NEWS

Straightex Co.ltd စက်ရုံ ကန်တော့ရန်အတွက် အတင်းကျပ် ငွေကောက်ခံ

CoverLogo
832 Views
အောက်တိုဘာ ၁၆၊ ၂၀၂၄
ရန်ကုန်မြို့၊ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ငှက်ပျောတောကျောင်းလမ်း (ကွက်သစ်မှတ်တိုင်အနီး ) က Straightex Co.ltd အထည်ချုပ် စက်ရုံက အလုပ်သမားတွေပါ။ စက်ရုံပိုင်ရှင်၊ စက်ရုံစက်ရုံမှူးက တရုတ် နိုင်ငံသားတွေပါ။ လုပ်ငန်းခွင်ထဲမှာ တရုတ် နိုင်ငံသားတွေလည်း ရှိပါသေး တယ်။ စက်ရုံကဖွင့်တာ လပိုင်း ပဲရှိပါသေးတယ်။ အလုပ်သမားဥပဒေတွေ ချိုးဖောက်နေလို့ပါ။
 
အခု စက်ရုံမှာ ဖြစ်နေတာတွေက တရုတ်နိုင်ငံသားစက်ရုံမှုးနဲ့ တရုတ်နိုင်ငံသူ QC အမျိုးသမီးက သူတို့မကြိုက်ရင် မကြိုက်သလို အလုပ်ထုတ်ပါတယ်။ နစ်နာကြေးဆိုတာ လုံးဝမရှိပါဘူး ။ အလုပ် ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေလည်း များနေပါပြီ။
 
တချို့ အလုပ်သမား အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တာနဲ့ အလုပ်ထုတ်ခံရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဆို လုပ်ငန်းခွင် လူကြားထဲမှာပဲ အလုပ်သမားမိန်းကလေးကို ဗိုက်ကြီးနေတာလားလို့ QC တရုတ်အမျိုးသမီးက အတင်းမေးပါတယ်။ မြန်မာအမျိုးသမီးတွေ အရှက်ရရပါတယ်။ နောက်ရက်မှာတော့ အပြစ်မရှိ အပြစ်ရှာ နစ်နာကြေးမပေးပဲ အလုပ်ထုတ်လိုက်ပါတယ်။
 
အချိန်ပိုတွေ ဆင်းခိုင်းတာ ၈ လပိုင်းကတည်းပါ။ အချိန်ပို မဆင်းမနေရပါ။ မဆင်းရင်လည်း အလုပ်ထုတ်မယ်လို့ ပြောပါတယ်။ အလုပ်သမားတွေ သဘောမတူဘဲ လက်မှတ် အတင်းထိုး ခိုင်းတာပါ။ အချိန်ပိုဆင်းရတိုင်း နားချိန် မပေးပါဘူး။ ၈ နာရီခွဲမှ ထမင်းစားနားချိန်ပေးပါတယ်။ နေ့လယ်စာ စားပြီးကတည်းက တဆက်တည်း လုပ်ရပါတယ်။
 
နေမကောင်းလို့ အချိန်ပို မဆင်းနိုင်ရင် အလုပ်သမးတွေကြားမှာ ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်ပြောပါတယ်။ နောက်တော့ အလုပ်ထုတ် ပါတယ်။
 
အလုပ်ပိတ်ရက်တွေလည်း အချိန်ပိုဆင်းပါတယ်။ တလကို အနည်းဆုံး ပိတ်ရက် ၂ ရက် အချိန်ပို ဆင်းရပါတယ်။ အခုရက်ပိုင်းတော့ နားရက်မရှိ ဆင်းနေရတာပါ။ အခုလာမဲ့ အောက်တိုဘာ ၁၉၊ ၂၀ ရက်တွေ မှာလည်း အချိန်ပို ဆင်းခိုင်း ပါတယ်။
သီတင်းကျွတ် ဆရာကန်တော့ပွဲဆိုပြိး စက်ရုံ ရုံးပိုင်းက ဦးဆောင်ပြီး အလုပ်သမားတွေ ဆန္ဒမပါဘဲ ပိုက်ဆံတွေ ကောက်ပါတယ်။ စူပါတွေကို နှစ်သောင်း၊ အောစူပါကို သုံးသောင်း၊ အောက်ခြေက ဝန်ထမ်းတွေကိုတော့ စေတနာရှိ သလောက်ဆိုပြီး ငါးထောင်၊ တစ်သောင်း မဖြစ်မနေ ထည့်ခိုင်းတယ်။
 
အလုပ်သမားတွေဆီက ဖိအားပေး အလှူငွေဆိုတာကို ကောက်ခံပြီး ကန်တော့ ခံပစ္စည်းအပြင် စက်ရုံမှူးနဲ့ QCအမျိုးသမီး အတွက် ရွှေဆွဲကြိုး၊ ရွှေလက်စွပ်တွေကို ဝယ်ကန်တော့ရပါတယ်။ လက်ရှိ အလုပ်သမားတွေ စားဝတ်နေရေး အဆင်မပြေချိန်ဖြစ်လို့ အတင်းအဓမ္မတွေ ကောက်ခံတာက နစ်နာပါတယ်။
အရေးယူပေးစေချင်ပါတယ်။
 
(#အချက်အလက်- Straightex Co.ltd စက်ရုံ ကတော့ တရုတ်-မြန်မာ ဖက်စပ် စက်ရုံဖြစ်ပြီး လုပ်သား ၈၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကိုတော့ DICA မှာ မတွေ့ရပါဘူး။ စက်ရုံအတွင်း အလုပ်သမားသမဂ္ဂမရှိသလို WCC အဖွဲ့လည်း ဖွဲ့စည်းထားတာ မရှိဘူးလို့ သိရပါတယ်။)

Related posts

Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026