NEWS

Sunrise အထည်ချုပ်စက်ရုံ နေ့စဉ် အချိန်ပိုတွေအပြင် နားရက်မရှိ လုပ်ကိုင်နေရ

CoverLogo
392 Views
 
Sunrise Myanmar Fashion Garment စက်ရုံမှာ နေ့စဉ် အချိန်ပို လုပ်ကိုင်နေရတဲ့ အပြင် တနင်္ဂနွေလို နားရက်တွေ အနားမရဘဲ လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နေ့စဉ် အချိန်ပို ည ၇ နာရီအထိ ပုံမှန်လုပ်ကိုင်ပေးရတဲ့ အပြင် ပြီးခဲ့ဇွန်လ တလုံး ညနက် ၁၂ နာရီအထိ လုပ်ကိုင်ပေးရတယ်လို့ ပြောဆိုပါတယ်။
 
“ည ၇ နာရီထိ ဆင်းရပါသည်။ တနင်္ဂနွေနေ့ ပိတ်ရက်တွေမှာ အချိန်ပိုတွေဆင်းရတယ်။ အလုပ်ပိတ်ရက်မရှိသလောက်ပါပဲ။ စက်ရုံ တစ်ရုံးလုံး အလုပ်သမားတွေလည်း တနင်္ဂနွေနေ့တွေမှာ အချိန်ပိုလုပ်ရတာ ရတယ်။ တခါတလေတော့ လူခွဲလုပ်ရတယ်။ ဇွန်လ တစ်လလုံးကို ည ၁၂ နာရီထိ လုပ်ခဲ့ရတယ်။ အမြဲ အလုပ်သမား ၁၀၀ ကနေ ၂၀၀ ထိ ခေါ်ခိုင်းတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ညနက် အချိန်ပို ပြီးလို့ နေအိမ်အပြန် ကြိုပို့ ပတ်ကားနဲ့ ပြန်ရလို့ ည နက် ၁ နာရီခွဲလောက်မှာ ပြန်ရောက်ကြတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မနက် ၈ နာရီ အလုပ် အမီ ပြန်လာရလို့ အလုပ်သမားတွေ ကျန်းမာရေးထိခိုက်လာတယ်လို့လည်း ဆိုပါတယ်။
 
“ကျန်းမာရေးလည်း ထိခိုက်တယ်။ အလုပ်သမား အရမ်းပင်ပန်းကတော့ သူရဲပူးသလိုတွေလည်း ဖြစ်တယ်။ သြဂုတ်လထဲမှာ ဆက်တိုက်ဖြစ်။ မန်နေဂျာတွေက သရဲပူးတာမဟုတ်ဘူး။ ဒီလို ပူးတဲ့သူတွေကို ပါးတွေရိုက်တယ်၊ စက်ရုံထဲကဆွဲထုတ်ပါတယ်။ နောက်ပူးလျှင် အလုပ်ကထုတ် မည်ဆိုပြီး ပြောတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒီလို ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ လူငယ် အလုပ်သမားတွေမှာ အချိန်ပို ည ၁၂ နာရီ အထိ လုပ်ကိုင်ရမှာ စိုးရိမ်ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို အလွန််အကျွံ လုပ်ကိုင်ရလို့ တိုင်ကြားမှုတွေကို လာရောက်စစ်ဆေးပေမဲ့ တနင်္ဂနွေနေ့တွေ အနားမပေးဘဲ ဆက်လက် ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံအတွင်း လေဝင်လေထွက် မကောင်းတာကြောင့် အလုပ်သမားတွေမှာ အပူဒဏ် ပြင်းထန်စွာ ခံစားနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက မီးမရလို့ မီးစက်နိုးမရလို့ဆိုပြီး စက်ရုံက ပန်ကာတွေ၊ အပူစုပ်ပန်ကာတွေ ဖွင့်မပေးဘူး။ မီးလာလည်း မဖွင့်ဘူး။ အလုပ်သမားတွေကို အဲဒီတိုင်း အလုပ်လုပ်ခိုင်းပါသည်။ အပြင်က တအားပူရင် အလုပ်လုပ်ရတာ ပူလောင်နေတာပဲ။ ပန်ကာဖွင့် ဖို့ ပြောတော့ မန်နေဂျာက ပြောတဲ့ အလုပ်သမားတွေကို ပြောဆိုတယ်။” လို့ ပြောပါတယ်။
 
Sunrise Myanmar Fashion Garment စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်းမှာ အလုပ်သမား (၈၀၀) ကျော် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံက ချုပ်နေတဲ့ BURTLE တံဆိပ်က ဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီပိုင်ဆိုင်ပါတယ်။ လက်ရှိ စက်ရုံမှာတော့ WCC အဖွဲ့ ရှိပေမဲ့ အလုပ်သမားသမဂ္ဂတော့ ဖွဲ့စည်းထားတာ မရှိပါဘူး။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026