NEWS

SOLO တံဆိပ်ကျောပိုးအိတ်ချုပ် စက်ရုံ အလုပ်သမားအခွင့်အရေးချိုးဖောက်ပြီး စံချိန်အလွန်အကျွံတောင်းခံ

CoverLogo
915 Views

SOLO တံဆိပ်ကျောပိုးအိတ်ချုပ် စက်ရုံဖြစ်တဲ့ MYAM BAG စက်ရုံမှာ   အလုပ်သမားအခွင့်အရေးချိုးဖောက်ပြီး စံချိန်အလွန်အကျွံတောင်းခံနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမား အမျိုးသား အမျိုးသမီး ဦးရေ ၆၀ ခန့်ရှိတဲ့ စက်လိုင်းတစ်လိုင်းမှာ တစ်နာရီကို ကျောပိုးအိတ် အလုံး ၂၀၀ ချုပ်လုပ် ပေးနေရပြီး အဲ့ဒီနှုန်းက အလုပ်သမားတစ်ဦးလျှင် တနာရီကို ကျောပိုးအိတ် ၃ လုံးချုပ်စာနဲ့ ညီမျှနေတယ်လို့ အလုပ်သမားကပြောပါတယ်။

အခုလိုတောင်းခံတဲ့ စံချိန်သတ်မှတ်ချက်တွေအရ အလုပ်သမားတစ်ဦးလျှင် အလုပ်ချိန် ၈ နာရီစာမှာ ကျောပိုးအိတ် ၂၄ လုံးခန့် ချုပ်လုပ်နေရသလိုဖြစ်နေရတာ ဖြစ်ပြီး ပေးချေနေတဲ့ အခကြေးငွေနှုန်းထားကတော့ ဒေးကြေး ၅၈၀၀ ကျပ်သာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။ 

လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ  အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ခွင့်ခံစားခွင့်မရဘဲ ရှောင်တခင်ခွင့် လုပ်သက်ခွင့်တွေလည်းခံစားခွင့်မရဘူးလို့ အလုပ်သမားကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့အဆိုပါ စက်ရုံဟာ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၁ ဒီပဲယင်းဝန်ထောက် ဦးမြဲလမ်းမှာဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာလို့ သိရပါတယ်။

"နေမကောင်းလို့ အလုပ်တစ်ရက်ပျက်ရင် ဒါမှမဟုတ် အရေးပေါ်အကြောင်းကိစ္စရှိရင် ခွင့်တိုင်လည်း မပေးဘူး အဲ့တာကြောင့် တရက်ပျက်ရင် ဒေးကြေး ၅၈၀၀ ရက်မှန်ကြေး ၂၀၀၀၀ ကျပ် အဖြတ်ခံရပါတယ်။ အဲ့ဒါက အလုပ်သမားအတွက် အရမ်းကို နစ်နာပါတယ် လုပ်ငန်းခွင်ထဲမှာ စံချိန် မတရားလဲ တောင်းခံပါတယ် လူဦးရေ ၆၀ ရှိတဲ့ စက်လိုင်း တစ်လိုင်းမှာ တစ်နာရီကို လိုင်းပေါက်အိတ် ၂၀၀ ပေးရပါတယ် သူတို့တောင်းတာပြည့်ဖို့ အတွက် အသဲအသန်ချုပ်ရတာ လက်ဝင်တယ် စူပါ အောစူပါတွေက အထည်စံချိန်တောင်းရင် အော်ဟစ်ဆဲဆိုပြီးတောင်းတာ အလုပ်သမားကလည်းမခံနိုင်တော့ အသည်းအသန်ချုပ်ရင်းစံချိန်ပြည့်သွားရင် အခွင့်အကောင်းယူပြီး တစ်နေ့ထက်တစ်နေ့ ပိုပြီးစံချိန်တိုးတောင်းလာတယ်"လို့ အလုပ်သမားကပြောပါတယ်။

"ချုပ်ရတဲ့ စံချိန်ကို နင်းကန်တောင်းပြီးတော့ နောက်ဆုံးကျတော့ အိုတီခေါ်စရာမလိုလောက်အောင် တွက်ချေကိုက်သွားပြီး အိုတီလည်းမခေါ်တော့ဘူး အလုပ်ချိန် ၈ နာရီအတွင်းသူတို့လိုချင်တဲ့ စံချိန်ကို ရအောင်တောင်းလိုက်တာ တကယ်တမ်းချုပ်ရတဲ့  အလုပ်သမားတွေကတော့ မဝရေစာပဲစားနေရတယ်"လို့ အလုပ်သမားကဆက်ပြောပါတယ်။

အလုပ်သမားများတောင်းဆိုချက်အနေနဲ့ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့် လုပ်သက်ခွင့်များ ပေးရန် အထည်စံချိန်တောင်းခံရာတွင် အလုပ်သမားတစ်ဦးချုပ်လုပ်နိုင်တဲ့ စံချိန်ကိုသာတောင်းခံရန် အော်ဟစ်ဆဲဆိုပြီး တောင်းခံခြင်းမပြုလုပ်ရန် စတဲ့အချက်တွေကို တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

Photo - MDN 

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026