NEWS

sinsay အမှတ်တံဆိပ်ချုပ် စက်ရုံလုပ်ငန်းခွင်အတွင်း အလုပ်သမားကို ကိုယ်ထိလက်ရောက် ကျူးလွန်ပြီး ခံစားခွင့်တစ်စုံတစ်ရာမရှိဘဲ  အလုပ်မှထုတ်ပယ်

CoverLogo
471 Views

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အမှတ် (- )၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ စက်မှုဇုန် (၃)မှာဖွင့်လှစ်ထားတဲ့  sinsay အမှတ်တံဆိပ်ချုပ်လုပ်တဲ့ Golden Colour Fashion (Myanmar) ပိုင်ရှင်ဆိုသူ အမျိုးသမီးက  အလုပ်သမားအမျိုးသမီးကို ရုံးခန်းမှ ဆွဲထုတ်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။

အလုပ်သမားက သက်ဆိုင်ရာ ဦးစီးဌာနက တိုင်ကြားမှုပြုလုပ်နေစဉ်မှာပဲ  အလုပ်သမားကို ခံစားခွင့်တစ်စုံ တစ်ရာပေးခြင်းမရှိ အလုပ်မှထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။

"သူတို့က ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာပါ။ ဆောင့်ဆွဲပြီး မှအပြင်ကိုဆွဲထုတ်တာ။ ငါ့စက်ရုံမှာမလုပ်နဲ့ဆိုပြီး။ အဲ့တာကိုမှငြင်းထားတာပါ။  CCTV ရှိတယ်သက်သေတွေ လည်းရှိတယ်။ ပထမအကြိမ်ရုံးချိန်းမှာ cctv တင်ပေးမယ်ပြော တယ်။ နောက်အကြိမ်မှ cctv ဘရေကာကျနေလို့ဆိုပြီး ပြန်ပြောတယ်။ ဦးစီးရုံးကလည်းအဲ့အပေါ် တိတိကျကျပြောထား တာမရှိသေးဘူး။ တရားစွဲရင်စာထုတ်ပေး မယ်တော့ပြောတယ်။ နောက်ရုံးချိန်းကိုတော့ ပြန်ချိန်းပေးထားတယ်" လို့ အလုပ်သမား နဲ့နီးစပ်သူကဆိုပါတယ်။ 

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်လို့ အလုပ်သမားဦးစီးရုံးအနေနဲ့  "ဥပဒေအရ ထိရောက်စွာအရေးယူရမယ်လို့ပါပေမယ့်လည်း ဦးစီးကိုယ်တိုင် အမှုဖွင့်တိုင်ကြားရမယ်လို့ မပါတာကြောင့်  အလုပ်ရှင်ကို နောက်မလုပ်ဖို့ ဝန်တိမ် ထိုးခိုင်း တာမျိုးပဲ ညှိနှိုင်းပေးနိုင်မှာဖြစ်တယ်လို့  ဆိုပြီး  အလုပ်သမားအနေနဲ့ ကျေနပ်မှူအရှိလို့ အပြင်ရဲစခန်းမှာ တခြားပုဒ်မတွေနဲ့ တိုင်မယ်ဆိုပါက ရုံးချိန်းသုံးကြိမ်ခေါ်ပြီးတော့ စာထုတ်ပေးမယ်လို့ဆိုထားတယ်လို့ သိရပါတယ်။

Golden Colour Fashion (Myanmar) ၏ပိုင်ရှင်ဆိုသူတရုတ်နိုင်ငံသား အမျိုးသမီးက အလုပ်သမားရဲ့လက်မောင်းအား ကြမ်းတမ်းစွာကိုင်တွယ်ကာ ရုံးခန်းအတွင်းမှ ဆွဲထုတ်ခံခဲ့ရမှုကို အင်းစိန်မြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားခဲ့ရာ၂၃-၁၂-၂၀၂၄ ရက်နေ့တွင် ရုံးချိန်းခေါ်ယူခဲ့ပါတယ်။

