NEWS

Sunrise (Myanmar) Fashion စက်ရုံ ဖူလုံရေးကတ်ဟောင်းအား လက်မခံဘဲ အလုပ်ထုတ်

CoverLogo
436 Views
 
Sunrise (Myanmar) Fashion စက်ရုံက မခင်မမမြတ်ဆိုတဲ့ အလုပ်သမားတဦးကို ဖူလုံရေးကတ်နဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးတဲ့အတိုင်း မလုပ်ဘဲ စောဒကတက်တယ်ဆိုကာ လာမဲ့ ဇန်နဝါရီ ၂၆ ရက်က စလို့ အလုပ်ကနေ ထုတ်ပယ်တယ်ဆိုပြီး စက်ရုံတာဝန်ရှိသူက ပြောခဲ့တယ်လို့ STUM ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
 
Sunrise (Myanmar) Fashion Co.,Ltd စက်ရုံမှာ နိုဝင်ဘာ ၁၇ ရက်က မခင်မမမြတ်က စက်ရုံကို အလုပ် စတင် ဝင်ရောက်ကတည်းက ပြုလုပ်ပြီး ဖူလုံရေးကတ်နဲ့ ဖူလုံရေးကြေးပေးသွင်းပေးဖို့ ပြောပြပြီး ကတ်မိတ္တူကို လိုင်းစာရေးမကို ပေးထားခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့ပေမဲ့ ဒီဇင်ဘာလထဲမှာ မခင်မမမြတ် ကျန်းမာရေး မကောင်းလို့ လှုမူဖူလုံရေးဆေးခန်းက ဆေးခွင့် ၃ ရက် ရရှိ ခဲ့ပေမဲ့ စက်ရုံ မန်နေဂျာက ခွင့်စာကြိုမတင်တဲ့အတွက် တရက်တည်းသာ ခွင့်ပေးပြီး ကျန်နှစ်ရက်ကို ခွင့်မဲ့အဖြစ် လစာ ဖြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဇန်နဝါရီ လလယ်မှာလည်း မခင်မမမြတ် ကျန်းမာရေးမကောင်းတာကြောင့် ဖူလုံရေးဆေးခန်းရဲ့ ဆေးခွင့် စာရွက်ကို အဲ့ဒီနေ့ နေလယ်ပိုင်းမှာ စက်ရုံကို တင်ပြခဲ့ပေမဲ့ စက်ရုံမန်နေဂျာက ဖူလုံရေးကတ် အသစ်ပြုလုပ် ထားတာမို့ ဆေးခွင့် မပေးဘဲ လစာမဲ့ခွင့်သာ ပေးမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
 
ဒါကြောင့် မခင်မမမြတ်က HRရုံးခန်းကို သွားရောက်ပြီး စက်ရုံမဝင်မီကတည်းက ဖူလုံရေးကတ် ရှိထားလို့ ကတ်အသစ် မလုပ်နိုင်ဘဲ ကတ်အဟောင်းနဲ့ ဖူလုံရေးကြေးပေးဆောင်ပေးဖို့ ပြောကြားတာကို ပြန်လည် စောဒက တက်တယ်ဆိုပြီး လာမဲ့ ဇန်နဝါရီ ၂၆ ရက်မှာ အလုပ်ထုတ်ပယ်ဆိုပြီး ပြောဆိုခဲ့တာလို့ သိရပါတယ်။
 
“ မခင်မမမြတ်က စက်ရုံမှာ လုပ်သက်နည်းတော့ ဖူလုံရေးကတ် အသစ်ဆိုရင် ခံစားခွင့်နည်းတာပေါ့။ လုပ်သက် ၃ လဆိုတော့ ဆေးခွင့်ဆိုရင် ပိုက်ဆံလည်းမရတော့ဘူး။ လုပ်သက်အများကြီးရှိတဲ့ ကတ်ဟောင်းကို ပြန်ဆက် သွင်းမယ်ဆိုရင် ခံစားခွင့် အပြည့်ရမှာမို့ ပါ။ ဒါတွေကို စက်ရုံဘက်က လုပ်မပေးတာပါ။” လို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် (STUM) က ပြောပါတယ်။
 
