NEWS

Shi An Myanmar အထည်ချုပ် နားရက် တနင်္ဂနွေနေ့ပါ အချိန်ပို လုပ်ကိုင်ခိုင်း

CoverLogo
348 Views
 
Shi An Myanmar အထည်ချုပ်စက်ရုံက နေ့စဉ် အချိန်ပိုတွေ လုပ်ကိုင်ပေးရတဲ့ အပြင် တနင်္ဂနွေပါ လုပ်ကိုင်ပေးနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အများပြည်သူ အလုပ်ပိတ်ရက်တွေမှာလည်း လုပ်ကိုင်ခိုင်းတယ်လို့လည်း ပြောပါတယ်။
 
“ကျမတို့ စက်ရုံက အချိန်ပို otတွေ မတရားခေါ်တယ်။ မဆင်းချင်လို့လည်း မရပါဘူး။ တနင်္ဂနွေနေ့မှာလည်း ဆင်းရပါတယ်။ အပတ်တိုင်းဆင်းရတာပါ ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
နေ့စဉ် အချိန်ပို ၃ နာရီ လုပ်ကိုင်ရပြီး တနင်္ဂနွေနေ့တွေမှာ အနားမရတာကြောင့် အချိန်ပို တလ နာရီ ၁၀၀ ဝန်းကျင် လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။ အိုတီကြေးကိုတော့ စက်ရုံက လက်ငင်းရှင်းပေးတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အစိုးရ ရုံးပိတ်ရက်တွေမှာ ဆင်းရပါတယ် ။ မဆင်းချင်လို့ လက်မှတ်မထိုးရင် အောစူပါတွေက ခေါ်ပြီး ဆူပါတယ်၊ ဆဲပါတယ်။ စက်လိုင်းပိတ်ထားရင် ပါကင်ဌာနက အပတ်တိုင်းဆင်းရပါတယ် ။ စက်ရုံရဲ့ စီအိုစီ (COC) ကို ပြောပြတာလည်း ရှင်းမပေးပါဘူး။ မဆင်းချင် လက်မှတ်မထိုးနဲ့လို့ ပြောနေတာပါ။ မထိုးပြန်လည်း နေရခတ်အောင် ခေါင်းဆောင်က ခေါ်ဆဲပါတယ်။ “ လို့ အမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။
 
ဒီကနေ့ ဇွန် ၁၅ ရက်မှာလည်း အချိန်ပို လုပ်ကိုင်နေရပြီး အစ်နေ့လို အများပြည်သူ အလုပ်ပိတ်ရက်တွေမှာပါ အနားမရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလို အချိန်ပိုတွေ လုပ်ကိုင်နေရတာ ၉ လ ဝန်းကျင် ရှိနေပြီလို့ လည်း အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအလုပ်သမားတွေမှာ အချိန်ပို ဆက်တိုက် လုပ်ကိုင်နေရလို့ အခွင့်အရေးတွေ ဆုံးရှုံးနေရလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တစ်လမှာ တစ်ရက်လောက်ပဲ နားရတာပါ။ အချိန်ပိုတွေ ဆက်တိုက်ဆင်းရတော့ ပင်ပန်းလို့ အလုပ် မြန်မြန် မလုပ်နိုင်လည်း စက်ရုံမူးက အော်ပါတယ် ။ နစ်နာမှုလို့ မပြောချင်ပါဘူး။ နားချိန်မရှိလို့ပါ ။ အချို့ သင်တန်း တက်ဖို့ အဆင်မပြေဘူး။ တနင်္ဂနွေ အချိန်ပိုဆင်းတော့ ညနက်တယ်။ သတ်မှတ်ထားအတိုင်း ပိတ်ပေး စေချင်တာပါ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Shi An Myanmar အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာစက်မူဇုန် ၂၊ ကနောင်မင်းသားကြီး လမ်းပေါ်မှာ ရှိတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ လက်ရှိ စက်ရုံလုပ်သား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ
Feb 13, 2026
Cover
Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ
Feb 13, 2026
Cover
Tha Shu (Myanmar) Glory Fashion စက်ရုံတွင် တပတ် အချိန်ပို အော်လင်းအောနိုက် ၄ ရက် ဆင်းနေရ
Feb 13, 2026