NEWS

STYLE & SMART အထည်ချုပ်စက်ရုံ အတင်းအကျပ် အချိန်ပိုဆင်းခိုင်းမှု တလနီးပါး ရှိလာ

CoverLogo
237 Views
 
STYLE & SMART အထည်ချုပ်စက်ရုံက အချိန်ပို မိုးအလင်း အတင်းအကျပ် လုပ်ကိုင်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ မိုးအလင်း အချိန်ပို လုပ်ကိုင်ခိုင်းတာ ဇွန်လ တစ်လ လုံးနီးပါး
 
ရှိနေပြီလို့လည်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM ကို အလုပ်သမားတွေက ပြောပါတယ်။ “ဒီစက်ရုံက ညလုံးပေါက် မိုးလင်း ဆက်တိုက် ခေါ်တာ ၃ ပတ် လောက်ရှိပြီ။ အလုပ်သမားတွေလည်း လုံးဝ မလုပ်နိုင် တော့ဘူး”
 
၂၀၂၂ ခုနှစ်အတွင်း အလုပ်ရုံနှင့် အလုပ်သမာဥပဒေ စစ်ဆေးဦးစီးဌာနက အချိန်ပို လုပ်ကိုင်တာနဲ့ ပတ်သက်ပြီး ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ ညွှန်ကြားချက်မှာ အချိန်ပို လုပ်ကိုင်ခိုင်းဖို့ အလုပ်သမားတွေရဲ့ သဘောတူချက်ကို ကြိုတင် ရယူဖို့၊ တပတ် အချိန်ပို အလုပ် နာရီ ၂၀ ထက် မကျော်ဖို့ကို အလုပ်ရုံတာဝန်ခံနဲ့ အလုပ်ရှင်က တာဝန်ခံရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် အချိန်ပိုလုပ်ကိုင်ခိုင်းဖို့ကို အလုပ်သမားရုံးတွေကို တင်ပြရမှာဖြစ်ပြီး ခွင့်ပြုချက်တွေကို အလုပ်သမားတွေမြင်သာ စက်ရုံကြေညာ ဆိုင်းပုဒ်တွေမှာ ကပ်ထားဖို့ လိုအပ်ပါတယ်။
 
စက်ရုံဘက်ကတော့ မနေ့(ဇွန်လ ၂၅) ရက်မှာလည်း အချိန်ပိုကို အတင်းအကျပ် ဆက်လက်လုပ်ကိုင်ခိုင်း ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဒီနေ့ညလည်း ညလုံးပေါက်ထပ်ဆင်းခိုင်းတယ်။ မဆင်းမနေရတဲ့ ” လို့ အလုပ်သမားတွေက ပြောကြား ပါတယ်။ STYLE & SMART Myanmar Co.,Ltd စက်ရုံမှာ Sinsay, Velilla စတဲ့ ကမ္ဘာကျော် ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေပါတယ်။ စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်မှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။

Related posts

Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ
Oct 08, 2025
Cover
Sudey စက်ရုံ အလုပ်သမားများ လစာဖြတ်တောက်ခံရ (ရုပ်သံ သတင်း)
Oct 08, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ (ရုပ်သံသတင်း)
Oct 07, 2025
Cover
ရွှေပေါက်ကံစက်မှုဇုန်မှ HYUN TEX အထည်ချုပ်ရုံသစ်တွင် ညအချိန်ပို အတင်းအကျပ် ခိုင်းစေ
Oct 07, 2025
Cover
အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ (ရုပ်သံသတင်း)
Oct 06, 2025
Cover
HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှု နှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို
Oct 06, 2025
Cover
Wan Xin" စက်ရုံပိတ်သိမ်းပါက ဥပဒေအတိုင်း လျှော်ကြေးပေးဖို့ အလုပ်သမားတွေတောင်းဆို ( ရုပ်သံသတင်း)
Oct 06, 2025