လုပ်ငန်းရှင် နိုင်ငံခြားသားက အလုပ်သမား ဝန်ထမ်းအား ရုံးခန်းအတွင်းမှ ကြမ်းတမ်းစွာဆွဲထုတ်ခဲ့သည့် ကိစ္စအား ထိရောက်စွာအရေးယူမှု မလုပ်ပေးနိုင်ဘဲ မကျေနပ်လို့တိုင်ကြားလိုပါက စာထုတ်ပေးနိင်မယ်လို့သာ  အင်းစိန်မြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအလုပ်သမားဟာ ၁၇.၆.၂၀၂၂ ရက်နေ့မှ စတင်ပြီး လိုင်း-၁၁ဌာန၊ စာရေးမ ရာထူးဖြင့် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၂၀.၁၂.၂၀၂၄ ရက်နေ့ မနက်(၈း၀၀) ခန့်တွင် HR ရုံးခန်းသို့   အလုပ်တက်လူစာရင်း များတင်ပြခဲ့ပြီး ဖိုင်တွဲရန်အတွက် စာရွက်ဖောက်စက်မတွေ့သဖြင့် စားပွဲများပေါ် လိုက်လံရှာဖွေရာမှ  မန်နေဂျာ မ-- က  နင်ငါတို့အနားကို လာမရှာနဲ့ နင်လိုချင်တာကို အပြင်ကနေတောင်း ဟုအော်ဟစ်ပြောဆိုသဖြင့် ဝန်ထမ်းမှ ခါတိုင်းလည်းဒီလိုပဲ အလုပ်လုပ်နေတာပဲ၊ အဲ့လိုမျိုးစည်းကမ်း ထုတ်ထားတာမရှိကြောင်း  ပြန်လည်ပြောခဲ့ရာ "ဒါက ငါချမှတ်ထားတဲ့စည်းကမ်းပဲ၊ နင်က ကိုယ့်နေရာကိုယ်မနေလို့ပြောနေရတာ၊ ငါကြိုက်တဲ့အချိန် ကြိုက်သလိုစည်းကမ်း သတ်မှတ်မယ်၊ ငါလုပ်ပိုင်ခွင့်ရှိတယ်၊ နင်က လူလိုမသိလို့ပြောနေရတာ၊ မကြိုက်ရင်အလုပ်က ထွက်သွား"ဟု ရိုင်းစိုင်းစွာ အော်ဟစ်မောင်းထုတ်ခဲ့တာလို့ ဆိုပါတယ်။

ထိုသို့ ဖြစ်ပွားပြီး တရုတ်သူဌေးအား သွားရောက်ခေါ်လာခဲ့ပြီး သူဌေးမှ တရုတ်ဘာသာဖြင့် အော်ဟစ်ပြောဆို ကာ စကားပြန်က "ဒါငါ့စက်ရုံ အခုချက်ချင်းထွက်သွား"ဟု ပြောကြောင်း ဘာသာပြန်ပြောပြခဲ့ကာ တရုတ်သူဌေးမှ ကိုယ်ထိလက်ရောက် တွန်းထုတ်ခြင်း၊ ဆောင့်ဆွဲခြင်းများပြုလုပ်ပြီး ရုံးခန် ပြင်ပသို့ ဆောင့်ဆွဲခေါ်သွားခဲ့တာဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

အဲ့ဒီအပေါ်အလုပ်ရှင်က CCTV ကဘရေကာကျလို့မပြနိုင်ကြောင်းနဲ့ အလုပ်သမားကိုမလုပ်ကြောင်းသာ ငြင်းဆိုထားပြီး အလုပ်ကနေ မည်သည့် ခံစားခွင့်မပေးဘဲ အပြီးတိုင်အလုပ်ထုတ်လိုက်ကြောင်းကိုသာ စာထုတ်ခဲ့ပြီး အလုပ်သမားမှ မဟုတ်မမှန် ပြောဆိုတာနဲ့ စက်ရုံဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ရက်ပေါ်တင်ပါက တရားစွဲဆိုမယ်လို့လည်းဆိုထားပါတယ်။ 

လုပ်ငန်းရှင်ဆိုသူ အနေဖြင့် ဝန်ထမ်းအပေါ် ယခုကဲ့သို့ ဆက်ဆံပြုမူခြင်းသည် EC စာချုပ်ပါ ပုဒ်မ-၁၇(က)နှင့် နောက်ဆက်တွဲ-က၊ ၁၂ အားချိုးဖောက်ရာ ရောက်တဲ့အပြင် အလုပ်သမား၏ ဂုဏ်သိက္ခာထိခိုက်အောင် ကိုယ်ထိလက်ရောက်ပြုမူခြင်းလည်းဖြစ်လို့  အမျိုးသမီးများအား နိုင့်ထက်စီးနင်းပြုမူခြင်းပင်ဖြစ်တယ်လို့ STUM အဖွဲ့က ဆိုထားပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026