NEWS

Sky Fashion Myanmar အထည်ချုပ် အလုပ်ထုတ်ထားသည့် ကလေးလုပ်သားများအား နေ့စားလုပ်ကိုင်ခိုင်း

CoverLogo
181 Views
 
Sky Fashion Myanmar Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက အသက်မပြည့်ဟုဆိုက အလုပ်ထုတ်ထားသည့် လူရွယ်လုပ်သားတွေကို ပြန်လည် ခေါ်ယူပြီး နေ့စားလုပ်သားအနေနဲ့ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အော်ဒါ ဘက်က လုပ်ငန်းခွင်စစ်ဆေးရေးလာမို့ ၁၄,၁၅,၁၆အရွယ်လုပ်သားတွေကို စာရင်းတောင်းပြီး အကြောင်း မကြားဘဲ အလုပ်က အကုန်လုံးထုတ်ထားတာ။အခုကြ နေ့စား ခေါ် ခိုင်းတယ်။ ဒီအရွယ်တွေကို လူကြီး အလုပ်သမားတွေနဲ့ တန်းတူခိုင်းတယ်။ လုပ်ခလစာ တန်းတူမပေးဘူး။ အလုပ်ထုတ်လိုက် ပြန်ခေါ် ခိုင်း လိုက်လုပ်နေတယ်လို့ သိရတယ်။” လို့ ပြောပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနက တရားဝင် ကြေညာထားတဲ့ အလုပ်ပိတ်ရက်တွေကို မပိတ်ဘဲ အတင်းအကျပ် ခိုင်းစေခဲ့တာကိုလည်း တွေ့ရတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) တာဝန်ရှိသူက ပြောပါတယ်။
 
“ ခရစ်စမတ်လေးရက် ဆက်တိုက်ပိတ်ဖို့ တရားဝင် စာထုတ်ထားပြီးသားပါ။ ဒါကို အဲ့စက်ရုံက ၂၅ရက်နေ့ christmasနေ့နဲ့ ၂၈ရက်နေ့ တနင်္ဂနွေနေ့ဘဲ ပိတ်ရက်လို့ ပြောတယ်။ ၂၆ရက်နေ့ ပိတ်ပေးရမှာမို့ ၂၇ရက်နေ့ စနေနေ့ အလုပ်ဆင်းပြီး ရလာမဲ့ အချိန်ပို ၄နာရီကို ၂၆ ရက်နေ့ အတွက် ဖြတ်မှာလို့ မီတင်မှာ ပြောတယ်။ ဒါက ဥပဒေကို ချိုးဖောက်တာပါ။ ဒါမျိုး လုပ်လို့မရပါဘူး.” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ အခက်အခဲတွေကို WCC အဖွဲ့ကို အလုပ်သမားတွေက ပြောပြပေမဲ့ ပေါက်ကြားပြီး စက်ရုံဘက်က အခက်အခဲတင်ပြသူကို အလုပ်ထုတ်အောင် ဖိအားပေးတယ်လို့လည်းပြောပါတယ်။ ဥပဒေမှာ ပြဌာန်းထားတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေကို စက်ရုံဘက်က ခွင့်မပြုဘဲ အလုပ်ပျက်ရက်အဖြစ်သတ်မှတ်တယ်လို့လည်း ပြောပါတယ်။
 
ရက်ပျက်ရင် ဒေးကြေး၊ ရက်မှန်ကြေးဖြတ်တယ်။ ဂိတ်ပတ်စ်လည်း မရဘူး။ နေမကောင်းရင်တောင် တောင်းတဲ့ စံချိန် ပြည့်အောင် လုပ်ကိုင်းတယ်။ နေမကောင်းဖြစ်လို့ ဂိတ်ပတ်နဲ့လို့ စံချိန်မပေးနိုင်ရင် ဆဲခံရတယ်။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း ဖယ်ရီနောက်ကျလို့ မနက်စာ မစးရတာ၊ အချိန်ပိုဆင်းပြီး မနက်အိမ်ပြန်ပို့ရာမှာ ကြိုပို့တစ်စီးနဲ့ အလုပ်သမား အားလုံးကို ပတ်ပို့လို့ နေအိမ်ပြန်နောက်ကျပြီး အလုပ်သမားတွေ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြောထားပါတယ်။
 
“ ချိုးဖောက်တာတွေများလွန်းလို့ အလုပ်သမားရုံးကိုသွားတိုင်လည်း ထူးခြားဘူး။ မီဒီယာပေါ်ပဲတင်လည်း ဂရုမစိုက်ဘူး။ ဘယ်ရုံးမှလည်း ဂရုမစိုက်ဘူး။ အကုန်လုံးက ငွေပေးရင် ဖြေရှင်းလို့ရတယ်ဆိုပြိး ပြောနေတာပဲ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Sky Fashion Myanmar Co.,Ltd ရန်ကုန်မြို့၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်၁လမ်းမှာ ဖွင့်လှစ်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ စက်ရုံမှာ အလုပ်သမားများ ၈၀၀ ကျော်နေပြီး LCW VISION, YES.ZEE တံဆိပ်အထာ်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026
Cover
Myanmar Yangon Richang Apparel စက်ရုံလုပ်သားများ နားရက်မရှိ လုပ်ကိုင်နေရ
Mar 10, 2026