMAL စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ် နေတယ်လို အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
SHUN YU (MYANMAR) Garment တွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်
Jan 27, 2026
Cover
Mei Jie Myanmar အလုပ်နေရာ အတင်းအကျပ်ပြောင်း၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်း
Jan 27, 2026
Cover
တရုတ်နှစ်သစ်ကူးမတိုင်မီ “၀"ဒေသရှိ အလုပ်သမားများ၏ လုပ်ခလစာ ကို အကုန်ရှင်းပေးရမည်ဟု WSP ထုတ်ပြန်
Jan 27, 2026
Cover
Eternal Fashion အထည်ချုပ် စက်ရုံ အလုပ်နေရာ ပြောင်းရွှေ့ပြီး လုပ်ခ လုပ်စာ ခွဲခြားပေး ၊ ဖိနှိပ်
Jan 27, 2026
Cover
Sunrise Myanmar Fashion အထည်ချုပ် စက်ရုံ ညနက် အချိန်ပို အပြင် တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း
Jan 27, 2026
Cover
Tai Hong အထည်ချုပ် EC စာချုပ် ဖောက်ဖျက်ပြီး သတိပေးလက်မှတ်ထိုးခိုင်း
Jan 27, 2026
Cover
Tianjin fashion Milestone အထည်ချုပ် အလုပ်သမားတောင်းဆိုမှု ၁၈ ရက်ကြာမြင့်ပေမဲ့ ပြေလည်မှုမရ
Jan 24, 2026
Cover
Innovation Food Co.,Ltd ကုန်ကြမ်းမရှိသည့် ပိတ်ရက်အတွက် အစားထိုး အလုပ်ဆင်းခိုင်း
Jan 22, 2026