NEWS

SUDEY Industrial Myanmar Co.,Ltd သင်္ကြန်ရက်အစားမဆင်းပါက ပိတ်ရက်ခ မပေးဟု ခြိမ်းခြောက် အလုပ်ဆင်းခိုင်း

CoverLogo
847 Views
 
ပဲခူးမြို့၊ ကလိကျေးအုပ်စု၊ တပ်ကလေး ကျေးရွာက Sudey အထည်ချုပ်စက်ရုံက သင်္ကြန်ပိတ်ရက်အတွက် ရက်အစားမဆင်းပါက ပိတ်ရက်တွေအတွက် လစာမပေးဘူးဆိုပြီး တာဝန်ရှိသူတွေက ပြောဆိုတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
“သင်္ကြန်ရက် ကြိုပိတ်မယ်ပြောပြီး၊ တနင်္ဂနွေပိတ်ရက်မှာ အလုပ်လုပ်ခိုင်းပြီး အစားထိုးရက်ဆိုပြီး ပြောတယ်။ အလုပ်သမားတွေက လက်မခံတော့၊ မဆင်းရင် သက်ြန်ပိတ်ရက်ခ မပေးဘူး ပြောတယ်။ လက်မှတ်လည်း အတင်းထိုးခိုင်းပါတယ်။ “ လို့ စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
 
သင်္ကြန်ပိတ်ရက်မှာ ဧပြီ ၁၃ ရက်ကနေ ၂၁ ရက်အထိ တရားဝင်ထုတ်ပြန်ထားပေမဲ့ စက်ရုံဘက် ဧပြီ ၁၁ ရက်က စပြီး စက်ရုံပိတ်ထားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါတဲ့ အဲဒီ ပိတ်ရက်နှစ်ရက်အတွက် ရက်အစားကိုဧပြီ ၅ ရက်နဲ့ ၆ ရက်တွေမှာ လုပ်ကိုင်ပေးဖို့ အတင်းအကျပ် လက်မှတ်ထိုး ဆင်းခိုင်းခဲ့တာလို့ အလုပ် အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံကြိုပိတ်မယ်ဆိုတာ အလုပ်သမားတွေက တောင်းဆိုခဲ့တာလည်းမဟုတ်ဘူး။ သဘောဆန္ဒကို မေးမြန်းခဲ့တာ မဟုတ်ဘူး။ စက်ရုံက သူတို့သဘောနဲ့ သူတို့ပိတ်ပြီးဆင်းခိုင်းခဲ့တာ။ အလုပ်သမားတွေက လုံးဝ သဘောမတူခဲ့ဘူး။ အဲ့တော့ သင်္ကြန်ပိတ်ရက်ခကို လစာမပေးဘူးဆိုပြီး ခြိမ်းခြောက် ခဲ့တာ။”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေမှာ ကြီးကြပ်ရေးမှူးတွေရဲ့ ဆဲဆိုတွေကို ခံစားနေရပြီး တချို့ ကြီးကြပ်မှူးတွေက ကိုယ်ထိလက်ရောက် ပြုမှုတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စူပါတွေက အလုပ်သမားတွေကို လက်ပါတယ်။HR ကလည်းအရေးမယူပေးပါဘူး။ HRတွေက မသိသလိုလုပ်ပြီး ဝန်ထမ်းတွေကို ကာကွယ်မပေးဘူး။ သူတို့က စပြီးအော်ဟစ် ပြောတယ်။ ညဘက် အိုတီခေါ်တယ်။ မဆင်းရင်လည်း အလုပ်ထုတ်မယ်မလာနဲ့တော့ဆိုပြီး အတင်းဆင်းခိုင်းတာ။”လို့ ပြောပါတယ်။
 
၂၀၂၃ ခုနှစ် ဩဂုတ်လမှာ SUDEY Industrial Myanmar Co.,Ltd က ကြီးကြပ်သူ စူပါတွေရဲ့ ဆဲဆို အထည်စံချိန်တောင်းမှုတွေက ဂုဏ်သိက္ခာမဲ့ အရှက်ရအောင် ပြုလုပ်နေသလို ခံစားနေရတယ်လို့ စက်ရုံ အလုပ်သမားကပြောဆိုထားပါတယ်။
 
SUDEY အထည်ချုပ် စက်ရုံကို တရုတ်နိုင်ငံသားတဦး ပိုင်ဆိုင်ပြီး အလုပ်သမား ၁၀၀၀ ကျော်က ကိုရီးယာအထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026