NEWS

SlOEN MYANMAR အထည်ချုပ်လုပ်သားတွေ ဥပဒေပါခံစားခွင့်မရ

CoverLogo
447 Views
 
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မက္ခရာမင်းသားကြီးလမ်း စက်မှုဇုန် ၂ မှာဖွင့်လှစ်ထားတဲ့ SlOEN MYANMAR အထည်ချုပ်စက်ရုံမှာ အလုပ်သမားဥပဒေပါခံစားခွင့်တွေဖြစ်တဲ့ ခွင့်၊ ဆေးခွင့် ၊ရှောင်တခင်ခွင့်တွေ ခံစားခွင့်မရဘဲ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
ဒါ့အပြင်လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်အလွန်အကျွံတောင်းခံတာ ၊ နေ့စားအလုပ်သမားတွေကို ခေါင်းပုံဖြတ်ခိုင်းစေတာ တွေပါ ကျူးလွန်နေပြီး အလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
 
အိန္ဒိယနိုင်ငံသားပိုင်လုပ်ငန်းဖြစ်ပြီး အလုပ်သမား ၁၀၀၀ ခန့်နဲ့ SYNQ၊ SlOEN ကိုယ်ပိုင်အမှတ်တံဆိပ်ချုပ်လုပ်တာလို့ ပြောပါတယ်။
 
ဥပဒေပါခွင့်ခံစားခွင့်တွေနဲ့ပတ်သက်ပြီး အလုပ်သမားတွေကို ရှောင်တခင်ခွင့်မပေးခြင်း၊ ကျန်းမာရေးဆေးခွင့်မပေးခြင်းများ ပြုလုပ်နေပြီး နေမကောင်းဖြစ်ပြီးအလုပ် ၁ ရက်ပျက်ပါက ဒေးကြေး ၆၀၀၀ ကျပ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် ရက်မှန်ကြေး ၄၅၀၀၀ ကျပ် နဲ့ ကျွမ်းကျင်ကြေးကိုပါ အချိုးကျဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောပါတယ်။
 
"နေ့စားအလုပ်သမားတွေကိုခေါ်တာလည်းရှိတယ် အစမ်းခန့် ၂ လလုပ်ပေးရမယ် မကြိုက်ရင် အလုပ်ဖြုတ်မယ်ဆိုပြီး လက်မှတ်ထိုးခိုင်းတယ် ပြီးခဲ့တဲ့လထဲမှာ လုပ်သက် ၁ လ ကျော်တဲ့ အလုပ်သမား နှစ်ယောက်ကို ဇူလိုင် ၅ ရက်နေ့မှာ အောစူပါ စူပါတွေက အလုပ်ထုတ်တယ်လို့ ပြောပြီး လကုန် ၅ ရက်ထိ အလုပ်ဆင်းပေးဖို့နဲ့ လစာကို ၁၀ ရက်နေ့မှပေးမယ်ဆိုပြီး ပြေတယ် တကယ်ဆို အလုပ်ရှင်ဘက်က အလုပ်ထုတ်တာဖြစ်တဲ့အတွက် လစာကို တခါတည်းထုတ်ပေးရမှာကို မပေးဘဲ အလုပ်သမားကို အခက်အခဲဖြစ်အောင် နောက်မှလာထုတ်ခိုင်းတာ"လို့ လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့အလုပ်သမားကပြောပါတယ်။
 
အလုပ်သမားတွေကို အလုပ်ခေါ်ပြီး ၂ လမပြည့်ခင် အလုပ်ထုတ်ပစ်ကာ နောက်တကြိမ် အလုပ်လျှောက်ခိုင်းပြီး အသစ်က ပြန်စပြီးလုပ်ကိုင်စေကာ အလုပ်သမားရဲ့ လုပ်သက်ကို လျှော့ချပြီး ခံစားခွင့်တွေကို နည်းအမျိုးမျိုးနဲ့ လျှော့ချဖြတ်တောက်နေပြီး အလုပ်သမားတွေကို ဂုတ်သွေးစုပ်အမြတ်ထုတ်နေတဲ့လုပ်ရပ်တွေလုပ်ဆောင်နေတာလို့ အဆိုပါ ကိစ္စရပ်တွေအပေါ် ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။
 
