NEWS

Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို

CoverLogo
474 Views
 
Sunlong Sprot စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေပါ။ စက်ရုံမှာ အားကစားလက်အိတ်တွေ ချုပ် ပါတယ် ။ စက်ရုံက ပုလဲလမ်း၊ သာဓုကန်စက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်မှာ ရှိပါတယ်။ နွားခြံမှတ်တိုင်နဲ့ သိပ်မဝေးပါဘူးရှင့် ။
 
Sunlong Sport စက်ရုံက A ရုံ B ရုံဆိုပြီးခွဲထားပါတယ် ။ ညီမတို့က လုပ်သား ၂၀၀နဲ့ လည်ပတ်နေတဲ့ A ရုံကပါ လုပ်ငန်းခွင်ထဲမှာ စက်ရုံအလုပ်သမားတွေကို အောစူပါက ဖိနှိပ်ပါတယ်။ ဖူလုံရေးခွင့်(ဆေးခွင့်) ခွင့် မပေးဘူလို့ ပြောလို့ပါ။ အထက်လူကြီးဆိုပြိး အပြောဆိုလည်းကြမ်းတမ်းပြီး နိုင့်ထက်စီးနင်းလုပ်ပါတယ်။
 
စက်ရုံက တရားဝင် လူမှုဖူလှုရေးခွင့်နဲ့ ရပျက်ရင် ခွင့်ရပါတယ်။ ဒါပေမဲ့ အဲဒီ ဖူလှုရေးခွင့်နဲ့ ရက်ပျက်တဲ့ သူတွေကို အလုပ်ပြန်တတ်ရင် အောစူပါက ပြောဆိုပါတယ်။
 
နောက် ဖူလုံရေးခွင့်ထပ်ယူရင် မပေးဘူးလိုလည်း သူ့က ပြောပါတယ် ။ ခွင့်ယူလို့ ပြောဆိုတဲ့ အပြင် ဆုကြေးတွေ လျှော့တာ၊ မပေးတာတွေရှိပါတယ်။ ဆေးခွင့်ဆိုတာ တရားဝင်ရတဲ့ခွင့်လို့ သိထားပါတယ်။ လျှော့ချလို့ရလား၊ မပေးလို့ ရလား ညီမတို့ သိချင်ပါတယ်။
 
အောစူပါက စကားအပြောဆို ကြမ််းတမ်းပါတယ် ။ အထက်လူကြီးဆိုပြီးအာဏာပြပါတယ်။ လိုင်းစူပါတွေကို အထည်စံချိန်တွေ တောင်းတယ်။
 
အလုပ်သမားတွေကို စက်ရုံက လူကြီးတွေတောင် မအော် မပြောပါဘူး။ အောစူပါဆိုပြီး အာဏာပြပြီးပြောပါတယ်။ ပြောတယ်ဆိုတဲ့ အကြောင်းအရာတွေကလည်း အလုပ်နဲ့ ပတ်သတ်တာတွေ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးတွေ ပါ ပြောဆိုတာပါ။
 
စက်ရုံခွဲ ထိုင်းမှာဖွင့်ဖို လူတွေခေါ်ပါတယ် ။ အောစူပါက သူမကြိုက်တဲ့သူတွေဆို အလုပ်မတော်ဘူး ဘာမှ မတတ်ဘူးဆိုပြီး တရုတ်တွေကို မခေါ်ခိုင်းပါဘူး။ သူနဲ့ပတ်သတ်သမျှ လူတွေကိုတော့ ခေါ်ပါတယ် ။
စက်ရုံမှာ WCC ရှိလား၊ သမဂ္ဂရော မရှိပါဘူး ရှင့် ။
 
အောစူပါကဲ့ ညီမက အလုပ်က တရုတ်ဆရာနဲ့ ယူမှာမို သူက နိုင်ထက်စီးနင်း လုပ်နေတာပါ။ ကြိုက်တဲ့သူသွားတိုင် ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ အလုပ်သမားတွေရဲ့ လူမှုအခွင့်အရေး ချိုးဖောက်နေလို့ အခုလို ပြောပြတာပါ ရှင့် ။
စက်ရုံမှာ HR ကနှစ်ယောက်တည်း ရှိတာပါ။ သူ့တို့ဆီကနေ အောစူပါတွေ ပြန်သိရရင် ပိုမဲပြီး ပြောဆိုတာတွေ ရှိပါတယ်ရှင့် ။ နောက်ပြီး အလုပ်သမားတွေပြဿနာတွေကို စက်ရုံက ဖြေရှင်း မပေးပါဘူး ရှင့်။
 
 

Related posts

Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Tha Shu Myanmar အထည်ချုပ် လုပ်ငန်းခွင် ထိခိုက်မှုအား တာဝန်မယူဘဲ ဆေးခွင့်ပါ မပေး
Aug 10, 2026
Cover
RAINBOWTEC အထည်ချုပ် အမျိုးသားအလုပ်သမားများအား သုံးလတကြိမ် အလုပ်ထုတ်
Aug 10, 2026
Cover
SINOPROUND စက်ရုံ အထည်စံချိန် တောင်းလို့ နားချိန်မရဘဲ ချုပ်ပေးရ
Aug 10, 2026
Cover
Huayin TJ Denim Garment စက်ရုံ အပ်ချည်နဲ့ ချည်လုံးအတွက် တစ်ရက် ၁၂၀၀ ဖြတ်ယူ
Aug 10, 2026
Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026