NEWS

Straightex အထည်ချုပ် စက်ရုံမီးလောင်မှု ဖြစ်ပွား၊ လောင်ကျွမ်းချိန် ၃ နာရီကျော်အထိ မငြိမ်း

CoverLogo
22 Views
 
ဝါးတရာစက်မှုဇုန် Straightex Myanmar အထည်ချုပ်စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားနေတယ်လို့ Myanmar Labour News ကို အလုပ်သမားတွေက ပြောပါတယ်။ မီးလောင်မှုက နေ့လည် ၁၂ နာရီ ၅ မိနစ် ဝန်းကျင်လောက်မှာ စတင်ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
 
“မီးလောင်မှန်း သိရတာ ညီမတို့ ထမင်းစား ခေါင်းလောင်းတီးလို့ ထမင်းစ စားခါစပဲ ရှိသေးတယ်။ စက်ရုံထဲက မီးခိုးတွေ အများကြီးထွက်လာတာ တွေ့လိုက်ရတယ်။ ဘာတခုမှ မယူနိုင်တော့ဘူး။ အလုပ်သမားတွေလည်း ပြေးလွှားတော့ ထိခိုက်မိတာတွေရှိတယ်။ ဒီတိုင်းထွက်ပြေးခဲ့ရတယ်.” လို့ အမျိုးသမီးအလုပ်သမားငယ် တဦးက ပြောပါတယ်။
 
မီးစတင်လောင်ကျွမ်းမှုက မီးပူဌာနက ဖြစ်ပြီး စက်ရုံထွက်ပေါက်ငယ်ကနေ မီးခိုး အများအပြား ထွက်လာတာကို တွေ့ခဲ့ရပြီးနောက် အလုပ်သမားအားလုံးထွက်ပြေးခဲ့ရတာလို့ ဆက်ပြောပါတယ်။ စက်ရုံအတွင်း အလုပ်သမား ၉၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး စက်ရုံဖွင့်ခဲ့တာ တနှစ်ကျော် ရှိပြီလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက နှစ်ထပ် ၊ အောာက်ထပ်မှာ စတိုပစ္စည်းတွေနဲ့ ထုတ်ပိုးပစ္စည်းတွေ ဌာနတွေရှိတယ်။ စက်ရုံက ၇ လပိုင်းမှာ တစ်နှစ်ပြည့်တယ်။ အရေးပေါ်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ လေ့ကျင့်တာတွေ ဘာတခုမှ မလုပ်ထားဘူး။ အခုမီးလောင်တော့ မီးသတ်ဗူး ဘယ်နားထားမှန်း မသိလို့ ထွက်ပြေးခဲ့ရတာ။ စနစ်တကျမရှိခဲ့တော့ နစ်နာတာပေါ့ ” လို့ အမျိုးသမီးအလုပ်သမားငယ်က ဆက်ပြောပါတယ်။
 
လက်ရှိ သတင်းရေးနေတဲ့ အချိန်အထိ မီးလောင်နေဆဲဖြစ်ပြီး ကပ်လျက် အထည်ချုပ်စက်ရုံကို မီးကူးမှုရှိနေတာနဲ့ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ပြောကြားထားပေမဲ့ အထည်မပြုနိုင်သေးဘူးလို့ ဆက်ပြောပါတယ်။
 
“ညီမတို့ အခု စက်ရုံကို လှမ်းမြင်နေရတယ်၊ မီးသတ်ကားတွေ အများကြီးပဲ။ မီးက မငြိမ်းသေးဘူးရယ်။ ဘေးရုံတွေကလည်း အထည်ချုပ်တွေရှိတယ်။ အလုပ်သမားတွေတော့ မရှိတော့ဘူး။ စက်ရုံမှာ လူ သေတယ်လို့ ပြောတယ်၊ ပိတ်မိတယ်လို့ ပြောကြတယ်။ ဒါတွေကို ညီမတို့လည်း သေချာ မသိရသေးဘူး။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Straightex Co.,ltd အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်နဲ့ မန်နေဂျာတွေက တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး စက်ရုံက ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ငှက်ပျောတောလမ်းမှာ ရှိပါတယ်။ မီး လောင်ကျွမ်းနေတာ ၃ နာရီကျော် ရှိလာပေမဲ့ မီး ငြှိမ်းသတ်နိုင်မှု မရှိသေးတာကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 

Related posts

Cover
Saifeom International Garment စက်ရုံ WCC အမည်စာရင်း မသိရဘဲ ရွေးချယ်ဖို ပြင်ဆင်နေ
Feb 20, 2026
Cover
ထိုင်းရောက် မြန်မာအလုပ်သမား တစ်ဦး မြစ်ထဲသို့ ခုန်ချအဆုံးစီရင်မှုဖြစ်ပွား
Feb 20, 2026
Cover
XING YUAN ( Myanmar) အထည်ချုပ် လိုင်းစူပါ ဆဲဆို ခိုင်းစေ
Feb 18, 2026
Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026