"လုပ်ငန်းရှင်လုပ်နေပြီးတော့ အစမ်းခန့်ကိုမကြိုက်လို့ ဖြုတ်လိုက်ပြီး နောက်တကြိမ်ထပ်လုပ်ခိုင်းပြီး ပြန်ပြန်ကျော့နေတာက အလုပ်သမားအခွင့်အရေးကို ပိတ်ပင်တာ ဖြစ်သွားပြီ အတည်ပြုမခန့်ချင်ဘဲ အလကားနီးပါးခိုင်းချင်တာ ခံစားခွင့်တွေမပေး လုပ်သက်တွေဖျောက်ပြီး ဥပဒေကို လက်တလုံးခြားလုပ်တာ"လို့ ယင်းကဆက်ပြောပါတယ်။
နေ့စားအဖြစ် လုပ်ကိုင်ရတဲ့အလုပ်သမားတွေဟာ ပိတ်ရက်တွေအလုပ်မလုပ်ရပါက အဲ့ဒီရက်အတွက်လည်း အခကြေးငွေမရရှိဘဲ နစ်နာမှုတွေကြုံနေရတာဖြစ်ပါတယ်။
 
"အထည်စံချိန်တောင်းရင်လည်း အလုပ်သမားတယောက်ကို စက် ၂ လုံးကိုင်ပြီး ပွိုင့် ၃ ခုကနေ ၄ ခုချုပ်ရတယ် တနာရီကို သစ်ခုတ်သမားတွေဝတ်တဲ့ အထည် ၄၀ ကျော်ပေးရတယ် စံချိန်ပြည့်အောင် အသည်းအသန်ချုပ်ရင်း ပဲကျရင် အောစူပါ စူပါတွေက အော်ဟစ်ပြောဆိုပြီးခိုင်းတယ် နောက်တခုမကျေနပ်တာက စက်ရုံမှာ သန့်ရှင်းရေးခန့်ထားတဲ့ အလုပ်သမားကို စနေအပတ်တိုင်း အလှည့်ကျ အပြင်သွားပြီး စက်ရုံသူဌေး အိမ်ကိုသန့်ရှင်းရေးသွားလုပ်ပေးရတာ မဖြစ်သင့်ဘူး"လို့ အခြေအနေကို မြင်တွေ့နေရတဲ့အလုပ်သမားအမျိုးသမီးတစ်ဦးကပြောပါတယ်။
 
အဆိုပါ လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘဲ WCC ဖွဲ့စည်းထားပြီး အလုပ်ရှင်ဘက်က သာ စိတ်ကြိုက်ဖွဲ့စည်းထားတာဖြစ်လို့ လုပ်ငန်းခွင်ဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးတာမရှိဘူးလို့ ပြောပါတယ်။
အခုလို လုပ်ငန်းခွင်အတွင်းမှာဖြစ်ပေါ်နေတဲ့ နစ်နာမှု အခြေအနေတွေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
အလုပ်သမားတောင်းဆိုချက်အနေနဲ့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ဖြစ်သော ရှောင်တခင်ခွင့်၊ ဆေးခွင့်ခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်မှ စနေနေ့အပတ်တိုင်း အလှည့်ကျနဲ့ စက်ရုံသူဌေးအိမ်ကိုသန့်ရှင်းရေးသွားမလုပ်ခိုင်းရန်။
၃။ အလုပ်ရှင်ဘက်မှ အထည်စံချိန်များကို မတရားတောင်းခံခြင်းမပြုလုပ်ရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားတွေကို အလုပ်ခေါ်ပြီး နှစ်လမပြည့်ခင်မှာ အလုပ်ထုပ်ပစ်လိုက် လူသစ်က နေအလုပ်ပြန်လျှောက်ခိုင်းခြင်းမပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အပြစ်တစ်စုံတစ်ရာမရှိပဲ ဥပဒေမဲ့အလုပ်ထုတ်ခြင်းမပြုလုပ်ရန်စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026