NEWS

Shun Yu Myanmar Garment စက်ရုံတွင် လုပ်သား ၃၀၀ အတွက် ကြိုပို့ယာဉ် တစ်စီးသာ စီစဉ်ပေးထား

CoverLogo
297 Views
 
Shun Yu Myanmar Garment Co.,ltd ပိုင် အထည်ချုပ်စက်ရုံက စက်ရုံလုပ်သား ၃၀၀ အတွက် ကြိုပိုယာဉ် တစ်စီးတည်းသာ စီစဉ်ပေးထားလို့ အလုပ်သမားတွေ အလုပ် အသွားပြန်အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) က ပြောပါတယ်။
 
“စက်ရုံအလုပ်သမားတွေကို ဖယ်ရီ စီစဉ်ဆောင်ရွက်ပေးတာ မရှိဘူး၊ နောက် ခရီးစာရိတ် ထောက်ပံတာလည်း မရှိဘူး။ အချိန်ပို ဆင်းပြီးချိန်ဆို မှောင်ပြီ လှယက်ခံရလို့ နစ်နာမှုတွေကိုလည်း စက်ရုံက တာဝန်မယူဘူးလို့ အလုပ်သမားတွေက ပြောထားတယ်” လို့ ပြောပါတယ်။
 
စက်ရုံလုပ်သား ၃၀၀ ကျော်ထဲမှာ ၃၀၀ လောက်အတွက်သာ ယာဉ်အသေး တစ်စီး ပဲ စီစဉ်ထားပြီး ကျန်သော အလုပ်သမားတွေကိုတော့ ကြိုပို့ စီစဉ်မပေးတာလို့ အလုပ်သမားတွေက ပြောထားပါတယ်။ ကျွမ်းကျင်ရေး သတ်မှတ်ရာမှာ မျှတမှုမရှိတဲ့ အပြင် ခေါင်းဆောင်တချို့က အော်ဟစ်ဆဲဆို ခိုင်းစေတယ်လို့လည်း ပြောပါတယ်။
 
“အထည်စံချိန်ကို မချုပ်လုပ်နိုင်တဲ့အထိ တောင်းတယ်။ ‌အထည်ကြေး၊ ဆုကြေးကိုလည်း တစ်လ ၄ရက် ပျက်တာနဲ့ လုံး၀မပေးတော့ဘူး။ Finishing Qc နဲ့ Leader ကလည်း အရမ်းရမ်းကို ကြမ်းတမ်းတယ်။ နေ့တိုင်း အော်ပြော အော်ဆဲနေတာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်ပိတ်ရက် အစားထိုး အချိန်ပို အိုတီလုက်ကိုင်ခိုင်းတွေတာတွေကို စက်ရုံဘက်က ကြိုတင် ပြောကြားခြင်းမရှိဘဲ စိတ်ကြိုက် လုပ်ဆောင်လို့ အလုပ်သမားတွေမှာ နစ်နာဆုံးရှုံးမှုတွေ ရှိနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားဥပဒေပါ ဆေးခွင့်၊ ရှောင်တခင်ခွင့်တွေနဲ့ ခံစားခွင်တွေမပေး အလုပ်ထုတ်တဲ့ အပြင် လုပ်ငန်းခွင်ထဲမှာ ကျန်းမာရေးစောက်ရှောက်မှု ပြုလုပ်မပေးဘူးလို့ ပြောထားပါတယ်။
 
“ လူမှုဖူလုံရေးကြေး လစာထဲကနေ လတိုင်း ဖြတ်ထားတယ်၊ ဒါပေမဲ့ ဆေးခွင့်ရက်ကိုတို့ အဲ့ရက်အတွက် အကျိုးခံစားခွင့် မရဘူး။ ရှောင်တခင်ခွင့်လည်းမရဘူး ပြောရမှာ။ ရှောင်တခင်ခွင့်ကို ခွင့်မဲ့လုပ်တယ်။ အလုပ် ၃ ရက် ပျက်တယ် သတ်မှတ်ပြီး အလုပ်က ထုတ်တယ်။ အလုပ်ထဲ ဆေးပေးခန်းမရှိဘူး ။ ဖျားတယ်နာတယ်၊ ၊ ဗိုက်အောက့်ရင်တောင် သောက်ဖို့ ဆေးမရှိဘူး၊ ခဏနားဖို့ နေရာတောင် မထားပါဘူး” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲ စစ်ဆေးရေးအဖွဲ့တွေ မဝင်ရောက်မီ အချိန်ပို ခေါ်ယူထားတဲ့ အချက်အလက်တွေကို အတုအ ပပြုလုပ် ပြင်ဆင်လေ့ရှိတာကြောင့် အလုပ်သမားချိူးဖောက်မှုတွေရဲ့ အဖြစ်အပျက်အမှန်တွေကို ဖုံးကွယ်လေ့ရှိ တယ်လို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။
 
Shun Yu Myanmar Garment Co.,ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ကနောင်မင်းသားကြီးလမ်းမှာ ဖွင်လှစ်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ အလုပ်သမား ၃၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်ပြီး Amisu ၊ Sinsay စတဲ့ တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026