NEWS

Sky Fashion Myanmar အထည်ချုပ် လုပ်သက်တစ်နှစ်နီးပါး လုပ်သားများအား အသက်မပြည့်လို့ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းခိုင်း

CoverLogo
209 Views
 
Sky Fashion Myanmar အထည်ချုပ်စက်ရုံမှာ လုပ်သက် တစ်နှစ် နီးပါးရှိ အလုပ်သမားတွေကို အသက်မပြည့်ဘူး ဆိုပြီး နေ့စားလုပ်သားအဖြစ် ပြောင်းလဲလုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်ဝင် ချိန်မှာ အသက်ပြည့်မပြည့် စစ်ဆေးမှုူတွေ ပြုလုပ်ခဲ့ပေမဲ့ လုပ်သက် ၈ လကျော်မှာ နေ့စားလုပ်သားအဖြစ် ပြောင်းလဲခဲ့တာလို့ အလုပ်သမားတွေ ပြောပါတယ်။
 
“အလုပ်ခန့်တော့ အသက်ပြည့် မပြည့် စစ်တယ်။ အခုမှ အသက်မပြည့်လို့ နေစားအလုပ်သမား ပြောင်းတော့ အလုပ်သမားတွေ နစ်နာရတယ်။ နေ့စား ပြောင်းတာ လုပ်နိုင်ရင် ဆက်လုပ်၊ မလုပ်နိုင်ရင် အလုပ်ထွက်ဆိုပြီး ပြောတယ်။” လို့ ပြောပါတယ်။
 
လက်ရှိ ကျင့်သုံးနေတဲ့ အလုပ်သမားဥပဒေက နေ့စားလုပ်သားနဲ့ အမြဲတမ်းလုပ်သားတွေရဲ့ အခွင့်အရေးတွေကို မခွဲခြားပေမဲ့ လက်ရှိ စက်ရုံတွေမှာ နေ့စားအလုပ်သမားတွေမှာ လူမှုဖူလုံရေးကြေး ပေးခွင့်မရသလို ခွင့်ရက်နဲ့ ခွင့်ခံစားခွင့်တွေ ရမနေဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက တခြားအလုပ်သမားတွေမှာ ဥပဒေပါ အခွင့်အရေးတွေ ခံစားခွင့်မရဘူးလို့လည်း သိရပါတယ်။
 
“ရှောင်တခင်ခွင့်၊ ဆေးခွင့်လည်း ခံစားခွင့် မပေးဘူး၊ ခွင့်မပေးဘဲ့ ရက်ပျက်တာနဲ့ ဒေးကြေး၊ ရက်မှန်ကြေး အဖြတ်ခံရတယ်။ နေမကောင်းလည်း ဂိတ်ပတ်မပေးဘူး။ စံချိန်တော့ ပြည့်အောင်ချုပ်ခိုင်းတယ်။ အချိန်ပို အောနိုက်၊အောလင်းတွေ ဆင်းလို့ မနက် အိမ်ပြန်မှာ ပတ်ကားနဲ့ လိုက်ပို့တယ်။ အလုပ်သမားတွေက အများကြီး နောက်ဆုံးသမားက ၈ နာရီပဲ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် မနက်ပိုင်းမှာ အလုပ်သမားတွေကို အချိန်ပို ခိုင်းစေတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။ အထည် စံချိန်ကို အလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့ အထိ တိုးမြှင့်ပြီး အဲ့ဒီစံချိန်ရဖို့ အိမ်သာမသွား ရေမသောက်ဘဲ ချုပ်လုပ် ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အသဲသန်ချုပ်တဲ့ ကြားထဲ အောစူပါ၊ စူပါများထက် ပိုဆိုးတဲ့ စက်လိုင်းမန်နေဂျာက တော်တော်မိုက်ရိုင်းပါ ၊ သူလာရင် ဘယ်သူမှ ခေါင်းထောင်မကြည့်နဲ့ဆိုပြီး ကြိမ်းဝါးထားတယ်” လို့ ပြောပါတယ်။
 
လုပ်ငန်း ခွင်ထဲ WCC အဖွဲ့ရှိပေမဲ့ အဖွဲ့ဝင်တွေက စက်ရုံ စူပါတွေဖြစ်ပြီး အလုပ်ရှင်ဘက်ကခန့်ထားတာလို့ ပြောပါတယ်။ ဒီ WCCတွေက လုပ်ငန်းခွင်အခက်ခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးတာ မရှိလို့ အလုပ်သမားတွေ နစ်နာနေရတယ်လို့ ပြောပါတယ်။
 
Sky Fashion Myanmar Co.,ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်၁လမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမား ၈၀၀ကျော် လုပ်ကိုင်ပြီး Alvaro Moreno တံဆိပ်အထည်တွေ ချုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026