မခင်မမမြတ်ကို ဖူလုံရေးဆေးခန်းဝန်ထမ်းက ကတ်နံပါတ်အသစ်မှာ လက်ထိုးမပေးတာမို့ ကတ်အဟောင်းနဲ့ ဖူလုံရေးကြေး ပေးသွင်းပေးဖို့ ပြောဆိုခဲ့ရာမှာလည်း HR စာရေးမက ဆောင်ရွက်မပေးနိုင်ဘူး ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။
Sunrise (Myanmar) Fashion စက်ရုံ Finishing ဌာန ရဲ့ အလုပ်သမား ကို၀င်းလှိုင်ဦးကိုလည်း ဂိတ်ပတ်စ် ယူတာကြောင့် အလုပ်ကထုတ်ပယ်မယ်လို့ စက်ရုံဘက်က ပြောဆိုခဲ့တယ်လို့လည်း STUM အဖွဲ့ဆီက သိရ ပါတယ်။
 
အလုပ်သမားနှစ်ဦးလုံးကို စက်ရုံဘက်က နို့တစ်လက်ခံတဲ့စာမှာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့ပေမဲ့ အလုပ်သမားတွေက ငြင်းဆန်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။ စက်ရုံက ဖွဲ့စည်းထားတဲ့ WCC အဖွဲ့ကလည်း အလုပ်သမားတွေအတွက် ညှိနှိုင်းပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
 
GLACIER Iusso၊HK EORKS LONDON စတဲ့ အထည်တွေ ချုပ်လုပ်နေတဲ့ Sunrise (Myanmar) Fashion Co.,Ltd စက်ရုံကတော့ ရန်ကုန်မြို့ ၊သာဓုကန်စက်မှုဇုန် ၊ ကျောက်စိမ်းလမ်းမှာအလုပ်သမား ၁၅၀၀ ဝန်းကျင်နဲ့ လည်ပတ်နေတာ ၅ နှစ် နီးပါး ရှိပြီလို့ စက်ရုံအလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
တရားမ၀င် မိန်းမတောင်းသည့် တရုတ်နိုင်ငံသားနှင့်စကားပြန်တို့ကို လူကုန်ကူးမှုဖြင့်အရေးယူထားဟုဆို
Feb 08, 2025
Cover
အလုပ်သမားများအခွင့်အရေးများချိုးဖောက်ခံနေရပြီး နားရက်မရှိ အချ်ိန်ပိုဆင်းပေးနေရ
Feb 08, 2025
Cover
Opal 1 စက်ရုံလုပ်သားများအား  ပြည်ပဝန်ထမ်းက ကြမ်းတမ်းစွာဆက်ဆံ ခိုင်းစေ
Feb 08, 2025
Cover
YUHUA အထည်ချုပ်စက်ရုံ အပြောင်းအလဲမရှိဘဲ အချိန်ပိုခေါ်ခိုင်းလို့ တလ နှစ်ရက်သာ အနားရ
Feb 07, 2025
Cover
Myanmar QI Yuan Garment အချိန်ပို အတင်းအကျပ် ခိုင်းစေနေ
Feb 07, 2025
Cover
မူဆယ်မှာ အထည်ချုပ်လုပ်ငန်းလုပ်ရန်သွားရောက်တဲ့ လူထောင်နဲ့ချီပိတ်မိနေ
Feb 06, 2025
Cover
စက်ရုံအလုပ်သမားများ ဆဲဆိုကြိမ်းမောင်းခံရမှုနဲ့ အတူလုပ်အားခခေါင်းပုံဖြတ်ခံနေရ
Feb 05, 2025
Cover
ဥပဒေမဲ့အလုပ်ထုတ်ခံရလို့ Ooredoo Myanmar ကိုတရားစွဲဆိုထားတဲ့အမှု ဖေဖော်ဝါရီ ၂၅ ရက်သို့ ပြန်လည်ချိန်းဆို
Feb 05, 2025