NEWS

SHINSUNG Garment မှာ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရ

CoverLogo
1.2K Views

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဒေါ်ဖွားရှင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ ကိုရီးယားနိုင်ငံသားပိုင် Shinsung အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေအနေနဲ့ ခွင့်ခံစားခွင့်မရတာ၊ စံချိန်ကိုချုပ်လုပ်နိုင်တာထပ်ပိုတောင်းတာ၊ ငွေကြေးဖြတ်တောက်တာ၊ ကြီးကြပ်သူတွေက အလုပ်သမားတွေကို ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေသုံးပြီးအလုပ်ခိုင်းစေတာနဲ့ အခြားသောချိုးဖောက်မှုတွေပြုလုပ်နေတာရှိတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

 

အလုပ်သမား ဦးရေ ၄၀၀၀ ကျော်နဲ့လည်ပတ်နေတဲ့ အဆိုပါလုပ်ငန်းခွင်မှာ အလုပ်သမားအဖွဲအစည်း ဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါတယ်။

 

ဒီစက်ရုံမှာတော့   P ၊ TOPTEN တံဆိပ်အင်္ကျီ၊ ဘောင်ဘီများ ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

 

"မနက်ခင်းအလုပ်တက်ချိန်က ၇ နာရီခွဲပါ။ ဒါပေမယ့် ၇ နာရီ ၁၀ မိနစ်မှာစပြီးတော့ချုပ်လုပ်ရပါတယ်။ စံချိန်ကိုလဲ အလုပ်သမားတွေချုပ်နိုင်တာထက်ပိုတောင်းတယ်"လို့ လုပ်ငန်းခွင်ထဲက အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

 

အထည်ချုပ်လုပ်သားတွေကို ချုပ်လုပ်ပေးဖို့ သတ်မှတ်ထားတဲ့စံချိန်က တစ်နာရီကို အထည် ၁၅၀ မှ ၁၆၀ ထိတောင်းခံပြီး မရပါက ဝမ်တိန် ( သတိပေးလက်မှတ်) ထိုးခိုင်းပြီး အရှက်ရအောင် ဂုဏ်သိက္ခာမဲ့စွာ ဆဲဆိုခိုင်းစေနေတာတွေ ပြုလုပ်နေတယ်လို့အလုပ်သမားကပြောဆိုပါတယ်။

 

"တောင်းထားတဲ့စံချိန်ကိုရဖို့ ချုပ်ထည်ပိုရင် အထည်ပိုကြေးပေးမယ်လို့ မက်လုံးပေးတော့ တချို့အလုပ်သမားတွေက နားချိန်မှာ မနားဘဲ မရပ်မနားချုပ်လို့ စံချိန်ကျော်သွားတယ်ဆိုရင် အထည်ဆုကြေးရရမှာပါ ဒါပေမဲ့ အထည်ပိုကြေးကို ပိုက်ဆံအတိအကျမပေးဘဲ အထည်ဘယ်လောက်အပိုဆိုတာကို တိတိပပ မပြောထားတော့ မရဘူး အလုပ်သမားအနေနဲ့ မှန်မှန်ကန်ကန်လိုချင်တာပေါ့" လို့ အလုပ်သမားကပြောဆိုပါတယ်။

 

လုပ်ငန်းခွင်ထဲမှာ မန်နေဂျာဆိုသူက လစဥ် ၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ထိကောက်ခံတာတွေရှိတယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာ ဒေးကြေး ၆၀၀၀ ကျပ်သတ်မှတ်ပေးသော်လည်း အိုတီကြေးကို အခြေခံလစာအတိုင်း သတ်မှတ်မပေးခြင်း လစာပေးရာတွင် ရှင်းလင်းမှုမရှိခြင်း အစွန်းထွက် ငွေကြေးများကို ဖြတ်တောက်ခြင်းများလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

 

