NEWS

Sheng Mei Garment အများပြည်သူ ပိတ်ရက် နှစ်ရက်အပြင် အောနိုက် လုပ်ကိုင်ခိုင်း လုပ်ခ ဖြတ်မဲ့အစီအစဉ်အား အတင်းအကြပ် လက်မှတ်ထိုးခိုင်း

CoverLogo
902 Views
 
ဝါးတရာစက်မှုဇုန်က Sheng Mei Garment စက်ရုံက အများပြည်သူအလုပ်ပိတ်ရက်တွေကို နားရက် မပေးတဲ့ အပြင် မိုးအလင်း(အောနိုက်) လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“(ဇူလိုင် ၁၈ ရက်) ကြာသာပတေးညကနေ နောက်တနေ့ မနက် ၄ နာရီအထိ လုပ်ခိုင်းတယ်၊ ကြားရက် အာဇာနည်နေ့ တရက်တည်း အနားပေးတယ်။ ဒီကနေ့ ဝါဆိုလပြည့်နေ့နဲ့ မနက်ဖြန်(ဇူလိုင်၂၁) တနင်္ဂနွေ ပိတ်ရက်ကို အချိန်ပို(အိုတီ) ဆင်းခိုင်းပါတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အောလင်းအချိန်ပို လုပ်ခကို ကျပ် ၁၆၀၀၀ ပေးမယ်ဆိုပြီး စက်ရုံတာဝန်ရှိသူတွေက ပြောဆိုခဲ့ပေမဲ့ ကျပ် ၁၂၀၀၀ သာ ပေးခဲ့တယ်လို့ အလုပ်သမားတွေ နစ်နာခဲ့ရတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လအတွင်း စက်ရုံဘက်က အချိန်ပို အောအလင်းခိုင်းစေတာတွေ ၃ ပတ်ကြာ လုပ်ကိုင်ပေးခဲ့ရသလို နေ့စဉ် ည ၈ နာရီခွဲအထိ အချိန်ပိုလုပ်ကိုင် ခိုင်းနေတာ ၂ လ နီးပါး ရှိနေပြီလို့လည်း ပြောပါတယ်။
 
စနေနေ့တိုင်း ညနေ ၆ နာရီခွဲအထိ အလုပ်ဆင်းခိုင်းပြီး တနင်္ဂနွေနေ့မှာတော့ ညနေ ၄ နာရီခွဲ အထိ လုပ်ကိုင် ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ပြီးခဲတဲ့ ဇွန်လအတွင်း လစာထုတ်ပေးခဲ့ ရက်သတ္တပတ်မှာ ပဲ နားရက် ရခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို လုပ်ကိုင် ရတဲ့နေတိုင်း နားချိန် ၁၀ မိနစ် လောက်သာ အနားရတယ်လို့ သိရပါတယ်။
“နေ့လည်စားပြီးကတည်းက ညနေ ၆ ခွဲအထိ ဆက်တိုက်လုပ်ရပ်တယ်။ ၈ ခွဲအထိ လုပ်ရတဲ့နေ့တွေမှာ ညနေ ၆ ခွဲမှာ လက်ဗွေ နှိပ် ၊ မုန့်စားဆိုပြီး ၁၀ မိနစ်လောက် အနားပေးတယ်။ ပြောတာကတော့ ၁၅ မိနစ် အနားပေး တယ်ဆိုတာပဲ၊ ဒါပေမဲ့ အပြည့်လည်း မနားရပါဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လက်ရှိ စက်ရုံဘက် တရက်လုပ်ခ လစာတိုးပေးမယ်ဆိုပြီး တောက်ပံကြေး ကျပ်သုံးသောင်းကို မပေးဘဲ အထည်ဆုကြေး(တစ်ကပ်ကြေး)ပါ ဖြတ်တောက်မယ်ဆိုပြီး ပြောဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံ ထောက်ပံကြေးကို ဖြုတ်မယ်၊ တရက် လုပ်ခ ၇၀၀၀ ပေးမယ်။ ဒါလည်း သေချာပေါက်ပေးမယ် မပြောဘူး။ တင်ပြထားတုန်းလို့ ပြောတယ်။ နောက် တစ်ကပ်ကြေးကို ၃၀ ရာခိုင်နှုန်းတိုးပေးမယ်ဆိုပြီး ပြောပြန်တယ်။ ဒါကိုလည်း အော်ဒါမရရင် ပြန်ဖြုတ်မယ် ပြောနေတယ်။ အခုလည်း ၁၀ ရာခိုင်နှုန်း ပြန်ဖြတ်ထားပြန်တယ်။ ဒီစက်ရုံမှာ ဘာမှ မတည်ငြိမ်ဘူး။ လုပ်ခနဲ့ ရတဲ့ အမျိုးအစားက ဘာဆိုတာကို သေချာလည်း မသိရဘူး” လို့ ပြောပါတယ်။
 
လုပ်ခလစာ ကျပ် ၇၀၀၀ ကို စက်ချုပ်အလုပ်သမားတွေသာတိုးမှာဖြစ်ပြီး စက်ရုံထဲက တခြားဌာနက အလုပ်သမားတွေ မပါဝင်ဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ခလစာ တိုးပေးတာ မရှိပေမဲ့ စည်းကမ်းချက်အသစ်တွေ ထုတ်ပြီး အဲဒီစည်းကမ်းချက်တွေကို ချိုးဖောက်ပါက သတိပေးလက်မှတ် (ဝိမ်တိမ်) ထိုးခိုင်းပြီး အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။ ဒါအပြင် ရပိုင်ခွင့် ဖြတ်တောက်မဲ့ အစီအစဉ်ကိုပါ အတင်းအကျပ် လက်မှတ်ထိုးခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တလကို ဂိတ်ပတ် ၆ နာရီထင်ကျော်ရင် ရက်မှန်ကြေး ဖြုတ်မယ်ဆိုပြီးလည်းပါတယ်။ အဲလို အချက်တွေကို သဘောတူတယ်ဆိုရင် လက်မှတ်ထိုးလို့ ပြောတယ်။ အလုပ်သမားတွေက မထိုးကြဘူး။ အဲဒါကို အောစူပါ ငါးယောက်ရယ်၊ လိုင်းစူပါတွေက အတင်းအကြပ်ထိုးခိုင်းတာ၊ ထိုးလည်း ဖြတ်မယ်၊ မထိုးလည်း ဖြတ်ဆိုပြီး ခြိမ်းခြောက်တာ” လို့ ပြောပါတယ်။
 
စက်ရုံအတွင်း WCC အဖွဲ့ ဖွဲ့စည်းထားပေမဲ့ အလုပ်သမားကိုယ်စားလှယ်တွေက ကြီးကြပ်ရေးမှူးတွေ ဖြစ်တာကြောင့် အလုပ်သမားတွေ အခက်အခဲကို ဖြေရှင်းပေးတာ မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
Sheng Mei Garment အထည်ချုပ်စက်ရုံက ရန်ကုန်မြို့ ဝါးတရာစက်မှုဇုန်၊ အောင်ချမ်းသာလမ်းမှာ ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားတယ်လို့ DICA ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ စက်ရုံအတွင်း လုပ်သား ၈၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ သိထားရပါတယ်။
Photo - Google Map

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026