NEWS

Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ

CoverLogo
145 Views
 
ရန်ကုန်တိုင်းဒေကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၄) ၊ ဝက်မစွတ်ဝန်ထောက်လမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ Spring Moon Garment Co,Ltd အထည်ချုပ်စက်ရုံလုပ်သားတွေလုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုမှုပြုလုပ်နေပါတယ်။
 
ဇူလိုင် ၇ ရက်နေ့ နေ့လည် ထမင်စားပြန်တက်ချိန်မှာ တောင်းဆိုမှုပြုလုပ်ခဲ့တာဖြစ်ပြီး တရပ်လုပ်ခကို ၃၀၀၀ ကျပ် တိုးမြှင့်ပေးဖို့အပါ အချက် ၉ ချက်ကို တောင်းဆိုတာဖြစ်ပါတယ်။
 
"အလုပ်သမားတွေက လုပ်ခလစာကို ပေးတာပေးထားတာ ပိတ်ရက်ဆို မရတာတွေကများတယ်၊ အခြားစက်ရုံက စက်ရုံကို ပြောင်းလာတယ်၊ လစာထုတ်ရက်မလို့ ဂိတ်ပတ်ယူတာ ၊ နေမကောင်းဆေးခန်းပြ ဂိတ်ပတ်ယူတာ စသဖြင့် ဂိတ်ပတ်ယူပါ စက်ရုံထဲ ပြန်ဝင်လာတဲ့အခါ ရက်မှန်ကြေးကို ဖြတ်ခံရပါတယ်။ အလုပ်ပျက်တယ်ဆိုလည်း တနင်္ဂနွေရက်တွက် ဒေးကြေးကို မထည့်ပေးပါဘူး။ စက်ရုံက အမျိုးမျိုး အလုပ်သမားကို ပေးတာပေးထားတယ် ခေါင်းပုံဖြတ်နေတာဖြစ်ပါတယ်။ ဒါကြောင့် တောင်းဆိုချက်ပါ (၉) ချက်ကို တောင်းဆို ရခြင်းဖြစ်ပါတယ်"လို့ တောင်းဆိုမှုမှာ ပါဝင်တဲ့ အလုပ်သမားက ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ အရင်က အလုပ်သမား ၅၀၀ လောက်ရှိပေမယ့် လက်ရှိမှာ ၃၀၀ လောက်ပဲရှိတော့တယ်လို့ ဆိုပါတယ်။ တောင်းဆိုမှုကို အလုပ်သမား ၂၀၀ ကျော်ပါဝင်ကြပြီး အလုပ်ရှင် အလုပ်သမား ညှိနှိုင်းရာ အဆင်ပြေမှုမရှိသေးဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ (WCC) မှ နှုတ်ထွက်သွားတာကြောင့် အလုပ်သမားတွေအနေနဲ့ မြို့နယ်အဆင့် ညှိနှိုင်းဖျန်ဖြေရေးရုံးကို သွားရောက်တိုင်ကြားထားတယ်လို့ သိရပါတယ်။
 
တောင်းဆိုချက်တွေကတော့
၁။ ယခင်ပေးထားသည့် ဒေးကြေး ၁၀,၀၀၀ ကျပ်အား ၃၀၀၀ ကျပ် ထပ်တိုး၍ ၁၃,၀၀၀ ကျပ် တိုးပေးရန်။
၂။ အချိန်ပိုကြေး ယခင် တစ်နာရီ ၂,၀၀၀ ကျပ်အား ၅,၀၀ ကျပ်တိုး၍ ၂,၅၀၀ ကျပ်တိုးပေးရန်။
၃။ ရက်မှန်ကြေး ယခင် ၄၀,၀၀၀ ကျပ်အား ၁၀,၀၀၀ ကျပ်ထပ်တိုး၍ ၅၀,၀၀၀ ကျပ် တိုးပေးရန်။
၄။ ယခင်ပေးထားသည့် ကျွမ်းကျင်ကြေး A 40,000၊ B 30,000၊ C 20,000 ကျပ်အပေါ် ၂၀,၀၀၀ ကျပ်ထပ်တိုးပေးရန်။
၅။ မည်သည့်ခွင့်နှင့် မဆို ရက်ပျက်ပါက တနင်္ဂနွေနေ့ လုပ်ခလစာ မဖြတ်ရန်။
၆။ တနင်္ဂနွေနေ့ အချိန်ပိုဆင်းရပါက ဒေးကြေးအတိုင်း နှစ်ဆဖြင့် ရှင့်ပေးရန်။
၇။ ဥပဒေပါခွင့်များနှင့် ရှောင်တခင်ခွင့်များကို အရေးကြီးကိစ္စနှင့် အကျိုးအကြောင်းခိုင်းလုံစွာတင်ပြပါက ခွင့်ပေးရန်။
၈။ လုပ်သက်ဆုကြေးအား ဒေးကြေးဖြင့်သာ ရှင်းပေးရန်။
၉။ ဂိတ်ပတ်ယူလျှင် တနင်္ဂနွေဒေးကြေး မဖြတ်တောက်ရန် စတဲ့အချက်တွေဖြစ်တယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ထံက သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026