ကိုရီယားနိုင်ငံသားပိုင် Sung BO စက်ရုံမှာလုပ်ငန်းခွင်တွင်း ခွဲခြားဆက်ဆံတာတွေရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အဆိုပါ စက်ရုံမှာ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ ရွှေရင်အေးကျောင်းလမ်း တွင် ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား ထောင်ကျော်နဲ့ လုပ်ငန်းလည်ပတ် နေတာပါ။
ကိုရီယားနိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ WCC အဖွဲ့ ရှိတယ်လို့ သိရပါတယ်။
"ကျွန်တော်တို့က day ကြေးကို ၄၈၀၀ ကနေ ၅၆၀၀ ထိ တိုးတောင်းတယ်။ စက်ရုံနဲ့နှစ်ဖက်ညှိပြီး ၅၂၀၀ နဲ့ လက်ခံလိုက်တယ်။ အချိန်ပို ကြေးက ၁၃၀၀ပေါ့။နောက်ကျွန်တာ်တို့က grade ကြေးလည်း ထပ်တိုးပေးဖို့ တောင်းဆိုတယ်။အမြင့်ဆုံး တစ်သောင်းထိ တိုးပေးဖို့တောင်းတယ်။ သုတို့က အဆင့် A B C သတ်မှတ်ပြီးတိုးပေးဖို့က နှုတ်နဲ့တော့ သဘောတူတယ်။ တောင်းဆိုတဲ့ ကျွန်တာ်တို့ ၁၇ ယောက်ကိုတော့ day ကြေးကို ၄၈၀၀ ပြန်ပေးမယ်။OTလည်း ဆင်းစရာ မလိုဘူးလို့ မန်နေဂျာက ပြောတယ်' လို့ နစ်နာသူအလုပ်သမားက ပြောပါတယ်။
ခွဲခြားဆက်ဆံခံရသူ ၁၇ဦးတွင် အမျိုးသား ၉ဦး အမျိုးသမီး ၈ဦး ပါဝင်ပြီး လုပ်သက်၆နှစ် နီးပါးမှ တစ်နှစ်ကျာ်အထိ ပါဝင်တယ်လို့ သိရပါတယ်။
'ကျွန်တော်တို့ cutting ဌာနက၁၇ယောက်တည်းကို ခွဲခြားဆက်ဆံတာပါ။ ကျွန်တော်တို့က တောင်းဆိုတဲ့အချိန် နာရီပိုင်းလေးခဏတော့အလုပ်မလုပ်ဘဲ နေမိတယ်။ ကျန်တာတော့ မရှိပါဘူး။ အခု ကျွန်တော်တို့ကိုလည်း ၅၂၀၀ ပေးဖို့ စက်ရုံကို စာပြန်တင်ထားတယ်။ မထူးရင်တာ့ လာမယ့်တနင်္လာ ကို အလုပ်သမားရုံးကို တိုင်စာသွားပို့မယ်'လို သူက ပြောပါတယ်။
အဆိုပါစက်ရုံတွင် CMP , sinsay စတဲ့အမှတ်တံဆိပ် အကျီ ဘောင်းဘီ ကျောပိုးအိတ် စတာ တွေကို ချုပ်လုပ်ပြီး စက်ရုံသက်တမ်း ၆နှစ်ကျော် ရှိပြီလို့ သိရပါတယ်။
#MyanmarLabourNews
NEWS
Sung BO စက်ရုံလုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံတာတွေ လုပ်ဆောင်နေဟုဆို

1.2K Views
Related posts

Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026

S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026

Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026

Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026

Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026

Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026

Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026

စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
