NEWS

Sunlong (Myanmar) Sports စက်ရုံ အချိန်ပို ဆက်လက် ခိုင်းစေနေ

CoverLogo
651 Views
 
စန်းလုံ Sunlong (Myanmar) Sports Co.,Ltd အိပ်ချုပ်စက်ရုံက အချိန်ပို ဆက်လက်ခေါ်ယူ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နေ့စဉ် ည ၈ နာရီခွဲ အထိ လုပ်ကိုင်နေရပြီး ပိတ်ရက်တွေမှာ နားရက်မရဘူးလို့ ပြောပါတယ်။
 
"အခုထိ ၈ ခွဲထိဆင်းနေရလို့ပါ။ စက်ရုံအကြာင်းသတင်းမှာ ပါတော့၊ အဲ့နေ့ ၆ ခွဲ ပြန်လွှတ်တယ်။ နောက်ရက်ကြ ၈ ခွဲပဲ ပြန်ခေါ်တာ။" လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စနေနေ့တွေမှာ ညနေ ၆ ခွဲက အထိ လုပ်ကိုင်ရတာဖြစ်လို့ သတ်မှတ်အချိန် တပတ် နာရီ ၂၀ ထက် ကျော်လွန် လုပ်ကိုင်နေရတာလည်း ဖြစ်ပါတယ်။
 
"စနေတစ်ရက်ပဲ ညနေ ၆ခွဲဆင်းရပါတယ်။တခြားရက်တွေက ၈နာရီခွဲအထိဆင်းရပါတယ်။၄လပိုင်းထဲက ၈ခွဲအထိဆင်းရပါတယ်။ အခု ၇လပိုင်းရောက်နေပြီ အခုထိ ဆင်းနေရပါတယ်။ အလုပ်ချိန်နောက်ကျတော့အိမ်ပြန်ရတာလည်းအဆင်မပြေလို့ပါ။ ကြာလာတော့ကျန်းမာရေးလည်း ထိခိုက်ပါတယ်။မဆင်းလို့လည်းမရဘူး၊ ဆင်းနေရပါတယ်။ မဆင်းရင်လည်းဆူပူပါတယ်။" လို့ အလုပ်သမား တဦးက ပြောပါတယ်။
 
အချိန်ပိုကို တနင်္ဂနွေ နားရက်တွေမှာပါ တစ်ပတ်ခြားလုပ် ကိုင်ရတယ်လို့ ပြောပါတယ်။ လုပ်ငန်းခွင် လုက်ရတာ အဆင်ပြေပေမဲ့ အချိန်‌ပို လုပ်ကိုင်ရတာ အဆင်မပြေ ဖြစ်တာလို့ ပြောပါတယ်။
 
"အလုပ်ပြောင်းရွှေ့ဖို့ကလည်းအဆင်မပြေပါဘူး။ လူအများစုက အချိန်ပိုတွေ မဆင်းနိုင်ကြပါဘူး။ တချို့လည်း နေတဲ့နေရာနဲ့ အလုပ်နဲ့က ဝေးတော့ အိမ်ရောက်တာနဲ့ညဉ့်နက် တော့ အဆင်မပြေကြဘူး။ OT မဆင်းချင်လို့ ပြန်ရင်လည်း ဂိတ်ပက်စ် ယူရတာမလွယ်ဘူး။လက်မှတ်တွေ အဆင့်ဆင့်ထိုးခိုင်းရတော့ တခါတလေပဲ ပြန်ဖို့အခွင့်ရေးရတာ။ OT ချိန် ပြန်Otကြေးပဲမရတာပါရှင့် ၊ အခြားထဲကတော့ မဖြတ်ပါဘူးရှင့်"လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Sunlong (Myanmar) Sports Co.,Ltd စက်ရုံက ရန်ကုန်မြို့ရွှေပြည်သာ မြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ နွားခြံမှတ်တိုင်အနီး ၊ Maxဆီဆိုင်အရှေ့ မှာ ရှိတယ်လို့ သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026