NEWS

Shein Lee အထည်ချုပ် အချိန်ပိုမဆင်းလို့ ဆဲဆို

CoverLogo
28 Views
 
Shein Lee Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက အချိန်ပို အတင်းကျပ် ဖိအားပေးဆင်းခိုင်းပြီး မဆင်း နိုင်တဲ့ အလုပ်သမားတွေကို ဆဲဆိုတယ်လို့ ပြောပါတယ်။ အချိန်ပိုဆင်းခိုင်းတာက တညတလေ မဟုတ်ဘဲ ပိတ်ရက်မရှိ လုပ်ကိုင်ခိုင်းနေတာလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောထားတာပါ။
“အောစူပါ၊ စူပါ၊ လီတာတွေက အထည်အရေးကြီးတယ်ဆိုပြီး ဖိအားပေးတယ်။ မဆင်းနိုင်လို့ အကျိုးကြောင်း ပြောပြတော့ လူကြားထဲမှာ အောဟစ်၊ ဆဲဆိုနေတာလို့ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က တနင်္ဂနွေတိုင်းကို ပိတ်ရက်မရှိ အချိန်ပို ဆင်းခိုင်းတဲ့အပြင် ကြားရက်ဖြစ်တဲ့ တနင်္လာနေ့ကနေ သောကြာနေ့ အတွင်းမှာလည်း အောနိုက်၊ အောလင်း အချိန်ပိုတွေဆင်းပေးရတဲ့လို့ သိရပါတယ်။ ဒါ့အပြင့် ညပိုင်းအချိန်ပို ဆင်းတဲ့ အလုပ်သမားတွေမှာ နောက်မနက်မှာ နားခွင့်မရဘဲ ပုံမှန်အလုပ် ပြန်ဆင်းရတယ်လို့ ပြောပါတယ်။
“ဆဲတာတွေကို ပြန်ပြောလို့မရဘူး ။ အချိန်ပိုဆင်းတာ် ကိုယ့်သဘောနဲ့ကိုယ်ပါ ဆိုပြီး လက်မှတ် အတင်းထိုးခိုင်းတယ်၊ အလုပ်သမားရုံးက စစ်တော့ အလုပ်သမားတွေကပဲ အိုတီပေးဖို့ တောင်းဆိုလို့ ခေါ်ပေးရသလို ပြောနေတော့တာ၊ အချိန်ပိုလုပ်ရတော့ ဖယ်ရီ စီစဉ်မပေးဘူး။” လို့ ပြောပါတယ်။
 
ကြိုပို့ စီစဉ် မပေးလို့ အလုပ်သမားတွေမှာ ကိုယ်ပိုင်အစီအစဥ်နဲ့ သွားလာရပြီး ခရီးစရိတ်အတွက် အချိန်ပို ဆင်းပေးရသလို ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က ထမင်းဖိုး ဆိုပြီး ကျပ် ၃၀၀၀ ကို လက်ငင်းထုတ်မပေးလို့ အကြောင်းကြောင့် ညစာ မစားရဘဲ အချိန်ပို ဆင်းရတာတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်းခွင်အတွင်းက နိုင်ငံခြားသားတွေက အောစူပါတွေကို အလုပ်သမားအားကို အကျဉ်းသားသဖွယ် ဆက်ဆံ စောင်ကြည့်ခိုင်းထားတယ်လို့လည်း ဆက်ပြောပါတယ်။
 
“ဖုန်းတွေလည်း စက်ရုံက သိမ်းထားတယ်၊ ဒါက ဘယ်လိုမှ အဆင်မပြေတာ၊ နားချိန်တောင် ကိုင်လို့မရဘူး ၊ မိသားစုဝင်တွေ တခုခု ဖြစ်ရင် ဘယ်လို သိနိုင်မလဲ၊ ကိုယ်ချင်းစာစိတ်မရှိတာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
အလုပ်သမားတွေမှာ လူမှုဖူလုံရေးကြေး လစဥ် ထည့်ဝင်ပေမဲ့ စက်ရုံဘက်က ဆေးခွင့် ကန်သတ်ပြီး ဘဲ အတင်းအကျပ် အလုပ်ဆင်းခိုင်းတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“လူမှုဖူလုံရေးဆေးခန်းသွားပြလို့ ဆရာဝန်က အနားယူဖို့ လိုတယ် ခွင့် ၃ ရက်ဆိုရင် ဆေးခွင့် တစ် ရက် ပဲ ပေးတယ်။ စူပါ၊ လီတာတွေလည်း နောက်နေ့အလုပ်လာ ဆင်းဆိုလို့ နေမကောင်းဘဲ အလုပ် ဆင်းခဲ့ရတယ်” လို့ ပြောပါတယ်။
လုပ်ငန်းခွင်ထဲတွင် ဆေးပေးခန်းရှိပေမဲ့ ဆေးဝါးမလုံလောက်ဘဲ သူနာပြုရဲ့ မျက်နှာဆူပုတ်ပြီး အော်ဟစ်တာ ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အရေးကြီးကိစ္စနဲ့ နေမကောင်းလို့ ဂိတ်ပတ်စ်တောင်းလည်း အောစူပါ၊ စူပါ၊ လီတာတွေက လုံးဝ မပေးတဲ့ အပြင် အော်ဟစ်ဆဲဆိုတယ်လို့ သိရပါတယ်။
 
