NEWS

SM Myanmar Garment စက်ရုံ အချိန်ပိုအတင်းအကျပ်ဆင်းခိုင်းပြီး ငွေကြေးမပေး

CoverLogo
622 Views
 
ရွှေသံလွင်စက်မှုဇုန်က SM Myanmar Garment အထည်ချုပ် စက်ရုံမှာ အချိန်ပိုအတင်းအကျပ် ခိုင်းစေခံရပြီး အချိန်ပိုအတွက် ငွေကြးမရရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ စက်လိုင်း ၁၁ လိုင်းရှိပြီး လုပ်သား ၅၀၀လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
 
“အထည်အရေးကြီးလို့၊ တောင်းထားသည့် စံချိန်မရလို့ ဆိုပြီး အချိန်ပိုတွေ ဆင်းခိုင်းတယ်။ ည ၈ နာရီထိ ဆင်းရတာတွေ ရှိတယ်။ ည ၈ နာရီထိ မဆင်းချင်းဘူးဆိုရင် အော်စူပါ၊ စူပါတွေက လက်မခံ ပါဘူး။ အဆိုးဆုံးက အထည်စံချိန်မပြည့်ဘူးဆိုပြီး အချိန်ပို ည ၈ အထိ အလကားချုပ်ပေးရတာ များတယ်။ “လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အထည်စံချိန်ကို အလုပ်သမားတွေ ထုတ်လုပ်နိုင်စွမ်းထက် ပိုမိုတောင်းခံပြီး စံချိန်မပြည့်ပါက အော်စူပါ၊ စူပါ တွေက အော်ဟစ် ဆဲဆို ကြိမ်းမောင်းတာတွေ နေ့စဥ် ပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။ စက်ရုံဘက်က လုပ်သားခေါ်ယူမှုတွေမှာ ရပိုင်ခွင့်ကိုထည့်သွင်း ကြေညာထားပေမဲ့ လက်တွေ့မှာ တော့ ရေးသားထားသလို မရဘူးလို့လည်း သိရပါတယ်။ အရေးပေါ် စက်ရုံအပြင်ထွက်ခွင့်လည်း အလွယ်တကူ မရသလို ဥပဒေမှာ ပါရှိတဲ့ ရှောင်တခွင့်၊ လုပ်သက်ခွင့်တွေလည်း စက်ရုံဘက်က မပေးဘူးလို့ သိရပါတယ်။ ဒီလိုခွင့်တွေမရတာကြောင့် အလုပ်သမားအများစု လစာမဲ့ခွင့်သာရရှိပြီး ရက်မှန်ကြေး မရကြဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ရက်မှန်ကြေးက တစ်လကို ၃၀၀၀၀ ပေးတယ်။ ဒါပေမဲ့ ဘယ်ခွင့်နဲ့ မဆို အလုပ် ပျက်တာနဲ့ ရက်မှန်ကြေး ၃၀၀၀၀ ကျပ် ဖြတ်ပါတယ်။ အလုပ်ဆင်းရက် ၂၄ ရက်ဆိုရင်လည်း အဲဒီ ရက်မှန်ကြေး မရတော့ဘူး။ အလုပ်တဲ့သူတွေက လအစ ၂ ရက်မှာ စဝင်ရတယ်။ ဒါဆို အလုပ်ဆင်းရက်က ဘယ်လိုမှ ပြည့်ဖို့ မရှိတော့ဘူး၊ Ticket (အထည်ကြေး)က တစ်ထည်လုံးချုပ်ရတဲ့ ပွိုင့်ပေါ်မူတည်ပြီး ပေးတယ်။ အဲဒါကိုလည်း ချုပ်တဲ့ ပွိုင့်နဲ့ သတ်မှတ်အထည် ရာခိုင်းနှုန်းပြည့်မှ တွက်ပေးတယ်ပြောတယ်။ ရာခိုင်နှုန်းဆိုတာ သူတို့ပြောလို့သာ ၊ ဘယ်လို ပေးမှန်း မသိရဘူး။ သတ်မှတ်အထည် ပြည့်လည်း ရချင်မှ ရတာ။ ဘယ်လို ပေးမှန်း မသိပါဘူးဆိုမှ အထည်ကြေးကို ဘက်လိုက်သေးတယ်။ အော်စူပါ၊ စူပါတွေနဲ့ အဆင်ပြေတဲ့သူ၊ ခိုင်းသမျှလုပ်တဲ့သူ၊ ပြန်မပြောတဲ့သူဆို လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အထည်ကြေးက တကယ်လုပ်ရသူထက် ပိုပေးတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒေကြေးကို ၄၈၀၀ ကျပ်ပေါ် အခြေခံပြီး စက်ချုပ်ကျွမ်းကျင် A++, A+, A အဆင့်ကို ၈၈၀၀၊ B အဆင့်ကို ၇၈၀၀၊ C အဆင့် ၇၈၀၀ ပေးထားပြီး အချိန်ပိုကြေးမှာ ခွဲခြားပေးထားတယ်လို့ သိရပါတယ်။ ကျွမ်းကျင် A အုပ်စု အလုပ်သမား အနည်းငယ်သာရှိပြီး အများစုက B , C ဆင့်သာ ရရှိကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
SM Myanmar Garment စက်ရုံမှာ ဆေးခန်းရှိပေမဲ့ သူနာပြုနဲ့ ဆေးမရှိသလို ရေသန့်လို့ ဆိုပေမဲ့ အနံတွေ ရရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်နဲ့ သန့်စင်ခန်းတွေ နီးကပ်တာကြောင့် အလုပ်ချိန်အတွင်း အနံသက်တွေနဲ့ လုပ်ကိုင်နေရတယ်လို့ လည်း ပြောပါတယ်။ စက်ရုံအလုပ်သမားတွေ အလုပ်ထွက်ပါက ပုံမှန် ဒေးကြေး ၈၈၀၀ ကို အလုပ်ထွက်လို့ဆိုပြီး ဒေးကြေး ၄၈၀၀ နဲ့ ထွက်ချက် ပေးတယ်လို့လစာအတွက် နစ်နာရတယ်လို့ ပြောဆိုပါတယ်။
 
SM Myanmar Garment အထည်ချုပ်မှာ အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ အလုပ်သမားသမဂ္ဂနဲ့ WCC လို အဖွဲ့အစည်းတွေမရှိတာကြောင့် စက်ရုံအလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ဆီ အကြောင်းကြားထားတာဖြစ်ပါတယ်။ စက်ရုံကတော့တော့ တရုတ်နိုင်ငံသားတဦး ပိုင်ဆိုင်ပြီး ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်းမှာ ရှိပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026