NEWS

STYLE & SMART အထည်ချုပ်စက်ရုံ အတင်းအကျပ် အချိန်ပိုဆင်းခိုင်းမှု တလနီးပါး ရှိလာ

CoverLogo
438 Views
 
STYLE & SMART အထည်ချုပ်စက်ရုံက အချိန်ပို မိုးအလင်း အတင်းအကျပ် လုပ်ကိုင်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ မိုးအလင်း အချိန်ပို လုပ်ကိုင်ခိုင်းတာ ဇွန်လ တစ်လ လုံးနီးပါး
 
ရှိနေပြီလို့လည်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM ကို အလုပ်သမားတွေက ပြောပါတယ်။ “ဒီစက်ရုံက ညလုံးပေါက် မိုးလင်း ဆက်တိုက် ခေါ်တာ ၃ ပတ် လောက်ရှိပြီ။ အလုပ်သမားတွေလည်း လုံးဝ မလုပ်နိုင် တော့ဘူး”
 
၂၀၂၂ ခုနှစ်အတွင်း အလုပ်ရုံနှင့် အလုပ်သမာဥပဒေ စစ်ဆေးဦးစီးဌာနက အချိန်ပို လုပ်ကိုင်တာနဲ့ ပတ်သက်ပြီး ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ညွှန်ကြားချက်မှာ အချိန်ပို လုပ်ကိုင်ခိုင်းဖို့ အလုပ်သမားတွေရဲ့ သဘောတူချက်ကို ကြိုတင် ရယူဖို့၊ တပတ် အချိန်ပို အလုပ် နာရီ ၂၀ ထက် မကျော်ဖို့ကို အလုပ်ရုံတာဝန်ခံနဲ့ အလုပ်ရှင်က တာဝန်ခံရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် အချိန်ပိုလုပ်ကိုင်ခိုင်းဖို့ကို အလုပ်သမားရုံးတွေကို တင်ပြရမှာဖြစ်ပြီး ခွင့်ပြုချက်တွေကို အလုပ်သမားတွေမြင်သာ စက်ရုံကြေညာ ဆိုင်းပုဒ်တွေမှာ ကပ်ထားဖို့ လိုအပ်ပါတယ်။
 
စက်ရုံဘက်ကတော့ မနေ့(ဇွန်လ ၂၅) ရက်မှာလည်း အချိန်ပိုကို အတင်းအကျပ် ဆက်လက်လုပ်ကိုင်ခိုင်း ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဒီနေ့ညလည်း ညလုံးပေါက်ထပ်ဆင်းခိုင်းတယ်။ မဆင်းမနေရတဲ့ ” လို့ အလုပ်သမားတွေက ပြောကြား ပါတယ်။ STYLE & SMART Myanmar Co.,Ltd စက်ရုံမှာ Sinsay, Velilla စတဲ့ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေပါတယ်။ စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်မှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026