“ ဆဲတာတွေက နေရာတိုင်းမှာရှိနေတယ်၊ အထည်စံချိန်မရလို့ အောစူပါ၊ စူပါ၊ လီတာတွေက ဆဲတယ်။ အလုပ်သမားတွေမှာ ရေထ မသောက်ရဲ၊ အိမ်သာ မရဲဘဲ ချုပ်ပေးရတယ်၊ မအောင့်နိုင်လို့ သွားရင်တောင် နောက်က လိုက်ခေါ်ခိုင်းတယ်၊” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲတွင် အသက်မပြည့်တဲ့ ၁၄/ ၁၅အရွယ် အလုပ်သမားတွေကို လူကြီး အလုပ်သမားတွေနဲ့ တန်းတူ ခိုင်းစေနေတဲ့အပြင် နေစားအလုပ်သမားတွေ လုပ်သက် ၃ လပြည့်လည်း အထည်ပြုခန့်ထားတာ မရှိလို့ နစ်နာနေရတယ်လို့ ပြောပါတယ်။
 
“နေ့စားဆိုတာ ခွင့်လည်းမရ၊ တခြားအလုပ်သမားတွေလို အခွင့်အရေးမရဘူး၊ လစားခန့်ရင် လူမှုဖူလုံရေး သွင်းပြီး အခွင့်အရေးတွေရနိုင်တာပေါ့၊ အခုတော့၊ မှတ်ပုံတင်မိတ္တူ လိုင်စင်ပုံ ဓာတ်ပုံသုံးပုံတောင်းပြီး အလုပ်လိုရင် ခေါ်ခိုင်းတယ်၊ မလိုရင် ထုတ်လိုက်တာပဲ ။ “ လို့ ပြောပါတယ်။
 
နေ့စား အလုပ်သမားတွေက ကျွမ်းကျင် အလုပ်သမားတွေဖြစ်ပေမဲ့ နေစားအဖြစ် ခိုင်းစေပြီး အထည်ပြုခန့်ထားမပေးဘဲ အောစူပါ၊ စူပါ၊ လီတာတွေရဲ့ သဘောအတိုင်း အလုပ်က ထုတ်နေတာလို့ အလုပ်သမားတွေက ပြောထားပါတယ်။
"စက်ရုံ ကြိုပို့ကားမှာ အမျိုးသမီးအလုပ်သမားတွေ တွဲစီးရတယ်။ မန်နေဂျာလည်း ဒါကို သိတယ်။ WCC လည်းသိတယ်။ စီစဉ်ဆောင်ရွက်ပေးတာတော့ မရှိဘူး” လို့ ပြောပါတယ်။
 
Shein Lee Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုနမြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ကနောင် မင်းသားကြီးလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်ပါတယ်။ လက်ရှိ အလုပ်သမား ၇၀၀ ကျော်က WearGuard, Vestis, Craft,Tuff Athletlcs တံဆိပ်အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Delo Myanmar garment စက်ရုံ စူပါများ လစာအစွန်းထွက် ဖြတ်ယူနေ
Feb 27, 2026
Cover
G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး တောင်းဆိုမှု ညှိနှိုင်း ပြီးဆုံး
Feb 27, 2026
Cover
လုပ်သက်ခံစားခွင့် ရက်ပုံသေသတ်မှတ်လို့ Dooriga Global Garment အလုပ်သမားများနစ်နာရ၊ လုံခြုံရေးများ ခန္ဓာကိုယ်စမ်းပြီး ဖုန်းစစ်
Feb 27, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026