"ခွင့်ခံစားခွင့်အနေနဲ့ အလုပ်သမား တွေ ခံစားခွင့်ရှိတဲ့ ရှောင်တစ်ခင်ခွင့် တွေ ခံစားခွင့်မရှိပါဘူး ၊ ခွင့်တိုင်လျှင် ခွင့်အဖြစ် မသတ်မှတ်တဲ့ အတွက် အလုပ်တစ်ရက်ပျက်လျှင် ဒေးကြေး (၆၀၀၀) ကျပ်၊ ရက်မှန်ကြေးဖြတ်တောက်တယ် ၊ ၂ရက်ပျက်လျှင် (၄၀၀၀၀) ဖြတ်တောက်ခံရခြင်း၊  ဘာတွေဖြတ်လဲ၊ ဘယ်လောက်ဖြတ်လဲလည်း အလုပ်သမား တွေက ရှင်းရှင်းလင်းလင်းမသိရဘူး ၊ ရက်မှန်ကြေးကိုလည်း အလုပ်သမားတစ်ယောက်နဲ့တစ်ယောက် ပေးတာမတူခြင်းကြောင့် တိတိကျကျဘယ်လောက်ဖြတ်လဲ မသိရဘူး"လို့ အလုပ်သမားကပြောပါတယ်။

 

"ကျန်းမားရေးမကောင်းလို့ ဆေးရုံတက်ရလို့ အလုပ်ပျက်ပြီး နေကောင်းလို့ အလုပ်ပြန်ဆင်းလျှင် မိုက်မိုက်ရိုင်းရိုင်းအပြောဆိုခံရပါတယ် စက်ရုံထဲမှာ ဆေးပေးခန်းရှိလည်း လျှက်ဆားလို့ဆေးမျိုးလောက်ပဲရှိတာ ၊ ရုတ်တရက် ဗိုက်အောင့်လို့ သွားရင် ဆေးလျှက်ဆားပဲပေးတယ်" လို့ ယင်းကပြောဆိုပါတယ်။

 

စက်ချုပ်အလုပ်သမားများမှာ နံနက်ခင်း စက်လိုင်းထဲဝင်လျှင် တစ်ကြိမ်၊ အလုပ်ပြန်လျှင် တစ်ကြိမ်၊ စက်ရုံမှူး စက်လိုင်ထဲလာသည့် အချိန်တိုင်း စက်လိုင်းတစ်လိုင်းလုံးကို နေ့စဥ်နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးနေရပြီး သန့်ရှင်းရေးဝန်ထမ်းခန့်အပ်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။

 

လုပ်ငန်းခွင်အတွင်း စိတ်ပိုင်းဆိုင်ရာ နှောက်ယှတ်ခံရခြင်း၊ စော်ကားခံရခြင်းများလည်း ရှိနေတယ်လို့ အလုပ်သမားကပြောဆိုချက်အရ သိရပါတယ်။

 

အလုပ်သမား တွေအနေနဲ့ ဒေးကြေးအလိုက် OTကြေးတိုးပေးရန်၊ စူပါ၊ အောစူပါများ ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်း မပြုလုပ်ရန်၊ ဆေးပေးခန်းတွင် လိုအပ်သော ဆေးများထားပေးရန်နှင့် စက်လိုင်းထဲတွင် သန့်ရှင်းရေးထားပေးရန်၊ အထည်ပိုကြေးကို တစ်ထည်ဘယ်လောက်ဆိုတာ အတိကျသတ်မှတ်ပေးရန်၊ လစာထုတ်ရာတွင် အစွန်းထွက်ပိုက်ဆံများ အလုပ်သမားများကို ပေးရန်၊ မန်နေဂျာမှ အကြောင်းပြချက်မရှိပဲ ကောက်ခံနေသော ပိုက်ဆံများ မကောက်ခံရန်၊ စံချိန်များ မတရားတောင်းခံခြင်းမပြုလုပ်ရန်နှင့် စံချိန်မတရားတောင်းခံပြီး မပြည့်လျှင် ဝမ်တိမ်ထိုးခိုင်းခြင်း မပြုလုပ်ရန်၊ အလုပ်သမားများ ခံစားခွင့်ရှိသော ခွင့်ရက်များကို ပေးရန် စတဲ့အချက်တွေ တောင်းဆိုလိတယ်လို့ အလုပ်သမားတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026