NEWS

Sudey အထည်ချုပ် အောလင်းအချိန်ပိုဆင်းခိုင်း၊ ဘုရားဖူးလုပ်သားများအခက်တွေ့

CoverLogo
316 Views
 
Sudey အထည်ချုပ်စက်ရုံ အောလင်းခိုင်းနေ ပဲခူး အခြေစိုက် sudey အထည်ချုပ်စက်ရုံက ဒီကနေ့ ဇူလိုင် ၈ ရက်ညမှာ အလုပ်သမား အားလုံး အောလင်း မနက်အစော ၄ နာရီ အထိ လုပ်ကိုင်ဖို့ ပြောဆိုထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ဒီကနေ့ အဖိတ်နေ့မှာ အောလင်း ဆိုပြီး မနက်၄နာရီအထိ ဆင်းခိုင်းနေပါတယ် ။" လို့ ပြောပါတယ်။ လပြည့်နေ့မှာ ဘုရားသွားလိုတာမို့ အောလင်း မဆင်းဖို့ ငြင်းဆန်‌ ပေမဲ့ ကြီးကြပ်သူ‌တွေက ခြိမ်းခြောက် ပြောဆိုတယ်လို့ ပြောပါတယ်။
 
"မဆင်း ချင်ဘူးလို့ပြောတော့လည်း ၊အောလင်း မဆင်းရင် မနက်ကထည်းက မလာနဲ့လို့ ပြောတော့ ရက်မှန်ကြေးမရမှာစိုးတယ်။ အဲ့လို ဖြစ်တော့ မဆင်းချင်ပဲ အိုတီ ot လက်မှတ်ထိုးပေးလိုက်ကြရပါတယ်။" လို့ အလုပ်သမား‌တွေက ပြောပါတယ်။
 
Sudey အထည်ချုပ်စက်ရုံက CMP လုပ်ငန်း အမျိုးအစားဖြစ်ပြီး တရုတ်နိုင်သားပိုင်ဆိုင်ပါတယ်။ ၁၀၀ ရာခိုင်နှူန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား ၁၅၀၀ ကျော် လုပ်ကိုင်နေပါတယ်။ စက်ရုံကတော့ ကလိ တပ်ကလေးကျေးရွာ၊ ပဲခူးမြို့နယ်၊ ပဲခူးမြို့မှာ ရှိပါတယ်။

Related posts

Cover
Myanmar LNY (2) ဦးထုတ်စက်ရုံက ဌာနပြောင်း လစာလျှော့ချမှုတွေ ပြုလုပ်နေ
Dec 16, 2025
Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025
Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025