NEWS

SKY Fashion အထည်ချုပ် နားချိန် အပြည့်မပေးဘဲ လုပ်အားခေါင်းပုံဖြတ်

CoverLogo
597 Views
 
SKY Fashion (Myanmar) Co.Ltd စက်ရုံက အလုပ်ချိန် မနက် ၈ နာရီ မှာ စတင်ပေမဲ့ အလုပ်သမားတွေကို ၇ နာရီခွဲကတည်းက လုပ်ငန်းခွင်ဝင်ခိုင်းပြီး အလုပ်စလုပ်ခိုင်းတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန် ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို ပြောထားပါတယ်။
 
“အလုပ်ရှင်က နာရီဝက် စောပြီး ဖိအားပေး အလုပ်လုပ်ခိုင်းတယ်။ အလုပ်သမားတွေရဲ့ လုပ်အားကို ခိုးယူတာ။ ဘယ်လာက်ဆိုးလဲ ဆိုရင် ဖယ်ရီကားက ၇ ခွဲထက် နောက်ကျဝင်ရင်တောင် အလုပ်သမားတွေကို အစားပြေ စားခွင့်မပြုဘူး။ ရုံခန်းက မိုက်နဲ့အော်ပြီး အလုပ်ဝင်ခိုင်း၊ အလုပ်တန်းလုပ်ခိုင်းတာ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံမှာ မီး ပျက်လို့ နေ့တဝက် အလုပ်ဆင်းပြီး ပြန်လွတ်တဲ့ရက်တွေအတွက် တနင်္ဂနွေနေ့မှာ ရက်အစား ဆင်းခိုင်းတာကို ငြင်းတဲ့ အလုပ်သမားတွေကို အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ ပြောပါတယ်။
 
“အလုပ်သမားတွေကို ဖိအားပေး ပြန်ဆင်းခိုင်းတယ်၊ အလုပ်ရှင်ဘက်က ပြန်လွှတ်တာဖြစ်တဲ့ အတွက် တနင်္ဂနွေနေ့မှာ ရက်စား ဆင်းမပေးနိုင်ဘူး ငြင်းတယ်။ ဒီလို ငြင်းလို့ဆိုပြီး အလုပ်သမား ၆ ယောက်ကို ဥပဒေမဲ့ အလုပ်ထုပ်တယ်။ စက်လိုင်းမန်နေဂျာ၊ အောစူပါက၊ ဒီစက်ရုံမှာ လုပ်မယ်ဆိုရင် ငါတို့ စည်းကမ်းလိုက်နာရမယ် မလိုက်နာ ရင် အလုပ်က ထွက်ဆိုပြီး ခြိမ်းခြောက်တယ်။ သတိရှိတဲ့အလုပ်သမားတွေ ငါကိုလာပြော ငါအကြောင်းသိမယ်ဆိုပြီး ပြောတာ.”လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမားတွေ ကျန်းမာရေးအရ သန့်စင်ခန်းသွားခွင့်ကို ကတ်နဲ့ ခွင့်ပြုပြီး အလုပ်သမား ၆၀ ရှိတဲ့ စက်လိုင်းတစ်လိုင်းအတွက် နှစ်ကတ်ပဲ ပေးထားတယ်လို့ သိရပါတယ်။ သန့်စင်ခန်းသွာဖို့ ခက်ခဲတာကြောင့် အလုပ်သမားတွေမှာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“ မနေနိုင်လို့ အိမ်သာသွားတဲ့ အလုပ်သမားတွေဆိုရင် အိမ်သာစောင့်က ကဒ်မပါလို့ အိမ်သာထဲပေးမဝင်ဘူး၊ အော်ဟစ်ပြီး ပြန်လွတ်တယ်။ အိမ်သာ လာတာ၊ ပြန်လွတ်တော့ ဆီးအောင့် ဆီးကျင်တာတွေ ဖြစ်တယ်.” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း နေစားအလုပ်သမား ၃၀ကျော် လုပ်ကိုင်နေပြီး လုပ်သက် ၃ လပြည့်ပေမဲ့ အမြဲတမ်း လုပ်သားအဖြစ် မခန့်တာကြောင့် ဥပဒေပါ အခွင့်အရေးတွေဆုံးရှုံးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့ တဖက်သတ် အထည်စံချိန်တွေ မပြည့်ပါက အောလင်း၊ အောနိုက် လုပ်ကိုင်ပေးရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
အချိန်ပိုတွေ မဆင်းတဲ့ အလုပ်သမားတွေကို ခွဲခြားဆက်ဆံခံရတာကြောင့် ဆန္ဒမပါဘဲ လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
SKY Fashion (Myanmar) Co.Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်၁လမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံမှာ အလုပ်သမား ၈၀၀ ကျော် လုပ်ကိုင်နေပြီး ALVAOR MORENO တံဆိပ် ချုပ်နေတယ်လို့ သိထားပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026