NEWS

SPRING RIVER KNITTING (MYANMAR) အထည်ချုပ် အလုပ်သမားခေါင်းဆောင်များအား ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်

CoverLogo
567 Views
 
SPRING RIVER KNITTING (MYANMAR) သိုးမွှေး အထည်ချုပ်စက်ရုံက လုပ်လစာတိုးမြင့်ရေး တောင်းဆိုနေတဲ့ အလုပ်သမားခေါင်းဆောင်တွေကို စစ်တပ်ခေါ် ဖမ်းခိုင်းမယ်ဆိုပြီး စက်ရုံတာဝန်ရှိတွေက ခြိမ်းခြောက်နေတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM ကို အလုပ်သမားတွေက ပြောပါတယ်။
 
‘’စက်ရုံမန်နေဂျာက အလုပ်သမားခေါင်းဆောင်တွေကို စက်ရုံဘက်က ပေးတဲ့ လုပ်ခလစာကိုလက်မခံပဲ ဆန္ဒဆက်ပြနေရင် မြို့နယ်မီးသတ်ဦးစီး အရာရှိက စစ်တပ်ကိုခေါ်ပေးမယ်တဲ့၊ နင်တို့ကို စစ်တပ်ခေါ်ဖမ်းခိုင်းလို့ ရတယ်’’ဆိုပြီး မန်နေဂျာက ပြောတယ်" လို့ အလုပ်သမားတွေက ပြောပါတယ်။
 
တောင်းဆိုမှု ပြုလုပ်နေတဲ့ ဇွန် ၄ ရက်မှာ စက်ရုံကိုမီးသတ်ဦးစီးဌာနက တာဝန်ရှိသူတွေ စစ်ဆေးချိန်မှာ အလုပ်သမားတွေ ဆန္ဒပြတာကို တွေ့ပြီး အခုလို ပြောခဲ့တာပါ။
 
SPRING RIVER KNITTING (MYANMAR) စက်ရုံမှာ ဇွန်လ ၂ ရက်ကစပြီး လုပ်ခလစာ တောင်းဆိုနေကြတာဖြစ်ပါတယ်။ ဒေးကြေး ကျပ် ၁၀,၀၀၀၊ ရက်မှန်ကြေး ၆၀,၀၀၀၊ အိုတီကြေး တစ်နာရီ ၂,၀၀၀ ပေးဖို့ အလုပ်ရပ်ပြီး စက်ရုံဝန်းထဲမှာအလုပ်သမားတွေက တောင်းဆိုနေကြတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။
 
ဇွန်လ ၃ ရက်မှာ စက်ရုံဘက်က အလုပ်သမားတွေတောင်းဆိုနေတဲ့ ဒေးကြေးကို မပေးနိုင်ဘူးလိုငြင်းဆန်ပြီး‌ ဒေကြေး ၈,၈၀၀ နဲ့ ရက်မှန်ကြေးကို ပေးနေကြ အတိုင်း ပေးမယ်ဆိုပြီး စက်ရုံဘက်က ညှိနှိုင်းခဲ့‌ပေမဲ့ အလုပ်သမားတွေဘက်က လက်မခံပဲ တောင်းဆိုမှုဆက်လုပ်နေတာဖြစ်လို့သိရတယ်။
 
"စက်ရုံမှာ ညပိုင်း အချိန်ပိုတွေ ၉နာရီ၊ ၁၀နာရီထိခေါ်၊ စနေလိုနေ့တွေမှာတောင် ည ၉နာရီထိ အချိန်ပိုခေါ်တယ် ။ အောလင်းတွေလည်း ညလုံးပါက်ဆင်းရတယ်။ဒီလို ညဘက်တွေ နောက်ကျမှအိမ်ပြန်ရတာ လုံခြုံမှုမရှိဘူး။ တနင်္ဂနွေနေ့ဆိုလည်း အိုတီကို မဆင်းမနေရ ဆင်းနေရတယ်။ အိမ်ပြန်ရင် ဖယ်ရီကားကို စက်ရုံအရှေ့မှာ မိနစ် ၂၀ လောက်စောင့်ရတယ်။ စက်ရုံမှာ အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမားတွေလည်းရှိတယ်။ စံချိန်ဆို မတရားတောင်းတယ် မလုပ်နိုင်လည်း လုပ်ပေးရတယ် ။ အိမ်သာတောင်ထသွားလို့မရဘူး"လို့ အလုပ်သမားတွေက FGWM ကိုပြေထားပါတယ်။
 
SPRING RIVER KNITTING (MYANMAR) သိုးမွှေး စက်ရုံက လှိုင်သာယာမြို့၊ ရွှေလင်ပန်းစက်မှုဇုန်မှာ ရှိပြီး လုပ်သား ၆၀၀ ကျော် လုပ်ကိုင်နေပါတယ်။ စက်ရုံက BETTY&CO ၊ BETTY BARCLAY တံဆိပ် အထည်တွေ ချုပ်လုပ်‌နေ ပါတယ်။
 

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026