NEWS

SQI အထည်ချုပ် နားချိန်အပြည့်မပေးဘဲ ဖိအားပေး ခိုင်းစေ

CoverLogo
837 Views

ရွှေပြည်သာစက်မှုဇုန်က SQI Star Co.,Ltd အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို နားချိန်အပြည့်မပေးဘဲ ဖိအားပေး ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်မစတင်မီ နဲ့ ထမင်းစားချိန်မှာ နားချိန် အပြည့်အဝ မရနေတာလို့ လည်း အလုပ်သမားတွေက ပြောပါတယ်။

“မနက် ၈ နာရီ အလုပ်စတယ်၊ ၁၅ မိနစ် အလိုမှ ဖယ်ရီက ရောက်တယ်၊ မနက်စာ စားချိန် မရဘူး။ စက်ရုံထဲ ဝင်ခိုင်းတယ်၊ တခါတလေေ-ာက်တွေပါနဲ့ နှိုင်းပြီး ပြောဆိုပြီး ဝင်ခိုင်းတာ။ မီတင်တွေကို အဲ့ဒီ ၁၅ မိနစ်မှာ လုပ်ခိုင်းတာ၊ ထမင်းစားချိန်ဆို ၅ မိနစ် စောပြီး ဝင်ရတယ် ” လို့ ပြောပါတယ်။

ဒီလို ဆဲဆို အလုပ်ဝင်ခိုင်းတာတွေကို စက်ရုံရဲ့ HR မန်နေဂျာကိုယ်တိုင် ဆောင်ရွက်နေတာဖြစ်ပြီး နားချိန် အပြည့်အဝမရတာတွေကြောင့် အလုပ်သမားတွေမှာ ကျန်းမာရေးထိခိုက်တာတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ တနေ့က ဆိုရင် စက်လိုင်းက အမ တယောက် သွေးပေါင်ကျပြီး မူးတယ်၊ နောက်ထပ် အစာအိမ်ပေါက်သလို ဖြစ်တယ်၊ ဒါတွေက မနက်အစောစား မစားရလို့ ဖြစ်တာ၊ အဲ့ဒီနှစ်ယောက်စလုံး မနက်ပိုင်းတွေ ဖြစ်ခဲ့တာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။

ကျန်းမာရေးအခြေအနေဖြစ်ပွားလို့ နေအိမ်ပြန်ခွင့်မရဘဲ စက်ရုံထဲမှာ ဖြစ်သလို နေရတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။ နေ့စဉ် အချိန်ပိုတွေလုပ်ကိုင်နေရပြီး ရက်ပျက်ပါက ရပိုင်ခွင့်တွေ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

“တနင်္လာနေ့ဆို ဂိတ်ပတ်မပေးဘူး ၊ အဲ့နေ့ တခုခုဖြစ်ရင် ငုတ်တုတ်ခံပေါ့။ ခွင့်ရသည်ဖြစ်စေ မရတာဖြစ်ဖြစ် ရက်ပျက်သလိုပဲ ဒေးကြေး၊ ရက်မှန်ကြေး၊ ဂရိတ်ကြေး ဖြတ်တာပဲ။ တရက်လောက်ပျက်တာနဲ့ ရှစ်သောင်း လောက် အဖြတ်ခံရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စက်ရုံအတွင်း ဆေးခန်းထားရှိပေမဲ့ သူနာပြုဖြစ်သူက ရုံးလုပ်ငန်း လုပ်ကိုင်ပေးနေရတာကြောင့် အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ဂရုမစိုက်နိုင်ဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက် တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ချမှတ်ထားသလို အငြိုအတေးနဲ့ ဥပဒေမဲ့ အလုပ်ထုတ်တာတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“အိမ်သာ သွားဖို့လည်း အချိန်ကန့်သတ်ထားတယ်၊ အလုပ်ဝင်ချိန်လည်း စောဝင်ခိုင်း၊ ထမင်းချိုင့်ကျန်ရင်တောင် ဝမ်တိန် ထိုးခိုင်းတာ၊ လည်ဆွဲကတ် မပါလို့ဆိုပြီးတောင် အလုပ်ထုတ်တာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။

လက်ရှိ နေ့စဉ် ည ၇ နာရီခွဲအထိ အချိန်ပိုလုပ်ကိုင်နေရပြီး နေ့လည်စာ စားအပြီးကတည်း အချိန်ပိုပြီးဆုံးတဲ့ အထိ အနားချိန်မရဘဲ တဆက်တည်းလုပ်ကိုင်နေရတာလို့ အလုပ်သမားတွေမှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။

“အဲလိုတွေဆင်းရတော့ စက်ရု့ဘက်က မုန့်ကျွေးတာမျိုးလည်းမရှိဘူး၊ အစာအိမ်သမားတွေ ဒုက္ခတအား ရောက်တယ်။ အလုပ်သမားတွေကလည်း မပြောရဲကြဘူး။ တခါလာဝမ်တိန် ထိုးဆိုတော့” လို့ ပြောပါတယ်။

စက်ရုံအတွင်း အလုပ်သမား ၇၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး အလုပ်သမားတွေအခက်အခဲတွေကို ဖြေရှင်းပေးဖို့ WCC အဖွဲ့ကို ဖွဲ့စည်းထားတာမရှိဘူးလို့အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး ဂျပန် အော်ဒါ ရှပ်အင်္ကျီတွေချုပ်လုပ်နယ်လို့ သိရပါတယ်။

SQI အထည်ချုပ်စက်ရုံဖွင့်လှစ်တာ တနှစ်ကျော်ကာလရှိနေပြီး ရွှေပြည်သာတံတား အဆင်း၊ 199 မှတ်တိုင်အနီး ရွှေပြည်သာစက်မှုဇုန်မှာ လုပ်ငန်းလည်ပတ်နေပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026